လက်တလောမောင်ဝေယံ၁ယောက်

သေလောက်အောင် အလုပ်များနေပါတယ်
အလုပ်သစ် နေရာသစ်မှာ ဟိုတယ်အသစ်၁လုံးမှာလုပ်နေပါတယ်
ဟိုတယ်ကအခုမှစဖွင့်မှာပါ လူရော ဦးနှောက်ပါချောင်ကျနေပါတယ်
မီးဖိုချောင်ကိုဆောက်လက်စကနေစပြီး ဟင်းချက်လို့ရအောင်အထိ
သုညကနေစပြီးလုပ်နေရတာပါ ကျနော့်ရဲ့ ပထမဆုံးအတွေ့အကြုံပါ
ဘလောက်တွေလည်း မဖတ်နိုင်ပါဘူး တနေ့ ၁၅နာရီ အလုပ်ထဲမှာပါ
အားရင်အားသလိုရေးသွားပါ့မယ် အင်တာနက်ရတာမကြာသေးပါဘူး
လာလည်တာကျေးဇူးတင်ပါတယ်....အိမ်မလည်ဖြစ်တာကိုလည်းခွင့်လွှတ်ပါ
တကယ့်တကယ်မအားလို့ပါ ကျေးဇူးအများကြီးတင်ပါတယ်.......

Showing posts with label ပေါက်ကရစာများ. Show all posts
Showing posts with label ပေါက်ကရစာများ. Show all posts

Monday, October 12, 2009

မင်္ဂလာပါ

မင်္ဂလာပါ သူငယ်ချင်း အစ်ကို အစ်မ ညီ ညီမများ :P
ကျနော့်အိမ်လေးကို ပစ်ထားတာ ၃လကျော်သွားပါပြီ
ပစ်ချင်လို့မဟုတ်ပါဘူး အလုပ်သစ် နေရာသစ်ကိုပြောင်း
မပြောင်းခင်လေးမြန်မာပြည်ပြန်...အရင်အလုပ်ကသယ်ရင်းတွေပြန်တွေ့
အလုပ်သစ်အတွက်ပြင်ဆင် ရှုပ်နေတာပဲနော် :P
ဗရုတ်သုတ်ခ မောင်ဝေယံလေ အရာရာနဲ့အကြောင်းကြောင်း
မြန်မာပြည်မှာ ၂၁ရက်နေ နောက်တော့ အာရပ်ပြည်ကိုပြန်လာ
ကျနော့်အလုပ်သစ်က ကျနော့်ကို စိန်ခေါ်တာပြင်းတယ်
ဟိုတယ်က ဆောက်လုပ်ဆဲ လုပ်ငန်းခွင်ပဲရှိသေးတယ်
မီးဖိုချောင်ထဲမှာဆိုလည်း ဘာမှမရှိဘူး စားသောက်ဆိုင်၅ခု
ဘာဆိုဘာမှမရှိဘူး အဲ့တာကနေစ အခုနောက် ၅ရက်ဆို ဟိုတယ်ဖွင့်ပါပြီ
မောင်ဝေယံတို့ အလုပ်ကအသစ် နိုင်ငံကအသစ် အင်တာနက်ကမရှိ
မျက်စိသူငယ် နားသူငယ်နဲ့ ၃လလောက် ဘလောက်ကိုပစ်ထားလိုက်ရတယ်
မြန်မာပြည်မှာဆိုလည်း ဘမ်းထားတော့ ၀င်မကြည့်နိုင်ဘူး
ကျနော့်ကိုလာနှတ်ဆက်တဲ့ သူငယ်ချင်းတွေကိုကျေးဇူးတင်ပါတယ်
မေးထားတာတွေကိုလည်း ဖြေပါမယ် အားလုံးကိုနှတ်ဆက်ပါတယ်
မင်္ဂလာပါ မမြူးတို့ မမိုးကောင်းသူတို့ ကိုသီဟသစ်တို့ မောင်ဝေယံ ပြန်လာပါပီ
ပေါက်ကရတွေရေး ပေါက်ကရတွေပြန်ချက်ပါတော့မယ်........
ချက်မယ်ဆိုပေ့မယ် အချိန်နည်းနည်းတော့ပေးပါ
ဟိုတယ်ဖွင့်ပြီး ၂ပတ်တိတိ နားရက်မရှိသေးပါဘူး
ဆိုင်တွေအကုန် အထိုင်ကျမှ စနားရမှာပါ
အလုပ်မှာနေ အလုပ်မှာစားတဲ့အချိန်ကများပါတယ်
အချိန်ရတာနဲ့ရေးမှာပါ
စီပုံးက မလုလုနဲ့ တယ်ရင်းတွေ ဘာချားမလည်းကျော အကုန်ချက်ကျွေးမယ်
အားလုံးကိုပေါက်ကရတွေပြောလိုက်ရလို့ကျေးဇူးတင်ပါတယ်
ဘာရယ်မဟုတ်ဘူး ဘလောက်ကိုလွမ်းလွန်းလို့ ၀င် Post တာ.....
မကြာမှီ လာမည် မျှော်...... :P :D :P

Saturday, June 6, 2009

နှတ်ဆက် Post

လောလောဆယ် ဘာမှမရေးဖြစ်ပါဘူး
နောက်လကုန် ရန်ကုန်ပြန်ဖို့ ပြင်ဆင်နေပါတယ်
အလုပ်ကနေထွက်စာတင်ဖို့ လေယာဉ်လက်မှတ်ဝယ်ဖို့
ရန်ကုန် ပြန်ရောက်ရင်လုပ်ရမယ့်အလုပ်တွေအတွက်ပြင်ဆင်
နောက်ပြီး ဘာတွေလည်းမသိတော့ပါဘူး
သိတာတစ်ခုက ကျနော် နောက်လဆို ရန်ကုန်ပြန်ပါပြီ
လိုအပ်တဲ့ သင်တန်းတွေတတ် ပြီး နောက်ဟိုတယ်တစ်လုံးကိုပြောင်းပါမယ်
အချိန်တော့ပေးရမှာပေါ မြန်မာပြည်ရောက်ရင် အိမ်လည်လာနိုင်တော့မှာမဟုတ်ပါဘူး
စောတော့စောသေးပါတယ် ဒါပေမယ့် အခုကတည်းက ကြိုနုတ်ဆက်ထားတာပါ
အနားနီးမှဆို အချိန်မလောက်မှာကြောက်လို့
အချိန်ရရင် ရသလို ရေးပါမယ် လာမလည်နိုင်တာကိုလည်းခွင့်လွတ်ပါ
တာ့တာ့ ခင်မင်ရသော အစ်ကို အစ်မများ
ကျနော့် Post ၁၀၀ မြောက်လေးကို အားပေးတာကျေးဇူးပါ
ကျနော် မရပ်ပါဘူး ဆက်ရေးမှာပါ
အလုပ်ကိစ္စတွေစီစဉ်ပြီးရင် ပြန်ရေးပါမယ်

Monday, May 18, 2009

ပေါက်ကရစာများ-၆

ဒီပေါက်ကရစာတွေ မရေးတာကြာပါပြီ
ခုရေးမှာ ဘာရယ်မဟုတ်ပါဘူး ကျနော်ကြောက်တာတွေပါ
ကျနော် ၁ယောက်တည်းနေရမှာကြောက်ပါတယ်
ပတ်ဝန်းကျင်နဲ့ အဆက်အသွယ်ဖျက်ပြီး ၁၉နှစ်လောက်နေရမှာကြောက်ပါတယ်
အိမ်၁လုံးထဲမှာပဲ ငြိမ်ငြိမ်လေးနေရမှာကြောက်ပါတယ်
လုပ်ချင်တာတွေ မလုပ်ရမှာကြောက်ပါတယ်
တာလပေါ့ဟင်း ခဲစိမ်ရေ သောက်ရမှာကြောက်ပါတယ်
ကိုယ့်ကို အနိုင်ကျင့်တာကိုကြောက်ပါတယ်
မဟုတ်မဟတ် လုပ်ဇာတ်တွေနဲ့ လူတွေအပြောခံရမှာကြောက်ပါတယ်
ကြောက်တာတွေအများကြီးပါ အဲ့လိုကိစ္စတွေကိုမကြောက်တဲ့လူကို
ကျနော် အရမ်းလေးစားတာပဲ စိတ်ဓါတ်ပိုင်းဆိုင်ရာ ကြံခိုင်မှု
ရုပ်ပိုင်းဆိုင်ရာကြံခိုင်မှု အဲ့တာတွေကို လေးစားပါတယ်
မောင်ဝေယံက ကြောက်တတ်ပါတယ် အင်မတန်ကိုကြောက်တတ်တာပါ
:D ကျနော်ပေါက်ကရတွေရေးတာ ခွင့်လွတ်ပါ
ဒီစာ က ကျနော်ပေါက်ကရရေးထားတာပါ
နားလည်ပေးပါနော် :D တလက်စတည်း
အကိုအမတွေ လာမလည်နိုင်သေးတာခွင့်လွတ်ပါ
မနက်ဖြန်မှ ကောင်းကောင်းလာလည်ပြီး အတိုးချဖတ်တော့မယ်နော်
တာ့တာ ဒီနေ့တော့ ကွန်က စုတ်နေတယ် သုံးလို့မကောင်းဘူး

Thursday, May 14, 2009

နိုးဆာဟင်း

နိုးဆာ ဟင်းဆိုတာ တော်တော်ထူးဆန်းပါတယ်
မောင်ဝေယံ ဖန်ထားတဲ့အကြံအဖန်ပါ နည်းနည်းရှင်းပြမယ်နော်
တနေ့က မောင်ကောင်းထိုက်စာအုပ်ဖတ်ပါတယ်
ဟာသတပုဒ် သဘောကျလို့မှတ်ထားတယ် ချူချာဟာသပါ
အတိုချုံးပြီးပဲပြောပြပါ့မယ် မူရင်းကတော့ မောင်ကောင်းထိုက် ၁၃ မှာရှိပါတယ်
မုဆိုးတွေတောလိုက်ပြိုင်ပါတယ် အာဖရိကမှာပါ ရုရှားက ကိုချူချာကိုလွတ်ပါတယ်
ဒိုင်လူကြီးတွေက ရေမြင်းနဲ့ရေကြံ့ကလွဲလို့ကျန်တာပစ်နိုင်ပါတယ်လို့စည်းကမ်းထုတ်ပါတယ်
မုဆိုးတွေ သားကောင်ပစ်ထွက်ကြပါတယ် ၁နေကုန်သွားတယ်
ပြန်လာတော့ သူတို့မိတာတွေပြောကြတာပေါ ဘာ ဘယ်နှစ်ကောင်ပစ်နိုင်တယ်
ချူချာကပြောပါတယ် ကျနော် နိုးဆာ ၇ ကောင်တိတိ ပစ်နိုင်ခဲ့တယ်တဲ့
ဒိုင်လူကြီးတွေ ဦးနှောက်ခြောက်သွားပါတယ် သူတို့ နိုးဆာ ဆိုတာ မကြားဖူးပါဘူး
ဘာကောင်လည်းသိရအောင် နောက်၁နေ့မှာ ချူချာနောက်တိတ်တိတ်လေးလိုက်ကြည့်ပါတယ်
ချူချာတောထဲဝင်ပါတယ် တောထဲမှာ သားကောင်ရှာနေတုန်း
တောထဲက ခြုံပုတ်ထဲကနေ ကပ္ပလီ နီဂရိုး၁ယောက် ထွက်လာပါတယ်
ချူချာကမေးပါတယ်
မင်း ရေမြင်းလားကွ
နီဂရိုးက
No Sir
ချူချာကမေးပြန်ပါတယ်
ဒါဆို ရေကြံလားကွ
ကိုနီဂရိုးက
No Sir
ချူချာက ဘာမှမပြောပါဘူး ဒိုင်းခနဲ ပစ်ထည့်လိုက်ပါတယ် :D
အဲ့တာ နိုးဆာ ကောင်ပါပဲ ကျနော်ချက်မှာ လူသားဟင်းတော့မဟုတ်ပါဘူး
လက်တလော အလုပ်အသစ် ကိစ္စ နည်းနည်ရှုပ်နေလို့ No Sir ဆိုတာလေးနဲ့တောင်းပန်တာပါ
မောင်ဝေယံ နည်းနည်း အလုပ်ရှူပ်နေပြန်ပါတယ် :D တစ်လမှာ ရက် ၂၀ က အလုပ်ပိနေတာပါ
တောင်းပန်ပါတယ် ခွင့်လွတ်ပါ လောလောဆယ် နိုးဆာဟင်းလေးပဲစားသွားပါ
မူရင်းဖတ်ချင်ရင် မောင်ကောင်းထိုက် ဟာသပဒေသာအမှတ် ၁၃ စာမျက်နှာ ၃၁၁
အဲ့ဒီ့မှာဖတ်နိုင်ပါတယ်

Saturday, May 9, 2009

Buffet



မောင်ဝေယံက Buffet ချက်ရပါတယ် အရင်ကတည်းကချက်တာပါ
ဘာရယ်မဟုတ်ဘူး စိတ်ကူးပေါ်လာလို့တင်လိုက်တာ
ကျနော်တို့ဘယ်လိုချက်လည်းသိစေချင်လို့ပါ
ကြည့်ကြည့်နော် ဝေဖန်ကြည့် အပေါ်က ခေါက်ဆွဲကြော်
အောက်က Sziechum Beef နည်းနည်းချဉ်စပ်လေး
အမြဲတမ်း ဒီလို ဒယ်အိုးတွေနဲ့ချက်တာပါ ပင်ပန်းတယ်
A La Carte လောက်ပဲ ဒယ် အသေးလေးနဲ့ ကြော်တာပါ
Buffet ကတော့ ဒီဒယ်နဲ့ပဲသုံးတယ် ထမင်းဆိုလည်းဒါနဲ့ကြော်တယ်
ဘယ်လိုနေလည်း ကျနော့်ဘလောက်လာဖတ်တဲ့ အစ်ကို အစ်မတွေ
အကုန်လုံးကို ဒီဒယ်နဲ့ချက်ကျွေးရင်လောက်မယ်ထင်တယ်နော် :D
ပျော်ရွှင်ကြပါစေဗျာ

အမေများနေ့

ဒီနေ့ စာတွေလိုက်ဖတ်ပါတယ် နည်းနည်း အချိန်ရလို့
အကိုတွေ အစ်မတွေ တော်တော်များများ မာတာ မိခင် မားသား မေမေ
post တွေ တော်တော်များများရေးတာတွေ့ပါတယ် မောင်ဝေယံလည်းရေးချင်တာပေါ့
မောင်ဝေယံက တစ်ဦးတည်းသော သားလေး ပါ (ကြွားတာ)
အိမ်ကိုခွဲ ပြီး စီးပွားရှာနေရတာ မေမေ့ကိုလွမ်းပါတယ်
မကြာခင်လည်း အမား(အမေ) ဆီ ပြန်ဖြစ်မယ်လို့ထင်ပါတယ်
ဒီနေ့ချက်ရတာများတယ် ဧည့်သည်များလို့
ဟင်းတွေချက်ရင်း အမေ့ကိုသတိရသေးတယ်
အမေဘာတွေလုပ်နေမလည်း သားကိုရော သတိရရဲ့လား
ဘယ်တော့မှ အဖေ အမေ သား သုံးယောက် အေးအေးချမ်းချမ်းနေနိုင်မလည်း
တွေးရင်းတွေးရင်း မောလာပါတယ် စီးပွားရှာရတာလည်း ပင်ပန်းပါတယ်
မိဝေး ဖဝေး အကုန်ခွဲပြီး လာစွန့်ရတာပါ
စွန့်မှ စားရမှာလေ
ဖြစ်နိုင်ရင်တော့ မိသားစုလေး
အေးအေးဆေးဆေးနေချင်တာပေါ့နော်
( ညည်းတာလည်း ခိုရှုံးလောက်ပါတယ်)
အစ်ကို အစ်မများ အမေများနေ့မှာပျော်ရွှင်ပါစေ
ကိုယ်ချစ်သော မေမေ နဲ့ နေ့ရက်တွေကိုပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေ
ကျနော့်အနားမှာ မရှိတဲ့မေမေလည်း ကျန်းမာပါစေ ပျော်ရွှင်ပါစေ

Wednesday, May 6, 2009

ဖြစ်ရမယ်လေ

ဖြစ်ပါတယ် မောင်ဝေယံ၁ယောက် တော်တော် ဒွတ်ခရောက်ပါတယ်
ဒီနေ့ပေါ့ မှတ်ထားလိုက်ပါတယ် Blog မှာ
တော်တော် စိတ်ညစ်ရတဲ့နေ့ပါ
အသိ ၁ယောက် အဆောင်ပြောင်းတာ လိုက်ကူညီတယ်
ပြီးတော့ စကားတွေပြော ပစ္စည်းတွေရွှေ့ အားလုံးအိုကေ
ပြန်လာတော့ တက္ကစီ စီးပြီးပြန်လာတယ်
ကားပေါ်ကဆင်းတယ် ပိုက်ဆံရှင်းတယ်
အဆောင်ပေါ်တတ်တယ် အခန်းရှေ့ရောက်တော့ စတွေ့တာပါပဲ
သော့က ကားပေါ်ပါသွားတယ်လေ သေရော
ကားဆရာက အိန္ဒိယ လူမျိုးပါ
ကျနော့်အဆောင်ကို ကားပေါ်ကဆင်းခါနီးပြဘူးပါတယ်
လာများပြန်ပေးမလားလို့ စောင့်ပါတယ်
မိုးသာချုပ်သွားတယ် ပေါ်မလာပါဘူး
ပေါ်မလာဇတ်ကားရိုက်သွားပါတယ်
ကျနော်ပေါ့လျော့တာပါ
ပိုက်ဆံအိတ် နဲ့သော့ ဘောင်းဘီအိတ်ခွဲထည့်လိုက်တာ
ခံလိုက်ရပါတယ်
မြန်မာပြည်မှာဆိုရင်တော့ ပြန်ရရင်ရမယ်ထင်ပါတယ်
၁ညနေလုံး ဘေးက အခန်းမှာထိုင် အခန်းဖော်အလုပ်က ပြန်လာတာစောင့်
ည ၁၁ နာရီမှ အခန်းထဲပြန်ရောက်တာပါ
ဘာမှမချက်နိုင်လို့ ထိုင်းဆိုင်မှာသွားစားလိုက်ရတယ်(ကြွားတာ ကြွားတာ :D )
နောက်နေ့တွေမှ ဟင်းချက်နည်းရေးတော့မယ် ဒီနေ့တော့ အကို အမတွေ
မောင်ဝေယံ့အဖြစ်ကို ရီချင်ရီရအောင် ပြောပြတာ :D

Monday, May 4, 2009

လူငယ်သဘာဝ


မောင်ဝေယံက လူငယ်လေးလေ လူငယ်သဘာဝ သောက်တာစားတာရှိတာပေါ ဟီး
ကြော်ငြာဝင်တာနော် :D ဘာရယ်မဟုတ်ပါဘူး
ဘလောက်မရေးဖြစ်တာလေးကိုပြောတာပါ ၂ရက်လောက်ပျောက်သွားတာ
သူငယ်ချင်းတွေ နဲ့ မကောင်းတဲ့ အရေတွေသောက်နေလို့ပါ အရည်သောက်တာ ၁ရက်
ပျင်းတာ ၁ရက် :D ဒါတွေ စားတယ်လေ လူကြုံပါလာလို့
သရက်ချဉ်လေးရယ် ရန်ကုန်ပုဇွန်ခြောက်ရယ် ကျနော်တို့ဆီမှာ မြန်မာစာရှားပါတယ်
မရှိတာကများတယ် လူကြုံရှားတယ်လေ လူစုံလို့ စကားဝိုင်းလေးဖွဲ့ စားစရာလေးစားပေါ့
ပျော်စရာကြီး ၁ခါ၁လေပါ သောက်တယ်ဆိုတာ non alcohol malted drink ပါ
အထင်မလွဲပါနဲ့ဦး :D မမြူးရဲ့ ခေါင်ရည်လုပ်သောက်ဦးမယ် :D မသောက်တာကြာလို့
ဘာရယ်မဟုတ်ပါဘူး ပေါက်ကရ မရေးတာကြာလို့ ရေးကြည့်တာ ပေါကြည့်တာ :D
ခွင့်လွတ်ကြပါ

Tuesday, April 28, 2009

ဒီလိုဒီလို

အကိုအမတွေခင်ဗျားး ဟီးးးးး ကျနော်မောင်ဝေယံ ပေါက်ကရ တွေတင်မိတာခွင့်လွတ်ပါဗျာ
ကျနော်ဒီရက်ပိုင်း အလုပ်မှာ လူပိနေလို့(ဟိုတယ်မှာလူပြည့်)နေလို့ ဘလောက်မရေးနိုင်ပါ
အကိုအမတို့ကိုဧည့်ဝတ်မကျေတာ ရှိရင် ခွင့်လွတ်ပါ ကျနော် လာမလည်တာကိုလည်းခွင့်လွတ်ပါ
ဘယ်လိုမှမတတ်သာလို့ပါ ဧည့်သည်တွေက သမဆိုင်ထက်တောင်များနေပါတယ်
အလှူလိုလာစားနေတာပါ ပင်ပန်းလို့ ဘာမှမလုပ်နိုင်ပါဘူး ဘာမှလည်းမလုပ်ချင်ပါဘူး
ပိနေတဲ့လူတွေ ပြန်သွားရင် ပြန်လာခဲ့ပါမယ် နှူတ်ဆက်ပါတယ် ၁ရက် ၂ရက်လောက်
ခွင့်ပေးပါ :D

Monday, April 20, 2009

နှတ်ဆက်ခြင်း

မင်္ဂလာပါခင်ဗျာ နညိးနည်းလျှာရှည်ပါရစေ
ကျနော်မောင်ဝေယံ၁ယောက် နှစ်သစ်ကူးပြီးကတည်းက
Blog ရေးတာကိုခဏနားရပါတယ် ဘာလို့လည်းဆိုတော့
ကျနော်တို့ မီးဖိုဆောင်မှာလုပ်တဲ့လူတွေရဲ့ဘ၀က သနားဖို့ကောင်းပါတယ်
အိမ်တွေမှာလို ဈေးဝယ် ချက်ပြုတ် ရုံနဲ့မပြီးပါဘူး
မဆီမဆိုင်အလုပ်တွေလည်းလုပ်ရပါတယ်
ဥပမာဆို မီးဖိုဆောင်မှာရှိတဲ့ စားဖိုချုပ်မှူးကြီး (Executive Chef :D)
ဒုတိယ စားဖိုချုပ်မှူးကြီး(Executive Sous Chef) တွေ ခိုင်းတာတွေလုပ်ရပါတယ်
စားဖိုချုပ်မှူးကြီးရဲ့ မီးဖိုချောင် လမ်းစဉ် ၇ ရပ်(HACCP) ကိုလိုက်နာရပါတယ်
ဟင်းချက်ရာမှာ သန့်ရှင်းမှု ရှိ မရှိ
စည်းမျဉ်းစည်းကမ်းတွေနဲ့ ညီ မညီ
စတာတွေကို ရှောင်တခင်ဝင်ရောက်စစ်ဆေးမှုတွေကို
ပိပိရိရိ လိမ်ပေးရပါတယ် :D ပေါက်ကရတွေလျောက်ပြောနေတာပါ
စိတ်မဆိုးပါနဲ့ ခုတလောမှာ စစ်ဆေးရေးဝင်ပါတယ်
ကျနော်တို့တွေချက်ပြုတ်တာဟာ
သူတို့ရဲ့စည်းကမ်းတွေကို လိုက်လိုက်နာနာ နဲ့ချက်ပြုတ်တာလား
ပေါက်ကရတွေ လျောက်လုပ်နေတာလား စစ်တာပါ :D
ဟင်းချက်တဲ့ အပူချိန်တွေ (Cooking Temperature)
ကျွှေးမွှေးတဲ့အချိန်မှာရှိတဲ့ ဟင်းပွဲအပူချိန်(Serving Temperature)
မီးဖိုချောင်သန့်ရှင်းရေး (Kitchen Cleaning)
ရေခဲသေတ္တာများသန့်ရှင်းရေး(Chillers Cleaning)
တစ်ကိုယ်ရေသန့်ရှင်းရေး(Personal Hygiene)
ဟင်းပွဲများအပူချိန်မှတ်တမ်း(Temperature records)
စည်းမျဉ်းစည်းကမ်းတွေ အလွတ်ရမရ စုံနေအောင်စစ်တာပါ
ကျနော်တို့မှာချက်ပြုတ်ရေးသာမက
အဲ့ဒီ့ စစ်ဆေးရေးအတွက်ပါ ပြင်ဆင်နေရတဲ့အတွက်
မောင်ဝေယံ Blog စာမျက်နှာပေါ်တတ်မလာနိုင်ဖြစ်တာပါ
ဟင်းချက်နည်းမရေးခင် အကို အမ များကို အရင်ရှင်းပြတာပါ :D
ပေါက်ကရတွေလည်း ရေးချင်တာပါတာပေါ့နော် အဟီး

အညွှန်း
Executive Chef=စားဖိုမှူးကြီး kitchen ထဲတွင်သူ့ထက်ကြီးသည်မှာဆင်ပဲရှိသည်
Executive Sous Chef=လက်ထောက်စားဖိုမှူးကြီး
HACCP=Hazard Analysis Critical Control Points
(အစားအစာ သန့်ရှင်းလုံခြုံစေရန်ထိန်းသိမ်းရသည့်အချက်များ)
Cooking Temperature=75'C and above
Serving Temperature=63'C
Chillers=စားသောက်ဆိုင်သုံးရေခဲသေတ္တာများ
Personal Hygiene=တစ်ကိုယ်ရေသန့်ရှင်းမှူ
Temperature Records=ကျနော်တို့ချက်တဲ့ဟင်းပွဲများ၏အပူချိန်
(ရှူပ်နေတာပဲ သိလား ခေါင်းကိုမူးရော :D)

Monday, March 30, 2009

ကွန်နက်ရှင် ကွန်နက်ရှင်

ကျွန်တော်က FOC ကွန်နက်ရှင်သုံးတာပါ အလုပ်ကပေးတယ် ခုတော့ ဒွတ်ခရောက်ပါတယ်
အလုပ်ကကွန်ဖျက်ထားတယ် အဆောင်တခုလုံးပဲ သူတို့ကတော့နှေးလို့ခဏရပ်ထားတာတဲ့
ကျွန်တော်ရေလည်စိတ်လေနေပါတယ် စာလည်းမစီထားတော့ဘူး ဘာလုပ်ရမလည်းမသိတော့ဘူး
အကိုအမများ ဆုတောင်းပေးပါ မောင်ဝေယံကို ၀ါး ၀ါး ဗြဲ :D ပေါလိုက်ဦးမယ်

Thursday, February 26, 2009

ပညာရေးစနစ်သစ်

ကျွန်တော်ဖတ်ရတဲ့ ဟာသလေးပါ ရှယ်တာပါ
ကျွန်တော်တို့ရဲ့ရွှေနိုင်ငံကြီးရဲ့ပညာရေးစနစ်သစ်လေးပါ
ကိုထက်ရေးတာပါ တော်တော်မိုက်ပါတယ်
ရွှေနိုင်ငံကြီးမှာ တက္ကသီလာတွေ ၁၀၀၁ ခုတည်ဆောက်လို့အပြီးမှာ ပညာရေးကို ယ စ သာမက ဆ(ဆိုမားလီးယား) ရ (ရ၀မ်ဒါ) တို့ကိုပါမှီအောင် အသည်းအသန်ကြိုးစားနေတဲ့အချိန်မှာပေါ့ဗျာ
ခေါင်းကြောင်ကြီးကမေးပါတယ် ပညာရေးဆိုင်ရာ ကိုဝန်ကြီးကို
အိမ်း....ငါ့နိုင်ငံတ၀ှမ်းကတက္ကသီလာပေါင်း ၁၀၀၁ ခုမှာ မျိုးဆက်သစ်မီးခဲပြာဖုံးလေးတွေပေါ်ထွက်ရဲ့လားဝန်ကြီးတဲ့
ဝန်ကြီးက ခေါင်းကြောင်ကြီးရဲ့ အကုသိုလ်အရှိန်အ၀ါကြောင့် မီးခဲပြာဖုံးလေးများ အမြောက်အမြားတွေ့ရှိပါကြောင်း ပြန်ဖြေပါသတဲ့ ခေါင်းကြောင်ကြီးကလည်း အိမ်း အိမ်းတွေ့ရင်လည်းရေလောင်းထားလိုက် မတော် ထတောက်နေဦးမယ် တဲ့ :z :z :z
ဒီလိုနဲ့ပဲ ရွှေနိုင်ငံကြီးမှာ မီးခဲရေလောင်းပညာရေးစနစ်ကြီးပေါ်လာပါသတဲ့

မှတ်ချက်။ ။ ကိုထက်တင်ဆက်တာကို စကားလုံးလေးတွေပြောင်းထားတာပါ ကျေးဇူးတင်ပါတယ်ကိုထက်ခင်ဗျာ တခုခုဖြစ်ခဲ့ရင် အကိုပြောတာနော် ကျွန်တော်မပါဘူး :D :z :z :z

Tuesday, February 17, 2009

ပေါက်ကရစာများ-၅

ခုတလော ဟင်းချက်နည်းတွေစဉ်းစားမရပါဘူး :f ပေါက်ကရပဲရေးချင်နေတာ :v ပေါက်ကရဆို
ပြောလည်းပြောချင်တယ် နားလည်းနားထောင်ချင်တယ် :D ခုတလောကြားကြားနေတယ်
လမ်းစဉ်ဆိုလားလမ်းဂွင်ဆိုလား ၇ရပ်လား ၈ရပ်လားတော့မသိပါဘူး ကျွန်တော်ကနိုင်ငံရေးမှမလုပ်တာ
စိတ်လည်းမ၀င်စားဘူး ၂၀၁၀ ဘာဖြစ်မယ် ညာဖြစ်မယ်လည်းစိတ်မ၀င်စားဘူး နိုင်ငံရေးကိုဝါသနာမပါတာ
မောင်ကောင်းထိုက်ထဲမှာရေးထားတယ် ရုရှားမှာ သူတို့နိုင်ငံရေးလမ်းစဉ်တွေကို လူတွေထောက်ခံလား
မထောက်ခံဘူးလားလိုက်မေးတာ လူတွေကပြောတယ် ထောက်ခံပါတယ်တဲ့ ဒါပေမဲ့ ခြွင်းချက်တော့ရှိတယ်
ဒီနိုင်ငံမှာမကျင့်သုံးပါနဲ့တဲ့ :r :r အဲ့လိုပဲဗျ ကျွန်တော်လည်းနိုင်ငံရေးအကြောင်းမသိတော့ ထောက်ခံပါတယ်
ဗမာပြည်မှာတော့မကျင့်သုံးပါနဲ့လို့ :x :x ဟဲဟဲ နောက်တာနော် အလကားပြောတာ အတည်ယူချင်လည်းယူ
ပေါက်ကရပြောတာ လျာကိုဇွန်းတပ်ပြီးတော့ ထောက်ခံပါတယ် ထောက်ခံပါတယ် ကျင့်တော့မကျင့်သုံးပါနဲ့
:D :D :z :z

Sunday, February 15, 2009

ကဗျာလိုလိုစာလိုလို

မနေ့ကဆိုတာ မရှိခဲ့ရင်
ဒီနေ့ဆိုတာဖြစ်မလာဘူး
လူဆိုးဆိုတာမရှိခဲ့ရင်
လူကောင်းဆိုတာလည်း
ပေါ်မလာဘူး
အကောင်းရှိဖို့အဆိုးဆိုတာဖြစ်လာခဲ့တာ
ချစ်သူ
မင်းကိုချစ်တယ်လို့မပြောရဲဘူး
အချစ်ဆိုတာဖြစ်ပေါ်လာရင်
တနေ့နေ့ အမုန်းဆိုတာဖြစ်တည်လာမှာ
ငါကြောက်တယ်.......

တွေးရင်းတွေးရင်း

အစကတော့မတွေးပါဘူး တွေးရင်းတွေးရင်းတွေးလာတယ်
ပန်းတိမ်မတတ်ခင်ရွှေခိုးသင်တဲ့ စကားပုံပါ
မတတ်ခင်သင်တယ်ပေါ့ ၀မရှိဘဲဝိလုပ်တယ်နဲ့တူမလားမသိ
ကျွန်တော်ကဗမာစာဗမာစကားသိပ်နားမလည်ပါဘူး မှားရင်လည်းမှားမယ်
သေချာတော့မသိဘူး ထားပါ ပန်းတိမ်သမားကပညာသင်တယ် မတတ်သေးဘူး ရွှေခိုးတယ်ပေါ့
တတ်တဲ့လူတွေကရော ခိုးတယ်ဆိုတဲ့သဘောလား တတ်မှခိုးရမယ်ဆိုတဲ့သဘောလား
မခိုးမဖြစ်ခိုးရမှာလား တတ်တဲ့လူကမခိုးလို့ မတတ်တဲ့လူကခိုးတာလား စကားပုံကို စဉ်းစားလိုက်တာ
ခေါင်းရှုပ်သွားပါတယ် ဆိုလိုရင်းကိုသဘောပေါက်ပါတယ် ပညာမပိုင်ခင် ပညာပြချင်တဲ့သဘောပါ ဟုတ်လားမသိ ကျွန်တော်သဘောပေါက်တာတော့အဲ့လိုပါ ဒါပေမဲ့ စကားအထအနကောက်လိုက်တာ
မူးသွားတာပဲ ဆိုလိုရင်းတောင်ပျာက်သွားတယ် ဟီး ပေါက်ကရစဉ်းစားတာပါ စော်ကားတဲ့သဘောမဟုတ်ပါ
၁စုံ၁ယောက်ကိုမှလည်းမရည်ရွယ်ပါဘူး နားလည်သူများရှင်းပြပေးပါနော် :D :D

Saturday, February 7, 2009

ပေါက်ကရစာများ-၎

ပေါက်ကရရေးရမယ်ဆို ၂ယောက်မရှိပါဘူး
ဘာလို့လည်းဆိုတော့လွယ်တာကိုး
ကျွန်တော်ကစာရေးမကောင်း စကာလုံးလည်းမကြွယ်
ထားပါ ဒါတွေမပြောတော့ပါဘူး နေ့လည်က ကိုစုန်းပြူး
mail ၁စောင်ပို့လာတယ် ကျွန်တော်တို့ရဲ့ခေါင်းကြောင်ကြီးတွေ
သူတို့အကြောင်းသီးလေးသီးကပြက်ထားတဲ့ဟာသ
အဲ့တာတွေဖတ်ပြီး မောင်ကောင်းထိုက်ရေးတဲ့ဟာသကိုသတိရတယ်
ဘာတဲ့သူရေးတာတော့နိုင်ငံရေးလွတ်ပါတယ်
အမေရိကန် ရှရား ပြင်သစ် ၃နိုင်ငံပါ
ကျွန်တော်ကတော့ ဗမာပြည်ကလေ ဗမာကိုညွန်းချင်တာ
ဒီလို ဒီလို
ခေါင်းကြောင်၃ယောက်တွေ့ကြတယ်
အမေရိကန်ရယ် ရုရှားရယ် ဗမာ
အမေရိကန်ကစပြောတယ် "ကျုပ်တို့ဆီမှာ အလုပ်သမားတွေ
၁လကို ဒေါ်လာ ၂၀၀၀ ရတယ် ၁၀၀၀ကို အိမ်လခ စားစရိတ်
အခွန် ကျောင်းစရိတ် သုံးတယ် ကျန်တဲ့ငွေကိုတော့ ဘာသုံလည်း
ကျုပ်မသိဘူး"
ရုရှားကလည်းမခံဘူး
"ကျုပ်တို့အလုပ်သမားတွေ ၁လ ရုရှားငွေ ၂၀၀၀ရတယ်
၁၀၀၀ ကို အိမ်လခ စားစရိတ် အခွန် ကျောင်းစရိတ် ကားဝယ်စီး
အဲ့တာတွေသုံးတယ် ကျန်တဲ့ငွေကို ဘာသုံးလည်း ကျုပ်မသိဘူး
အဲ့တာသူတို့အပိုင်း ကျုပ်စိတ်မ၀င်စားဘူး"
ဗမာပြည်က ပြည်သူ့အချစ်တော်ခေါင်းကြောင်ကြီးကတော့
အကျောမခံထပြောတာပေါ
"ဗမာပြည်က ၀န်ထမ်းတွေ ၁လကို ၄၀၀၀၀ ကြီးများတောင်ရတယ်
အိမ်လခတောင်မလောက်ဘူး ကျန်တဲ့ငွေ ၄ ၅သိန်းကို
သူတို့ဘယ်လိုရှာလည်းကျုပ်မသိဘူး စိတ်လည်းမ၀င်စားဘူးတဲ့"လေ
:D :D :D ပေါက်ကရတွေပါနော် အိပ်မက်မက်တယ်လို့ပဲသဘောထား
တော်ကြာဗမာပြည်ပြန်ရင်ဘမ်းခံနေရမယ် နောက်တာနော်နောက်တာ
အတည်ယူချင်လည်းယူ မတတ်နိုင်ဘူး =)) =))

Wednesday, February 4, 2009

ပေါက်ကရစာများ-၃

web site တွေကိုရှာချင်တဲ့လူတွေပါ
ရှာပုံတော်မင်းသားကြီး
website တကာရောက်ခဲ့ပြီ
ဘယ်နားမှာဘာတွေထားလည်း
မသိတော့အဟုတ်ခက်သည်
မနှစ်ကပေးတဲ့ မင်းလိုင်စင်
ဘလက်စာရင်းလို့ခက်ချေပြီ
ကီးမသိတော့ခက်သားလား သေပြီ
CopyRight @Mgwaiyan Copy From
သင်္ကြန်သီချင်းရှာပုံတော်မင်းသားကြီး
ကော်ပီရိုက်ထားတာကိုပြောတာပါ
သီချင်းစာသားတွေကိုကော်ပီရိုက်ထားတာလို့

Thursday, January 29, 2009

ပေါက်ကရစာများ-၂

မရေးတာကြာပေါ့
ဘာရေးရမှန်းလည်းမသိ
ပျင်းလည်းပျင်းဘာရေးရင်ကောင်းမလည်း
ကြားထဲပေါက်ကရတွေကလည်းဝင်ဝင်လာ
တရုတ်နှစ်ကူးကလည်းရှိဆိုင်က၁နေကုန်ဖွင့်
နားရက်ကမရအဲ့တာရေးရင်ကောင်းမလား
သိုင်းကားတွေကြည့်နေလို့အွန်လိုင်းမ၀င်
အဲ့တာရေးရင်ကောင်းမလားတန်းပလိင့်ပြောင်းတာ
မပြီးတပြီးနဲ့စီဘောက်တွေပျောက်တာရေးရင်ကောင်းမလား
ရန်ကုန်ပြန်ချင်တာတွေရေးရင်ကောင်းမလား
ဘာရေးရမှန်းမသိတော့ဘူး
တော်ပြီ မရေးတော့ဘူး :D

Saturday, January 3, 2009

ပေါက်ကရစာများ-၁

အပြင်မှာ မိုးတွေသည်း
ရင်မှာမိုးတွေမစဲလို့
အလွမ်းတွေဆေးကြောဖို့
မရပ်ပါနဲ့
ထစ်ချုန်းမိုး
နှလုံးသားတံခါး
သော့ခတ်ထားလို့
သော့ပျောက်တဲ့တံခါးပေါက်မှာ
မုတ်သုံအလွမ်းတွေအပြည့်နဲ့
လွမ်းနေတဲ့ငါပါ
ကာရန်မရှိဘာမရှိပေါက်ကရပါ
ရေးချင်လို့ရေးထားတာပါ