လက်တလောမောင်ဝေယံ၁ယောက်

သေလောက်အောင် အလုပ်များနေပါတယ်
အလုပ်သစ် နေရာသစ်မှာ ဟိုတယ်အသစ်၁လုံးမှာလုပ်နေပါတယ်
ဟိုတယ်ကအခုမှစဖွင့်မှာပါ လူရော ဦးနှောက်ပါချောင်ကျနေပါတယ်
မီးဖိုချောင်ကိုဆောက်လက်စကနေစပြီး ဟင်းချက်လို့ရအောင်အထိ
သုညကနေစပြီးလုပ်နေရတာပါ ကျနော့်ရဲ့ ပထမဆုံးအတွေ့အကြုံပါ
ဘလောက်တွေလည်း မဖတ်နိုင်ပါဘူး တနေ့ ၁၅နာရီ အလုပ်ထဲမှာပါ
အားရင်အားသလိုရေးသွားပါ့မယ် အင်တာနက်ရတာမကြာသေးပါဘူး
လာလည်တာကျေးဇူးတင်ပါတယ်....အိမ်မလည်ဖြစ်တာကိုလည်းခွင့်လွှတ်ပါ
တကယ့်တကယ်မအားလို့ပါ ကျေးဇူးအများကြီးတင်ပါတယ်.......

Monday, May 4, 2009

မနက်စာအတွက်


မနက်စာ စားမယ်ဆို ဒါလေးကသင့်တော်ပါတယ်
အဆီနည်းတယ် ကျန်းမာရေးညီညွတ်တယ်
လွယ်ပါတယ်
ကညွတ်ရေနွေးဖျော ကြက်ဥ ရေစပ်စပ်နဲ့ပြုတ်တာပါ(poached egg)
ကျနော်မြန်မာလိုသေချာမပြောတတ်ပါဘူး
kitchen အခေါ်ကတော့ poached ပါ
သင်တန်းမှာပြောတာက ရေစပ်စပ်ဖြင့်ပြုတ်၍ချက်သောဟင်းချက်နည်းပါ (poaching)
ကညွတ် အနည်းငယ် ယူပါ အရိုးပိုင်းကိုဖြတ်ပါ
ရေနွေးပူပူမှာ ၂မိနစ်လောက်စိမ်ပါ ပြီးရင်ဆယ်ထားပါ
နောက် ရေနွေး ၁အိုးတည်ပါ ဆူလာရင် မီးလျော့လိုက်ပါ
ဖြေးဖြေးခြင်းပွက်နေပါစေ
ရှာလကာရည် စားပွဲဇွန်း ၃ဇွန်းလောက်ထည့်ပါ ရေထဲကို
ပြီးရင် ကြက်ဥကိုဖောက်ပြီးဖြေးဖြေးလေးထည့်လိုက်ပါ ပုံထဲကလိုမျိုးရပါမယ်
ဆီမပါလို့ ကျန်းမာရေးနဲ့ညီညွတ်ပါတယ် စားလို့ကောင်းမှာပါ
အနှစ်က မဖောက်နဲ့နော် ပုံမှာက လှအောင် နောက် အရောင်ရအောင်
မကောင်းရင်လည်း မောင်ဝေယံ ညံ့တာကိုခွင့်လွတ်ပါဗျာ
ဒါလေးက poached egg ပါ ရှာလကာရည်ပါတဲ့ရေနွေးမှာပြုတ်ထားတာ
ရှာလကာရည်က ကြက်ဥ မပြန့်သွားအောင်ထိန်းပေးတယ်လေ လှလှလေးဖြစ်နေရော
ကညွတ်တွေလေ အရိုးပိုင်းဖြတ် ရေဆေး ပြီးတော့ ရေနွေးဖျော စားကြနော် အားမနာနဲ့

6 အဲ့လိုပြောထားတယ်:

Anonymous said...

ဘယ်နှစ်မျိုးကျွေးဖို့ အစီစဉ်ရှိလဲဟင်
စောင့်နေမလို့ ပါ

နွေးနေခြည် said...

မစားဖူးဘူး
ပုံကြည့်ရတော့ နည်းနည်းလေး မ၀ဘူး။ နောက်တပွဲဗျို့

yehtutnaung said...

မင်းအတွက် >> မနက်စာအတွက်.. ဆိုလို့  မစားဖူးတာ လာစားသွားပါတယ်။ :P

စူးနွယ်လေး said...

ကညွတ် ရေနွေးနဲ့ ၂မိနစ် မဖြောတတ်ဘူး။ မာနေသေးတယ်လို့ပဲ ထင်နေတယ်။ အမြဲ လက်လွန်လွန်သွားတယ်။

Thinzar said...

လာဖတ်သွားပါတယ်။ ကိုယ်စားချင်တဲ့ ဟင်းတော်တော်များများ ချက်နည်းတွေကို ကူးသွားပါတယ်။ :)

ဖြိုးဇာနည် said...

ညသန်းခေါင်မှာ လာစားသွားပါတယ့်
ဗိုက်ဆာနေတာနဲ့အတော်ပဲ့ဟီးဟီး