လက်တလောမောင်ဝေယံ၁ယောက်

သေလောက်အောင် အလုပ်များနေပါတယ်
အလုပ်သစ် နေရာသစ်မှာ ဟိုတယ်အသစ်၁လုံးမှာလုပ်နေပါတယ်
ဟိုတယ်ကအခုမှစဖွင့်မှာပါ လူရော ဦးနှောက်ပါချောင်ကျနေပါတယ်
မီးဖိုချောင်ကိုဆောက်လက်စကနေစပြီး ဟင်းချက်လို့ရအောင်အထိ
သုညကနေစပြီးလုပ်နေရတာပါ ကျနော့်ရဲ့ ပထမဆုံးအတွေ့အကြုံပါ
ဘလောက်တွေလည်း မဖတ်နိုင်ပါဘူး တနေ့ ၁၅နာရီ အလုပ်ထဲမှာပါ
အားရင်အားသလိုရေးသွားပါ့မယ် အင်တာနက်ရတာမကြာသေးပါဘူး
လာလည်တာကျေးဇူးတင်ပါတယ်....အိမ်မလည်ဖြစ်တာကိုလည်းခွင့်လွှတ်ပါ
တကယ့်တကယ်မအားလို့ပါ ကျေးဇူးအများကြီးတင်ပါတယ်.......

Tuesday, May 26, 2009

ကော်ရည်ခေါက်ဆွဲ











ကော်ရည်ခေါက်ဆွဲကျွေးချင်ပါတယ် နည်းနည်းတော့အလုပ်ရှုပ်ပါတယ်
မိသားစုနဲ့ ဒါမှမဟုတ် သယ်ရင်းတွေစုံချိန်ချက်စားရင်ကောင်းပါတယ်
Horfan လို့ခေါ်တယ် Kwat-Teow ခေါက်ဆွဲဖတ်သုံးတာ ဒီမှာ မသုံးလို့
အသေးနဲ့ပဲရေးလိုက်တယ် ခေါက်ဆွဲကိုဒယ်အိုးမှာ ဆီနည်းနည်းနဲ့ လှိမ့်ပါ
ပဲငံပြာရည် အချို နည်းနည်းထည့်ပါ ပုံမှာပြသလိုမျိုးရလာပါမယ်
ခေါက်ဆွဲက နည်းနည်း မာလာမယ် တူးလာမယ် တူးအောင်တော့မကြော်ပါနဲ့
ခေါက်ဆွဲတွေလုံးသွားရင်ရပါပြီ အသီးအရွက်တွေပြင်ထားပါ ပုံမှာပြထားတဲ့အရွက်တွေပါ
စာနဲ့ဆိုရှုပ်လို့ ကျနော်ပုံနဲ့ပြတာပါ အိုး၁လုံးမှာ အသီးအရွက်တွေကိပြုတ်ပါ အသားက ကြက်သား
ကြိုက်တာသုံးပါ ကျနော်က ကြက်သားနဲ့နမူနာပြတာပါ Seafood လည်းသုံးနိုင်ပါတယ်
ပြီးရင် ပန်းကန်မှာစီထည့်ပါ မစီချင်လည်းရပါတယ် ဆိုင်မှာဆိုတော့ လှအောင်စီတာပေါ့ :D
ကော်ရည်ကြိုပါမယ် ကြက်ပြုတ်ရည်မှာ ပဲငံပြာရည် အချို ၁ဇွန်းခွဲ အကြည် ၁ဇွန်း ခရုဆီ ၂ဇွန်း
ဆား သကြား အချိုမှုန့်က လက်ဘက်ရည်ဇွန်း ၀က်စီလောက်ထည့်ပေးပါ နှမ်းဆီ နည်းနည်း
ပြီးရင်ဆူအောင်တည်ပါ ဆူလာရင် ကော်မှုန့်ကိုရေဖျော်တာထည့် ကော်ဆွဲပါ ပျစ်လာအောင်ဆွဲပါ
ကော်မှုန့်ရေဖျော်ကိုလောင်းထည့်နေတဲ့အချိန် ယောက်မနဲ့မွှေပေးပါ ၁နေရာထဲမပျစ်နေအောင်
ကော်မှုန့်ငိုလည်းဘာသုံးရမယ်ဆိုတာပြထားပါတယ် လုပ်စားကြည့်နော် ခက်နေရင်လည်းခွင့်လွှတ်
စာရေးမကောင်းတဲ့မောင်ဝေယံလေးကို :D

4 အဲ့လိုပြောထားတယ်:

မိုးကောင်းသူ said...

ဒီနေ့ နေမကောင်းတာနဲ့အတော်ပဲ စားသွားပြီ။

Thinzar said...

မလေးရှားမှာ ကွေ့တရို ကွန်ဖူး (Kue Teow Kungfu) ဆိုပြီးခေါ်တယ်။ အဲဒီ ကော်ရည်ကြိုနည်းကို သိချင်နေတာ.. အခုလို ရေးထားပေးတော့လည်း လွယ်သလိုဘဲ။ ဒီတစ်ပါတ် ပိတ်ရက်ကြရင် လုပ်စားရမယ် :)

Sophia said...

ဂွတ်မှ ဂွတ်... အမြဲလာစားမယ်နော်။

ဆည်းဆာသံစဉ် said...

ရှလွတ်!!!!! ရှလွတ်!!!!!မြင်တာနဲ့ တင် သရေကျနေပြီဗျာ..:P..။ အခုလောလောဆယ်တော့ ဒါလေးတွေပဲ အမြင်နဲ့  အ၀တီးသွားတယ်ဗျို့ ..:P ။ ပျော်ရွှင်ပါစေဗျာ..။