Post ၁၀၀ မြောက် အကျွေးအမွေး
အခု Post လေးက ၁၀၀မြောက် Post လေးပါ
လာလည်တဲ့လူတွေကို ရှယ်ကျွေးမယ် အ၀စားနော် :D
အမျိုးစုံလင် ရသာပေါင်းစုံ ရှယ် အီသွားစေရမယ်
မောင်ဝေယံ ဟင်းတွေပြင်နေတုန်း အချိန်ဖြုန်းဖို့
အပေါ့စား စားစရာလေးတွေ အဆာပြေစားထားနှင့်နော်
ကော်ပြန့်ကြော်လေးရယ် ပုဇွန်လုံးလေးတွေရယ် ပီကင်းဘဲကင်ရယ်
သုံးမျိုးပေါင်းထားတာပါ Chef ' Special Combo ပေါ့ဗျာ :D ကြက်သားလုံးကြော်လည်းရှိတယ် အားမနာနဲ့ စားသာစား
ဒါက ဘဲဆီဖတ်ကြော် ကော်မှုန့်ကပ်ပြီး အကြွပ်ကြော်ထားတာ
သတ်သတ်လွတ်သမားတွေကတော့ ဗီယက်နမ်ကော်ပြန့်စားသွား
သတ်သတ်လွတ် သခွားသီး မုန်လာဥနီ ပူစီနံ ကြာဇံ ဆလပ်ရွက် အစာသွပ်ထားတယ်
ဟင်းချိုမတိုက်တော့ဘူး တစ်ခါတည်း အရည်ပါပါတယ် Hot Pot (Steam Boat) ကျွေးမယ်ဗျာ
စိတ်ဆိုးမလားမသိဘူး :Dအမဲသား ဘဲသား ကြက်သား ငါး ပုဇွန် ပြည်ကြီးငါး ဟင်းသီးဟင်းရွက်စုံစုံလင်လင်ပြင်ထားတယ်
အ၀စား မ၀ရင်လည်းထပ်မတောင်းနဲ့နော် :D စတာ
သတ်သတ်လွတ်စားမယ်ဆိုရင် ပဲပြားကြော်မုန်ညှင်းရိုးပေါင်းကို မှိုနဲ့ ကော်ရည်လောင်းထားတယ်
ထမင်းမပါမပြီးဆိုသူတွေ ထမင်းကြော်စား
အချိုပွဲက မပါမပြီး ငှက်ပျောကြော်ကိုနှမ်းစေ့ကပ်ထားတယ် စားကောင်းတယ် ရေခဲမုန့်ကလက်ဆောင်
သီးစုံ ဆူရှီး Fruit Nigiri ပေါ့ ဆူရှီးထမင်းကို သကြားများများထည့်ပြီးနယ်ထားတယ်
ချိုချဉ်လေး အအီပြေတယ်
အားလုံးပြီးလို့ ရေမတိုက်တော့ဘူးဆို ကျနော့်ကိုစိတ်ဆိုးမှာပေါ့နော်
ရေရှိပါတယ် ရေကျက်အေးပါ စပါးလင်လေးနဲ့ သကြားနည်းနည်းလေးထည့်ကျိုထားတယ်
ချိုချိုမွှေးမွှေးလေး အဆင်ပြေမယ်ထင်ပါတယ်အားလုံး စားပြီးလို့ ဗိုက်တင်းပြီး မပြန်နိုင်ရင် တာဝန်မယူဘူးနော် :D
မောင်ဝေယံ ခဏနှတ်ဆက်ပါတယ် အွန်လိုင်းကို မတတ်နိုင်သေးပါဘူး
အိမ်လည်မလာနိုင်ရင်ခွင့်လွတ်ပါ ဒီဟင်းပွဲတွေပြင်တာ အကြံခဏကုန်သွားပါတယ်
နားရက်ယူသွားပါတယ် ပြန်လာရင်ပြန်တွေ့ပါမယ် ပျော်ရွှင်ကြပါစေ