လက်တလောမောင်ဝေယံ၁ယောက်

သေလောက်အောင် အလုပ်များနေပါတယ်
အလုပ်သစ် နေရာသစ်မှာ ဟိုတယ်အသစ်၁လုံးမှာလုပ်နေပါတယ်
ဟိုတယ်ကအခုမှစဖွင့်မှာပါ လူရော ဦးနှောက်ပါချောင်ကျနေပါတယ်
မီးဖိုချောင်ကိုဆောက်လက်စကနေစပြီး ဟင်းချက်လို့ရအောင်အထိ
သုညကနေစပြီးလုပ်နေရတာပါ ကျနော့်ရဲ့ ပထမဆုံးအတွေ့အကြုံပါ
ဘလောက်တွေလည်း မဖတ်နိုင်ပါဘူး တနေ့ ၁၅နာရီ အလုပ်ထဲမှာပါ
အားရင်အားသလိုရေးသွားပါ့မယ် အင်တာနက်ရတာမကြာသေးပါဘူး
လာလည်တာကျေးဇူးတင်ပါတယ်....အိမ်မလည်ဖြစ်တာကိုလည်းခွင့်လွှတ်ပါ
တကယ့်တကယ်မအားလို့ပါ ကျေးဇူးအများကြီးတင်ပါတယ်.......

Thursday, February 26, 2009

ပညာရေးစနစ်သစ်

ကျွန်တော်ဖတ်ရတဲ့ ဟာသလေးပါ ရှယ်တာပါ
ကျွန်တော်တို့ရဲ့ရွှေနိုင်ငံကြီးရဲ့ပညာရေးစနစ်သစ်လေးပါ
ကိုထက်ရေးတာပါ တော်တော်မိုက်ပါတယ်
ရွှေနိုင်ငံကြီးမှာ တက္ကသီလာတွေ ၁၀၀၁ ခုတည်ဆောက်လို့အပြီးမှာ ပညာရေးကို ယ စ သာမက ဆ(ဆိုမားလီးယား) ရ (ရ၀မ်ဒါ) တို့ကိုပါမှီအောင် အသည်းအသန်ကြိုးစားနေတဲ့အချိန်မှာပေါ့ဗျာ
ခေါင်းကြောင်ကြီးကမေးပါတယ် ပညာရေးဆိုင်ရာ ကိုဝန်ကြီးကို
အိမ်း....ငါ့နိုင်ငံတ၀ှမ်းကတက္ကသီလာပေါင်း ၁၀၀၁ ခုမှာ မျိုးဆက်သစ်မီးခဲပြာဖုံးလေးတွေပေါ်ထွက်ရဲ့လားဝန်ကြီးတဲ့
ဝန်ကြီးက ခေါင်းကြောင်ကြီးရဲ့ အကုသိုလ်အရှိန်အ၀ါကြောင့် မီးခဲပြာဖုံးလေးများ အမြောက်အမြားတွေ့ရှိပါကြောင်း ပြန်ဖြေပါသတဲ့ ခေါင်းကြောင်ကြီးကလည်း အိမ်း အိမ်းတွေ့ရင်လည်းရေလောင်းထားလိုက် မတော် ထတောက်နေဦးမယ် တဲ့ :z :z :z
ဒီလိုနဲ့ပဲ ရွှေနိုင်ငံကြီးမှာ မီးခဲရေလောင်းပညာရေးစနစ်ကြီးပေါ်လာပါသတဲ့

မှတ်ချက်။ ။ ကိုထက်တင်ဆက်တာကို စကားလုံးလေးတွေပြောင်းထားတာပါ ကျေးဇူးတင်ပါတယ်ကိုထက်ခင်ဗျာ တခုခုဖြစ်ခဲ့ရင် အကိုပြောတာနော် ကျွန်တော်မပါဘူး :D :z :z :z

ဘယ်သူကအမိ ဘယ်သူကအဖ

Forward Mail ၁စောင်ဖတ်ရပါတယ် မြန်မာကျူးပစ်က မန်ဘာတွေရဲ့ဟာသတွေပါ ရတနာမောင်ရေးတာပါ
သူ့သားလေးကျောင်းအပ်တာကိုရေးထားတာပါ ကျွန်တော်ဖတ်ပြီးသဘောကျလို့ရှယ်တာပါ
:r :r :r ဒီလိုဗျ သူရေးထားတာက ဆာဂျင်မောင်ရဲ့သား ဂျူနီယာမောင်ကိုကျောင်းအပ်တယ်တဲ့ မဒမ်မောင်နဲ့
လျောက်လွှာမှာ မိဘတွေအမည်ကိုဖြည့်တာ ကြည့်ပြီးဆရာမက မဒမ်မောင်ကို ရှင်ရူးနေလားလို့မေးတယ်တဲ့
မဒမ်မောင်ကလည်း ဆရာမကို သတင်းစာမဖတ်ဘူးလားလို့ပြန်မေးလိုက်တယ် မဒမ်မောင်ဖြည့်ထားတာက
မိဘအမည်ရဲ့နေရာမှာ အဖအမည်=တပ်မတော် အမိအမည်=တပ်မတော်ပါတဲ့ ဗျား :r :r :r ;) ;) ;)
ကိုရတနာမောင်ရေ စဉ်းစားဥာဏ်ကိုလေးစားပါတယ်ဗျာ :D :D

Sunday, February 22, 2009

သင်္ဘောသီးသုတ်လေး


စာမရေးတာကြာပါပြီ ဟင်းချက်နည်းကိုပြောတာပါ :D ပျင်းနေတာရယ် စဉ်းစားမရတာရယ်ပါ
ကျွန်တော် ချက်နေတာအများကြီးပါ ဒါပေမဲ့ အိမ်တွေမှာလည်းလုပ်လို့လွယ်မယ့်ကောင်တွေစဉ်းစားနေရတာ
တော်ကြာ အိမ်မှာချက်လို့မလွယ်တဲ့ကောင်တွေရေးရင်လာဖတ်တဲ့လူတွေ စိတ်ဆိုးမှာဆိုးလို့ပါ :D :D
ခုစဉ်းစားလိုက်တာ သင်္ဘောသီးသုတ်လေးရေးရင်ကောင်းမလားလို့ပေါ့
လိုအပ်တာတွေက
သင်္ဘောသီးအစိမ်း ခြစ်ပြီး အနည်းငယ်(အလုံးသေးလေး၁လုံးဆိုတော်တော်ရပါတယ်)
ငရုတ်သီးစိမ်း ပါးပါးလှီး
ခရမ်းချဉ်သီး အစေ့ထုတ် ပါးပါးလှီး(၁လုံးဆိုပိုတောင်နေပါပြီ)
ပုဇွန်ခြောက် အပေါ်ကနေဖြူးဖို့ပါ(မြေပဲဆံထောင်းထားတာလေးလည်းအနည်းငယ်လိုပါတယ်)
ထန်းလျက်ရည် မရှိရင် သကြားရည်ကိုသုံးလို့ရပါတယ် စားပွဲဇွန်း ၁ဇွန်းခွဲ
ငံပြာရည် စားပွဲဇွန်း ၁ဇွန်းခွဲ
သံပုရာရည် အနည်းငယ်
ပဲသီးကိုရေနွေးဖျောထားတာ ၃တောင့်၎တောင့်လောက် လိုပါတယ် အာလုံးပြင်ဆင်ပြီးရင်တော့ သုတ်နိုင်ပါပြီ သုတ်ပြီးပြီဆို ပုဇွန်ခြောက်လေးတွေရယ်မြေပဲဆံလေးတွေဖြူးပြီးစားလို့ရပြီပေါ့ဗျာ
ကျွန်တော်အခုရေးလိုက်တာယိုးဒယားနည်းပါ Som Tum လို့ခေါ်ပါတယ် ဗမာ့နည်းဗမာ့ဟန်
ကိုတော့ကျွန်တော်လည်း မကျွမ်းကျင်ပါဘူး သင်္ဘောသီးထောင်းလို့လည်းပြောကြပါတယ် ငပိမီးဖုတ်လည်းပါမယ်ထင်တယ် မှန်ရာကိုဝန်ခံတာပါ သေချာမသိပါဘူး အရင်တုန်းကတော့ အမေသုတ်တာပဲစားတာပါ :D ဓါတ်ပုံက Site ၁ခုကယူထားတာပါ

Wednesday, February 18, 2009

မြန်မာ့မြန့်မာ့ရုပ်ရှင်

ဦးရုက္ခစိုး တယောက် အကယ်ဒမီပွဲ တက်ဖို့ နေပြည်တော် ရောက်နေသည်။
ယခုခရီးစဉ်သည် သူ၏ ပထမဆုံး အကြိမ် နေပြည်တော် ခရီးစဉ်ဖြစ်သည်။
သူ့လက်ထဲမှာ ကင်မရာ၊ ကက်ဆက်၊ မှတ်စုစာအုပ်၊ ဘောပင်တို့နှင့် ရှုပ်နေရသည့်အထဲ
ဖိုးရှုပ်က မိုးဟေကို လက်မှတ် အရယူခဲ့ဖို့ဆိုပြီး အော်တိုတအုပ် အတင်းထည့် ပေးလိုက်သေးသည်။
ဆုပေးပွဲပြုလုပ်မည့် မြို့တော်ခန်းမ အ၀င်အဝမှ အပေါက်စောင့်က သူ့ကိုအသေအချာရှာသည်။
အပေါက်စောင့်။ ။ ခင်ဗျားက အချွန်အတက်တွေနဲ့ ဘာလဲဗျ။
ဦးရုက္ခစိုး။ ။ ကျုပ်က ချင်းမိုင်ရုက္ခစိုးလေ။ အကယ်ဒမီပေးပွဲ သတင်းယူဖို့လာတာ။
အပေါက်စောင့်။ ။ ဒါဆိုဂျာနယ်လစ်လား။
ဦးရုက္ခစိုး။ ။ အဲလိုပြောလည်းရပါတယ်။ ကဲ ဝင်မယ်နော်။
အပေါက်စောင့်။ ။ မရဘူး .. ဂျာနယ်လစ်ဆိုရင် ကင်မရာထားခဲ့ပါ။
အပေါက်စောင့်စကားကြောင့် ဦးရုက္ခစိုး ကြောင်သွားသည်။
နိုင်ငံတကာ ပွဲတွေ ရောက်ဖူးပေါင်း များပြီ။ ဂျာနယ်လစ် ကင်မရာ မကိုင်ရတာ ဒီတခါပဲကြားဖူးသေးသည်။
ဦးရုက္ခစိုး။ ။ ဂျာနယ်လစ် ကင်မရာမကိုင်ရတော့ ကင်မရာဘယ်သူတွေ ကိုင်ရလဲ။ အကယ်ဒမီဓာတ်ပုံ ဘယ်သူရိုက်မှာလဲ။
အပေါက်စောင့်။ ။ ကင်မရာက ကင်မရာမင်းကိုင်မှာပေါ့ဗျ။ ကဲ ကြာတယ်။ ခင်ဗျား ကင်မရာ ထားခဲ့မလား။ ဒီပွဲကို မတက်ဘဲနေမလား။
ကင်မရာက ကင်မရာမင်းကိုင်မှာဆိုသည့်စကားကို အသစ်အဆန်းတခုအဖြစ် မှတ်ထားလိုက်သည်။
လှစ်ခနဲမြင်လိုက်ရသည့် အိန္ဒြာကျော်ဇင့်နောက်က အမြန်လိုက်ချင်သဖြင့် ရုက္ခစိုး အပေါက်စောင့်ဆီမှာ ကင်မရာကို အေးဆေးစွာပဲ ထားခဲ့လိုက်သည်။
အထဲရောက်တော့ ဦးရုက္ခစိုးက မင်းသမီး စွာတေးလန်နှင့် ပြာလောင်ခတ်တို့ ကြားတွင် ထိုင်ရသည်။
မင်းသမီး နှစ်ယောက်ကြားတွင် ဆိုတော့ သူ နည်းနည်း အူမြူးသွား၏။
ပြီးတော့ စွာတေးလန်ဘက်ကို လှည့်ကာ ရန်ကုန် အခြေစိုက် အင်တာဗျူးသမလေးတွေ စတိုင်အတိုင်း မေးလိုက်သည်။
ဦးရုက္ခစိုး။ ။ စွာစွာ ရင်ခုန်နေလားဟင်။
စွာတေးလန်။ ။ ခုန်တာပေါ့ဦးရယ်။ ဘယ်လိုခုန်မှန်းကို မသိဘူး တဒိန်းဒိန်းနဲ့ကိုခုန်တာ။
စွာတို့ကားကလေ အဓိဌာန်ပွဲပေးထားတာဆိုတော့ သေချာပေါက်ရကို ရမှာ။
အဲဒါကြောင့်လေ ခုလို သေချာပေါက်ရမယ့်သူတွေ ဝတ်တဲ့ ဝတ်စုံမျိုး ဝတ်လာတာ။ ဟင်းဟင်း။
ထိုအချိန်တွင် အခမ်းအနား စတင်သဖြင့် ဦးရုက္ခစိုး ဆက်မမေးသာတော့။
ပြန်ကြားရေး ဝန်ကြီး ဗိုလ်ချုပ် ဆော်ကြမ်း စင်မြင့်ပေါ်တက်ကာ စကားပြောတော့သည်။
ဝန်ကြီး။ ။ အနုပညာသည် ပြည်သူ့အတွက်၊ အနုပညာသည် အနုပညာအတွက် အမျိုးမျိုး ပြောကြတယ်။
တကယ်က မဟုတ်ပါဘူး။ အနုပညာဟာ စစ်တပ်အတွက် ဖြစ်ပါတယ်။
ဒီတော့ အနုပညာသည်များ အနေနဲ့ လာမယ့် ၂၀၁၀ ရွေးကောက်ပွဲမှာ စစ်တပ်က ခိုင်းတာ လုပ်ပေးရပါမယ်။ မလုပ်တဲ့သူ အကယ်ဒမီမရဘူးမှတ်။
ဝန်ကြီး၏ လေက ရှည်လိုက်သည့် ဖြစ်ချင်း။ ပရိသတ်များ အားလုံး နားထောင်ချင်ယောင် ဆောင်ပြီး အိပ်ပျော် ကုန်ကြသည်။
ရန်ကုန်ကနေ လာထားကြတာ ဆိုတော့ ခရီးကလည်း ပမ်းလာသည် မဟုတ်လား။ ဦးရုက္ခစိုး တောင် အိပ်ငိုက်ချင်လာသည်။
ဝန်ကြီး။ ။ မြန်မာ့ရုပ်ရှင် ကမ္ဘာ့အဆင့်မီဖို့ ကိုရီးယားကားတွေ၊ တရုတ်ကားတွေကို ရုပ်မြင်သံကြားကနေ မှန်မှန်ပြပေးနေပါတယ်။
ခုဆို မင်းသမီးတွေလည်း ကိုရီးယား မင်းသမီးတွေလို ဝတ်တတ်နေပြီ။
ဒါရိုက်တာ တွေ လည်း ကုလားကားကို ခိုးချလိုက်၊ ကိုရီးယားကားကို ခိုးချလိုက် ရိုက်တတ်နေပါပြီ။
စတူဒီယိုတွေ၊ စက်တွေ လို အပ်ရင် ကိုယ့်ပိုက်ဆံနဲ့ကိုယ်ဝယ်ပါ။
နိုင်ငံတကာကိုမီရင်ပြီးရော ကိုယ့်အိတ်ထဲက ပိုက်ဆံ ကိုယ့်ဘာသာ ကြိုက် သလို လွတ်လပ်စွာ သုံးနိုင်ပါတယ်။
နိုင်ငံတကာအကြောင်းပြောပြီဆိုလျှင် ဝန်ကြီးမိန့်ခွန်းပြီးတော့မှာဖြစ်ကြောင်း အားလုံးသိသည်။
ဘာလို့လဲဆိုတော့ နှစ်တိုင်း ပြောနေကျမိန့်ခွန်းကို ကော်ပီကူးကာ ပြန်ပြန်ပြောသောကြောင့် ဖြစ်သည်။
အိပ်ငိုက်နေသူများ ခေါင်း ထောင်လာပြီး လုံးဝအိပ်ပျော်နေသူများကိုနှိုးကာ လက်ခုပ်တီးဖို့ အဆင်သင့်ပြင်ဆင်ကြသည်။
ဝန်ကြီး။ ။ ဒါကြောင့် မြန်မာ့ရုပ်ရှင် နိုင်ငံတကာ ရင်ဘောင်တန်းဖို့အတွက
နိုင်ငံတော်က အကူအညီကို မစောင့်ဘဲ ကိုယ့်ဘာသာကြိုးစားဖို့ ပြောကြားရင်း နိဂုံးချုပ်ပါတယ်။
လက်ခုပ်သံများ တခန်းလုံးပြည့်လျှံသွားသည်။ အားလုံးပြုံးရွှင်ကုန်သည်။
ဆု စပေးသည်။ ဆုပေးတာကျတော့ ခဏလေး။ မိန့်ခွန်းလောက်တောင် မကြာ။
မင်းသမီးတွေ ဆု တဆုမှ မရ။ ယောက်ျားတွေကိုချည်း ဆု ၆ ဆု ပေးပြီး ရပ်လိုက်တော့ တခန်းလုံး “ဟာ” ခနဲဖြစ်သွားသည်။
ပြာလောင်ခတ်။ ။ ဟယ် မစွာရေ ဒီနှစ် ယတြာ ကလည်း ကြမ်းလိုက်တာနော်။ တို့ အဓိဌာန်တောင် မအောင်ဘူး။
စွာတေးလန်။ ။ မပေးနေပေါ့။ ဒီအရုပ်များ ကိုယ့်ဘာသာ လုပ်လို့ရသားပဲ ဟွန်း။
ထိုစဉ်အစီအစဉ်ကြေညာသူထံမှ အသံတသံထွက်လာသည်။
ကြေညာသူ။ ။ ဆုတဆု ကပ်ပြီးကျန်နေတာ မေ့သွားလို့ပါရှင့်။ ဒီဆုကိုတော့ ပြန်ကြားရေးဝန်ကြီး ဗိုလ်ချုပ်ဆော်ကြမ်းကိုယ်တိုင် ကြေညာပါလိမ့်မယ်။
လူတွေအားလုံးစိတ်ဝင်စားသွားသည်။ ကင်မရာမင်းများ ဘယ်ဆီကိုပြေးရမှန်းမသိ ကြောင်နေသည်။ ထိုအချိန်တွင် ဝန်ကြီး၏အသံက ညောင်နာနာနှင့်ပေါ်ထွက်လာ၏။
ဝန်ကြီး။ ။ ဒီနှစ်ကို ဘယ်နှစ်နဲ့မှမတူအောင်လုပ်ဖို့ စဉ်းစားထားတဲ့အတိုင်းပဲ ဘယ်တုန်းကမှ မပေးခဲ့ဘူးတဲ့ ဆုတဆု ချီးမြှင့်မှာဖြစ်ပါတယ်။
အဲဒါကတော့ ရုပ်ရှင်မှာ အရမ်းကိုအရေးကြီးတဲ့ ဖြတ်လျှောက်ထူးချွန်ဆု ဖြစ်ပါတယ်။
ဒီဆုကို ဆွတ်ခူးရရှိသွားသူကတော့ မစ္စတာ ဂန်ဖလားပဲ ဖြစ်ပါတယ်ခင်ဗျား .. ဖြောင်း ဖြောင်း ဖြောင်း။
ဝန်ကြီးက သူ့ဟာသူကြေညာပြီး သူ့ဟာသူ လက်ခုပ်တီးလိုက်ခြင်းဖြစ်သည်။ ဘယ်သူမှလိုက်မတီးကြ။
စွာတေးလန်။ ။ ဟယ် ဒီလောက်မည်းသည်းနေတာ ကြီးကိုများ .. အကယ်ဒမီပေးတယ်တဲ့ အံ့သြပါရဲ့ဟယ်။
ဦးရုက္ခစိုး။ ။ ဒါကတော့ စွာစွာရယ် .. သူက ဖြတ်လျှောက်အဆင့်မှာ တဖက်ကမ်းခတ် တကယ့် ထူးချွန်သူပဲ ကိုး။ ပေးသင့်ပါတယ်။
ပြာလောင်ခတ်။ ။ အို .. ပြာတို့ကတော့ လုံးဝမကျေနပ်ဘူး။ အမျိုးသမီးရေးရာကို တိုင်မယ်။
ဒါ အမျိုးသမီး တွေကို သက်သက်နှိမ်တာ။ အမျိုးသမီးအခွင့်အရေး ချိုးဖောက်ခံရတာ။
လေဒီဖတ်စ်မပြောနဲ့ ခုဟာက လေဒီ စင်အောက်ဖြစ်နေပြီ ဘရုက္ခစိုးရဲ့ .. အမျိုးသမီးရေးရာတင်မကဘူး ကျိုက်ထီးရိုး ဘိုးဘိုးကြီးကိုပါတိုင်မယ် ဟွန်း။
သူတို့ပြောသမျှ ကမန်းကတန်းအသံဖမ်းရင်း ဦးရုက္ခစိုး ပြန်ကြားရေးဝန်ကြီး ဗိုလ်ချုပ် ဆော်ကြမ်းနားသို့ အတင်းပြေး ကပ်သွားလိုက်သည်။ အင်တာဗျူးလုပ်မှ ဖြစ်မည်။
ဝန်ကြီး။ ။ ခင်ဗျားက ဘယ်သူလဲ။ ကိုယ်ရောင်ကိုယ်ဝါက တောက်ပလှချည်လား။ ဒီက ဂျာနယ်လစ်တော့ မဖြစ်နိုင်ဘူး။
ဦးရုက္ခစိုး။ ။ ကျုပ်က ချင်းမိုင်ရုက္ခစိုးပါ။ ချင်းမိုင်အခြေစိုက် ဒေဝါလီမဂ္ဂဇင်းက အယ်ချုပ် ကိုဂေါ်ကြီးက လွှတ်လိုက်လို့လေ။
သူတို့က လာလို့မရဘူးဆိုတော့ ကျုပ်ပဲလာလိုက်တာ။
ဝန်ကြီး။ ။ သိပြီ။ အတော်ပဲ ကျုပ်ကလည်း ဒါမျိုးတွေ့ချင်နေတာ။
ဦးရုက္ခစိုး။ ။ မီဒီယာကို မီဒီယာနဲ့တိုက်မယ် ဆိုတာလားခင်ဗျ။
ဝန်ကြီး။ ။ အစကတော့ ဟုတ်တယ်။ ခုတော့ မီဒီယာကို မီဒီယာနဲ့ အတိုက်တော့ဘူး။
အသစ် .. မော်ဒန်နည်း သုံးမယ်။ မီဒီယာကို ယတြာနဲ့ တိုက်မလို့။ ခုဆို ဓာတ်ရိုက်ဓာတ်ဆင်တွေ အားလုံးလုပ်ပြီးပြီ။
ဦးရုက္ခစိုး။ ။ ဘယ်လိုလုပ်တာလဲ သိခွင့်လေးများရှိမလား ခင်ဗျ။
ဝန်ကြီး။ ။ ဟဲဟဲ ခင်ဗျားတို့ ပြည်ပမီဒီယာတွေထက် ကိုးဆ၊ ဆယ်ဆ သာအောင်လို့ ဒီနှစ် “ကိုးဆယ်ဆ သာလိမ့်မယ်”
ဇာတ်ကားကို ဆုတွေ အများကြီးပေးလိုက်တယ်လေ။
ဦးရုက္ခစိုး။ ။ ဒါဆို ဘာလို့ ဒီနှစ် မင်းသမီးတွေကို အကယ်ဒမီ မပေးတာလဲခင်ဗျာ။
ဝန်ကြီး။ ။ ဒါကတော့ မိန်းမဖြစ်နေလို့ မပေးတာဗျ။
ဦးရုက္ခစိုး။ ။ ရှင်းအောင် ပြောပြပေးပါလားခင်ဗျာ။
ဝန်ကြီး။ ။ ဒီလိုပါ။ တလွဲမထင်ပါနဲ့ မင်းသမီးတွေကို ဆု လုံးဝမပေးတာ မဟုတ်ပါဘူး။
ပေးမှာပါ။ စင်မြင့်ပေါ်သာ ပေးမတက်တာ။ ဒါလည်း ဗိုလ်ချုပ်မှူးကြီးရဲ့ အစီအမံပါပဲ။ ယတြာပေါ့လေ။
ဦးရုက္ခစိုး။ ။ ဟင် ဒါဆို ...။
ဝန်ကြီးက တုံးလိုက်လေဆိုသည့် စတိုင်နှင့် ဦးရုက္ခစိုးကို ကြည့်သည်။
ဝန်ကြီး။ ။ မင်းသမီးတွေကိုပေးချင်ရင် အခန်းထဲ ခေါ်ပေးမှာပေါ့ဗျ။ လုံလုံခြုံခြုံရှိတယ်လေ ငှဲငှဲ။
ဦးရုက္ခစိုး။ ။ မှတ်သားလောက်ပါပေ့ဗျာ။ ဒါဆို နောက်နှစ်တွေကော ဘယ်လိုလုပ်မလဲ။
ဝန်ကြီး။ ။ နောက်နှစ်တွေလည်း တူတူပါပဲ။ ထူးချွန်တဲ့ မိန်းမမှန်ရင် စင်ပေါ်တက်လို့ မရတော့ပါဘူး။
ဦးရုက္ခစိုး။ ။ ဖြစ်ပါ့မလားဗျ။ မင်းသမီးဆိုတာမျိုးက အကယ်ဒမီလိုချင်တယ် ဆိုတာ စင်ပေါ်မှာ လှလှ လေးဝတ် ဓာတ်ပုံအရိုက်ခံချင်လို့လေ။
တော်ကြာ စင်ပေါ်မတက်ရလို့ မင်းသမီးတွေ စိတ်ကောက်ပြီး ရုပ်ရှင် မရိုက်ကြတော့ရင် ဘယ်လိုလုပ်မလဲဗျ။
ဝန်ကြီး။ ။ လွယ်ပါတယ်။ ယောက်ျားတွေချည်းပဲ ရိုက်လို့ရတဲ့ ကားမျိုးရိုက်ကြပေါ့။
အဲဒါမျိုး ကမ္ဘာမှာ ဘယ်သူမှမလုပ်သေးဘူး။ မြန်မာပြည်က စလုပ်လိုက်ရင် နိုင်ငံတကာနဲ့ ရင်ဘောင်တန်းရုံမကဘူး ကျော်ပါ တက်သွားဦးမှာ။
ဦးရုက္ခစိုး။ ။ ခင်ဗျားတို့ကို အမျိုးသမီးအခွင့်အရေးဆိုပြီး အော်ရင်ကောဗျာ။
ဝန်ကြီး။ ။ ဟာဗျာ ဘယ်အော်ပါ့မလဲ။ တိုးတိုးတိတ်တိတ် အခန်းထဲ ခေါ်ပေးမှာပါဆို။
ဦးရုက္ခစိုး။ ။ ဒါနဲ့ .. ဆု က ငါးဆုတောင်ကျန်သေးတာနော်။ မင်းသမီး ဆုနဲ့ အမျိုးသမီးဇာတ်ပို့ ပေးလိုက်ရင် ၃ ဆုကျန်သေးတယ်။
ဝန်ကြီး။ ။ ခင်ဗျား အတော်လေရှည်တဲ့ ငနဲပဲ။ ကျုပ်ရှည်သလား အောင့်မေ့တယ်။
ကျုပ်ထက်တောင် ရှည်သေးတယ်။ ကျန်တဲ့ ၃ ဆုက ကျုပ်တို့ဗိုလ်ချုပ်မှူးကြီးအတွက်ဗျ။
ပြီးခဲ့တဲ့အခေါက် ဂန်ဖလား လာတုန်းက ဗိုလ်ချုပ်မှူးကြီးရဲ့ ဇာတ်ညွန်းနဲ့ သရုပ်ဆောင်ကွက်ကလေး ဘယ်လောက်လှလဲ တွေ့တယ်မဟုတ်လား။
ကျော်ရဲအောင်တောင် ထိုင်ငိုသွားမယ်။ အဲဒီအတွက် သူ့ကို ဒါရိုက်တာ၊ ဇာတ်ညွှန်း၊ သရုပ်ဆောင်ဆု ၃ ဆုပေးဖို့ချန်ထားတာဗျား။
မှတ်ချက်။ ။ အပေါက်စောင့်ထံတွင် ကင်မရာအပ်ထားခဲ့ရသဖြင့် မှတ်တမ်းဓာတ်ပုံများ ဝေဝေဆာဆာ မဖော်ပြနိုင်ခြင်းကို ခွင့်လွှတ်စေချင်ပါသည်။ ။

ဝန်ခံချက်......ဧရာဝတီမှ ရန်ကုန်သားကိုတာတေရေးတာကိုကြိုက်လို့ ရှယ်တာပါဗျာ တော်တော်ရီရတယ် :z :z :z :z

Tuesday, February 17, 2009

စားဖိုမှုးဘ၀ ကြုံသမျှ ၁

စားဖိုမှုးဆိုတာယဉ်ယဉ်ကျေးကျေးခေါ်တာပါ တကယ်တော့ ထမင်းချက်ပေါ့ :( လူတွေကပြောကြတာပဲ
နောက်၁မျိုးကျတော့လည်း ဂုဏ်မြင့်မြင့်ပေါ့ Chef ကြီး :D ကျွန်တော် က Chef မဖြစ်သေးပါဘူး
ထမင်းချက်ဘ၀ပဲရှိပါသေးတယ် Kitchen အခေါ် Commic ပေါ့ ဒါတွေထားပါ ပြောချင်တာ ကျွန်တော်တို့ရဲ့ဘဝ
ထမင်းချက်တွေမှာ ၂၄နာရီ အလုပ်ချိန်ရှိပါတယ် မနက်စာ နေ့လည်စာ ညစာ ၃ဆိုင်းပေါ့ဗျာ ညဆိုင်းကတော့
လူနည်းတယ် ကျွန်တော်ဒီအလုပ်ကိုဝါသနာပါတာလည်းရုပ်ရှင်ကြည့်လို့ဗျ စိတ်ကူးယဉ်တာပေါ့လေ
အချစ်ဆုံးအတွက်ဟင်း၁ခွက်တဲ့ ကျွန်တော့်ချစ်သူချက်ကျွေးချင်တာပေါ့ စတိုင်တွေမလိုင်တွေနဲ့ ( :D မရှိပါဘူးကြွားတာ)
ဒါနဲ့ပဲ ကန်တော်ကြီးဟိုတယ်ကဖွင့်တဲ့ စားဖိုမှူးသင်တန်းကိုရောက်ရော စားဖိုမှူးမှမဟုတ်ပါဘူးအဲ့ဒီ့မှာ ဟိုတယ်နဲ့ပတ်သက်တာ အကုန်ရှိပါတယ် အဲ့ဒီ့က စတာပဲ ၂လသင်တန်းတတ် ဆရာတွေကသင် ပေါက်ကရတွေချက် Cookie တွေလုပ် ကောင်မလေးတွေကိုပေး :D :p ဆရာတွေကသေချာသင် ကိုယ်တွေကတလွဲလုပ် စာမေးပွဲတွေလည်းပြီးရော သင်တန်းလည်းပြီးရော သူများလိုစာမတော်တော့
၁ကနေ ၁၀ မ၀င် အဲ့တာနဲ့သင်တန်း၁ခန်းရပ်ရော စာတော်ရင်ကန်တော်ကြီးဟိုတယ်မှာ အလုပ်သင်၁လဆင်းရတယ် ကျွန်တော်တို့ရဲ့ရွှေနိုင်ငံကြီးမှာ အလုပ်တွေပေါတယ်မဟုတ်လား သင်တန်းပြီးတာနဲ့
အောင်လက်မှတ်လေးကိုင်ပြီးအလုပ်ရှာပေါ့ ဖိနပ်သာပါးတယ်အလုပ်မရဘူးဗျို့ :x :D ဒါနဲ့ပဲ အိမ်မှာပဲအသုံးချတာပေါ့ သူငယ်ချင်းတွေခေါ်ချက်ကျွေး ကောင်းကောင်းမကောင်းကောင်းကောင်းတယ်ပြော
နောက်တော့လည်းမနေနိုင်ပါဘူး ကံလေးကောင်းချင်တော့ ကရိတ်ဝိတ်နန်းတော်ကခေါ်တယ် အကူအနေနဲ့
အလုပ်ရပြီပေါ့ အားတတ်သရော်နဲ့ သွားတာ Store ထုတ်တာနဲ့စတာပဲဗျို့ :( သယ်စမ်း၁နေ့တာချက်မယ့် ကုန်စိမ်းတွေကုန်ခြောက်တွေ ပြီးရင်လာသေးတယ် ခွာ ကြက်သွန် ဂျင်း ယောင်လို့တောင်မချက်ရဘူးဗျို့
၁နေကုန်လည်းမတ်တပ် :( ၀ါသနာတွေ ၀ါသနက်တွေ ဘယ်တွေထွက်ပြေးမှန်းကိုမသိတာ :v ဒီလိုနဲ့ ပညာသင်
ကုသိုလ်လေးကောင်းခြင်တော့ ၁လကျော်တာနဲ့ ကုန်သည်ကြီးများဟိုတယ်က အလုပ်ခန့်စာမေးပွဲခေါ်ရော
အောင်တယ်ဗျ အရွှီးကောင်းတော့ ကျွမ်းကျင်အဆင့်တော့မရဘူးလေ အလုပ်သင်ပဲပေါ့ ဘာဖြစ်ဖြစ်လေ
မြို့တော်ရန်ကုန်မှာ နာမည်ကြီးဟိုတယ်ပဲ လုပ်တာပေါ့ လခကအများကြီးဗျ အလုပ်သင်လခ FEC ၁၅ကျပ်ကြီးများတောင်ရတာ ဒါပေမဲ့ဟိုတယ်ကကြင်နာတယ် ထမင်းကျွေးတယ် ခံစားခွင့်တွေပေးတယ်
ပျော်တာပေါ့ အရင်အလုပ်ထက်သာတော့ အတူတူပါပဲ ခွာလိုက်ရတဲ့ကြက်သွန် ခုတ်လိုက်ရတဲ့ ဟင်းသီးဟင်းရွက် ချက်တဲ့ဆီကိုမရောက်ဘူး စိတ်တော်တော်ပျက်တာ :( :c နောက်တော့ချက်ရတယ်
စစချင်းချက်တာပဲ တူးတာနဲ့စတာ :p ကျွန်တော့်ကို ဂျာကြီးက ကြက်သွန်နီဟင်းချိုအတွက်ကြက်သွန်ဆီသတ်ခိုင်းတာ မီးများပြီးတူးရော :p အဲ့တာနဲ့ဆူတာပေါ့ ဆုံးမတယ်
ဘာညာဘာညာ ဒီလိုနဲ့ပဲ၆လကြာတယ်အလုပ်သင်ဘ၀မှာ အသေးစိတ်ရေးရင် ၀တ္ထု၁အုပ်ရတယ်ဗျို့ နေ့တိုင်းနေ့တိုင်းကြုံရတာတွေအကုန်ပြောရင်သူများတွေပြောသလို သောကမျက်ရည်ဘူးသီးလုံးလောက်ကျမယ်
:) ဟိုတယ်ကြီးတော့အလုပ်ပိုပင်ပန်းတယ်ဗျ သယ်လိုက်ရတဲ့ဟင်းသီးဟင်းရွက် ခွာလိုက်ရတဲ့မှို လှီးလိုက်ရတဲ့လက် လက်ဆို၁ခုလုံးဒါးရှရာတွေကြီးပဲ အပူကလည်းခဏခဏလောင်သေး ခုဆိုအပူလောင်တာ ပူကိုမပူတော့တာ အရေထူနေပြီ :D နောက်တော့ ကြက်ဥကျော်ရပါတယ် မနက်ဆိုင်းမှာ ဧည့်သည်တွေ မနက်စာစားတဲ့နေရာမှာ ကြက်ဥကိုသူတို့ရှေ့မှာလတ်လတ်ဆတ်ဆတ်ကြော်ပြရတာ ရှက်လိုက်တာ လူတွေကရာကျော် မှာတာတွေကများ ကိုယ်ကလည်းထူပူ ဘေးမှာဆရာကကြည့်နေတာ စစချင်းကြော်တဲ့နေ့က
ကြက်ဥအရည် ၂လီတာပျက်တယ် :x ၀န်ထမ်းစားသောက်ခန်းကလူတွေပျော်နေတာ ပျက်သမျှကြက်ဥကြော်
သူတို့ဆီရောက်တာကိုး :D ဒီလိုနဲ့ဆရာကျလာရော ၆လလည်းကျော်ရော အချိန်ပိုင်းအလုပ်ခန့်ရော Casual ပေါ့
အဲ့ဒီ့မှာ ကိုယ့်နောက်ပေါက်တွေရောက်လာတာပေါ့ အလုပ်ချိန်ကလည်း ညနေစာအတွက်နေ့ခင်းပိုင်းတွေဘာတွေပြောင်းသွားတယ် ညဆိုင်းကတော့ ပညာပိုင်မှဆင်းရတာ သူကဟိုတယ်၁လုံးလုံးမှာမှ ၂ယောက်ထဲ ဟိုတယ်၁လုံးလုံးစာချက်ရတာ ဧည့်သည်တွေအတွက် တခြားKitchen တွေမှာလည်းရှိတာပေါ့ ကျွန်တော်တို့ kitchen ကတော့၂ယောက် မုန့်ဖုတ်တာ ၃ယောက် ၀န်ထမ်းမနက်စာက၁ယောက် ဟိုတယ်၁ခုလုံးမှ ၆ယောက် ညနေစာကျတော့အ၀စား Buffet ဗျ ဟင်းပွဲ ၇ပွဲ လတ်လတ်ဆတ်ဆတ်လှီးပြတာ ၁ပွဲ ခေါက်ဆွဲကြော်တာ၁ပွဲ(Pasta) Soup က၁မျိုး နောက် ပီဇာက၁မျိုး ရှုပ်နေတာပဲ အဲ့တာတွေအကုန်းလုံး လူ၃ယောက်၁ခါ၁လေ ၄ယောက်နဲ့ချက်ရပါတယ် နောက်ညဆိုင်းသမားလိုတာအတွက်ပြင်ပေးရတယ် ညဆိုင်းက၁ယောက်ထဲကိုး ဒီလိုနဲ့လုံးလည်ချာလည်လိုက်လာတာ ၁နှစ်ကျော်လာရော ညဆိုင်းကိုစမ်းဆင်းရတယ် ၁ညလုံး၁ယောက်ထဲ
ဒေါင်ချာဆိုင်းလို့ ချက်ရတာ မနက်စာဟင်းပွဲ ၁၀ပွဲကို လူ ၂၀၀ကျော်စာချက်တာ ချွေးပျံတာ ကြောက်လည်းကြောက် ၁ခါမှလည်းမကြုံဘူး ဘေးကသူငယ်ချင်းကလည်း ၁၀ပွဲချက်ရတာ တူတူပဲဆိုတော့ ပြောပဲပြောပြနိုင်တယ် မကူနိုင်ဘူး မောင်ဝေယံ၁ယောက်အမောတွေဖောက်တာ ပထမဆုံးညမှာ ဒီလိုနဲ့ ဂျူတီ၃ဆိုင်းလည်းဆင်းနိုင်ရောအမြဲတမ်းဝန်ထမ်းဖြစ်ရော စုစုပေါင်း ၁နှစ်ခွဲကျော်ကြာပါတယ် အချိန်တွေကသာ ကြာတယ်ထင်ရတာ ဖြတ်သန်းပြီးတော့ ခဏလေးလိုပဲ နောက်ကျတော့ ဘုန်းဘုန်းတွေ သွေးမြေကျပြီးတော့ မောင်ဝေယံဗမာပြည်မှာနေရမှာကြောက်လာရော ဒါနဲ့သူများနည်းတူကြိုးစားတာပေါ့နိုင်ငံခြားမှာ ထမင်းချက်မယ်ပေါ့ ကာတာကဟိုတယ်က သဘောကျတယ်တဲ့ မင်း ရုပ်ချော သဘောကောင်းတယ်ပေါ့ လာလုပ် လခကောင်းကောင်းပေးမယ်ဆိုပြီးခေါ်တာ မောင်ဝေယံလည်း ကာတာရောက်လာရော အာရပ်ပြည်ကစီလုပ်လေးပေါ့ဗျာ :D :D :D စာတွေရှည်မှာဆိုးလို့အသေစိတ်မရေးတော့ဘူး ပြီးခဲ့တဲ့ ၂၀၀၉
ဇန်န၀ါရီလက ထမင်းချက်ဘ၀ ၃နှစ်ပြည့်တယ် ဒါပဲ ...... :z :z :z

ပေါက်ကရစာများ-၅

ခုတလော ဟင်းချက်နည်းတွေစဉ်းစားမရပါဘူး :f ပေါက်ကရပဲရေးချင်နေတာ :v ပေါက်ကရဆို
ပြောလည်းပြောချင်တယ် နားလည်းနားထောင်ချင်တယ် :D ခုတလောကြားကြားနေတယ်
လမ်းစဉ်ဆိုလားလမ်းဂွင်ဆိုလား ၇ရပ်လား ၈ရပ်လားတော့မသိပါဘူး ကျွန်တော်ကနိုင်ငံရေးမှမလုပ်တာ
စိတ်လည်းမ၀င်စားဘူး ၂၀၁၀ ဘာဖြစ်မယ် ညာဖြစ်မယ်လည်းစိတ်မ၀င်စားဘူး နိုင်ငံရေးကိုဝါသနာမပါတာ
မောင်ကောင်းထိုက်ထဲမှာရေးထားတယ် ရုရှားမှာ သူတို့နိုင်ငံရေးလမ်းစဉ်တွေကို လူတွေထောက်ခံလား
မထောက်ခံဘူးလားလိုက်မေးတာ လူတွေကပြောတယ် ထောက်ခံပါတယ်တဲ့ ဒါပေမဲ့ ခြွင်းချက်တော့ရှိတယ်
ဒီနိုင်ငံမှာမကျင့်သုံးပါနဲ့တဲ့ :r :r အဲ့လိုပဲဗျ ကျွန်တော်လည်းနိုင်ငံရေးအကြောင်းမသိတော့ ထောက်ခံပါတယ်
ဗမာပြည်မှာတော့မကျင့်သုံးပါနဲ့လို့ :x :x ဟဲဟဲ နောက်တာနော် အလကားပြောတာ အတည်ယူချင်လည်းယူ
ပေါက်ကရပြောတာ လျာကိုဇွန်းတပ်ပြီးတော့ ထောက်ခံပါတယ် ထောက်ခံပါတယ် ကျင့်တော့မကျင့်သုံးပါနဲ့
:D :D :z :z

ဆီထမင်း


ခုတလောဆီထမင်းတော်တော်စားချင်ပါတယ် စိတ်ထဲမှာ ဗမာစာတွေလွမ်းတယ် ကောက်ညှင်းနဲ့လုပ်တဲ့
ဆီထမင်းတို့ကောက်ညှင်းပေါင်းတို့ အရမ်းစားချင်တာပဲ ဆောင်းတွင်းမှာလေ ငါးခြောက်ကြော်လေး
ရေနွေးကြမ်းလေး နဲ့ ကောက်ညှင်းပေါင်းဒါမှမဟုတ် ဆီထမင်းတူးတူးလေး စားချင်တာဗျာ အာသီသပေါ့ :D
ဆီထမင်းက တော့လူတိုင်းချက်တတ်မှာပါ :D ရေးစရာမရှိလို့ လုပ်စားတာ တော်ကြာပျင်းသွားမှာဆိုးလို့
ကောက်ညှင်းဆန် ၁ပြည် ဆီ ၂၀သား ကြက်သွန်နီ ၂၀သား ဆားအနည်းငယ် ဆနွင်း လိုတယ် ကောက်ညင်းဆန်ကိုစင်အောင်ဆေး ရေစိမ် ပျော့အောင်လို့ ကြက်သွန်နီ ကို ပါးပါးလေးတွေလှီးထားပါ နောက်ဒယ်အိုး၁လုံးမှာ ဆီတည် ဆီပူလာပြီဆိုရင် ကြက်သွန်နီကိုဆီသတ်ပါ နည်းနည်းအရောင်ရရင်
မီးဖိုပေါ်ကချထားပါ ပြီးရင်၁၀က်ကျော်ကျော်ကိုဆယ်ထားပါ ဆနွင်းထည့်ပါ အရောင်လှအောင် ဆန်ထည့်ပါ ဆားထည့်ပါ မွှေပေးပါ သမအောင် နောက်ပြီး ရေကို ဆန်အပေါ်လက်၁ဆစ်လောက်မြုတ်ရုံလေးထည့်ပါ
မီးပါးပါးလေးနဲ့မွှေပေးပါ ပြီးရင်အဖုံးအုပ်ထားပါ ရေမများစေဖို့သတိထားပါ ရေခမ်းပြီဆို အပျော့အမာအနေအထားကြည့်ပါ နည်းနည်းမာသေးရင်ရေနည်းနည်းလိုက်ပါ အထက်အောက်လှန်ပါထမင်းကို
ချိုး ရအောင် နပ်ပြီဆိုရင်တော့ မီးဖိုကနေချပြီးစားဖို့ပြင်ပါတော့ ကြက်သွန်နီကျော်ထားတဲ့ ဆီကျက်ဖတ်လေးရယ် နှမ်းထောင်းလေးရယ် ငါးခြောက်ကြော်လေးရယ် လိုက်ဖက်တာပေါ့ဗျာ ဆားရယ်နှမ်းရယ်ထောင်းလိုက် လွယ်လွယ်လေး နှမ်းလှော်ထားပြီးသားပြောတာနော် အစိမ်းကြီးမထောင်းနဲ့
:D :D :D :z မေ့လို့ အုန်းသီးလေးတွေဖြူးစားဦးနော် :D ဓါတ်ပုံကတော့ Forward mail ကပါဗျာ

Sunday, February 15, 2009

ကဗျာလိုလိုစာလိုလို

မနေ့ကဆိုတာ မရှိခဲ့ရင်
ဒီနေ့ဆိုတာဖြစ်မလာဘူး
လူဆိုးဆိုတာမရှိခဲ့ရင်
လူကောင်းဆိုတာလည်း
ပေါ်မလာဘူး
အကောင်းရှိဖို့အဆိုးဆိုတာဖြစ်လာခဲ့တာ
ချစ်သူ
မင်းကိုချစ်တယ်လို့မပြောရဲဘူး
အချစ်ဆိုတာဖြစ်ပေါ်လာရင်
တနေ့နေ့ အမုန်းဆိုတာဖြစ်တည်လာမှာ
ငါကြောက်တယ်.......

တွေးရင်းတွေးရင်း

အစကတော့မတွေးပါဘူး တွေးရင်းတွေးရင်းတွေးလာတယ်
ပန်းတိမ်မတတ်ခင်ရွှေခိုးသင်တဲ့ စကားပုံပါ
မတတ်ခင်သင်တယ်ပေါ့ ၀မရှိဘဲဝိလုပ်တယ်နဲ့တူမလားမသိ
ကျွန်တော်ကဗမာစာဗမာစကားသိပ်နားမလည်ပါဘူး မှားရင်လည်းမှားမယ်
သေချာတော့မသိဘူး ထားပါ ပန်းတိမ်သမားကပညာသင်တယ် မတတ်သေးဘူး ရွှေခိုးတယ်ပေါ့
တတ်တဲ့လူတွေကရော ခိုးတယ်ဆိုတဲ့သဘောလား တတ်မှခိုးရမယ်ဆိုတဲ့သဘောလား
မခိုးမဖြစ်ခိုးရမှာလား တတ်တဲ့လူကမခိုးလို့ မတတ်တဲ့လူကခိုးတာလား စကားပုံကို စဉ်းစားလိုက်တာ
ခေါင်းရှုပ်သွားပါတယ် ဆိုလိုရင်းကိုသဘောပေါက်ပါတယ် ပညာမပိုင်ခင် ပညာပြချင်တဲ့သဘောပါ ဟုတ်လားမသိ ကျွန်တော်သဘောပေါက်တာတော့အဲ့လိုပါ ဒါပေမဲ့ စကားအထအနကောက်လိုက်တာ
မူးသွားတာပဲ ဆိုလိုရင်းတောင်ပျာက်သွားတယ် ဟီး ပေါက်ကရစဉ်းစားတာပါ စော်ကားတဲ့သဘောမဟုတ်ပါ
၁စုံ၁ယောက်ကိုမှလည်းမရည်ရွယ်ပါဘူး နားလည်သူများရှင်းပြပေးပါနော် :D :D

ချစ်သူများနေ့ဟင်းပွဲတွေရဲ့ဓါတ်ပုံ

မင်းနဲ့ကိုယ်ရဲ့
သံယောဇဉ်တွေကို

အချစ်အိပ်မက်ထဲမှာ
ချစ်ခြင်းမေတ္တာတွေအပြည့်နဲ့
သဘာဝကိုဖြတ်သန်းခံစားကြရအောင်

ချစ်သူများနေ့အတွက် set menu

ဒီနှစ်အတွက် ကာတာက set menu လေးပါ
ချစ်သူများနေ့အတွက် အထူးထုတ်ထားတဲ့ ဟင်းလျာစာရင်းလေးပါ
ခံတွင်းလိုက်စာအနေနဲ့ မင်းနဲ့ကိုယ်သူက ကော်ပြန့်လိပ်လေးတွေပါ
ဗီယက်နမ် ပုံစံလိပ်ထားတာပါ အထဲမှာ ပီကင်းဘဲကင်နဲ့၁မျိုး ယိုးဒယားကြက်သားသုတ်နဲ့က၁မျိုးပါ ၁မျိုးကို၃လိပ်စီနဲ့ ၆လိပ်ပါ
ဟင်းချိုကတော့ သံယောဇဥတဲ့သူကယိုးဒယားတုန့်ယမ်း ဟင်းချိုကို
အုန်းနို့ထည့်ချက်ထားတာပါ တုန်ခဂွန်း လို့ခေါ်ပါတယ် ဂွန်း ဆိုတာပုဇွန်ပါ
နောက်ပြီးတော့အအီပြေအောင် လိမ္မော် ရှားဘတ်လေးကျွေးပါတယ်
အဓိကဟင်းလျာတွေကိုတော့ ၂မျိုးပေးထားပါတယ် ၁မျိုးရွေးပြီးစားပေါ့
၁မျိုးက အချစ်အိပ်မက် တဲ့ သူက ကြက်ရင်ပုံသားကို ကြက်သားကြိတ်သားရယ်တို့ဟူးအစာသွပ်ပြီးလိပ်တာပါ
ပင်စိမ်းရွက်လေးကိုအနံအတွက်ထည့်ထားပါတယ် သူ့ကို အုန်းထမင်းလေးရယ် ပန်းပွင့်အဖြူနဲ့အစိမ်းရယ်တွဲပြီး
ငရုတ်ကောင်းဆောစ့်လေးဆမ်းပြီးကျွေးပါတယ် နောက်၁မျိုးကတော့ ချစ်ခြင်းမေတ္တာာ သူကတော့
ဆယ်လမွန်ငါးကို ဒယ်မှာဆီပါးပါးနဲ့ကင်တာပါ ဂျပန်မြူဆွမ်လေးရယ် ဟင်းသီးဟင်းရွက်အနည်းငယ်ရယ်
ယိုးဒယား ငရုတ်သီးဆောစ့် အချိုလေးရယ်တွဲပြီး ပြင်ဆင်ပေးတယ် အားလုံးလည်းပြီးရော အချိုပွဲ အနေနဲ့
ယင်းယန် တရုတ်အခေါ် သဘာဝပေါ့ဗျာ အဖြုနဲ့ အမည်း ကောက်ညင်းပေါင်း၁မျိုး ကို ရေခဲမုန့်ရယ်
နာနတ်သီးကြော်လေးရယ် နဲ့တွဲပြီး နောက်ဆုံးအချိုတည်းဖို့ကျွေးလိုက်တယ် ဒါပါပဲ ရိုးရိုးလေးပါ
ဓါတ်ပုံတွေကို သပ်သပ်ခွဲတင်လိုက်တယ် ကြည့်ချင်ကြည့်လို့ရအောင် ကျွန်တော်တို့ဘယ်လိုပြင်လည်းဆိုတာ
မအားလို့အခုမှပဲတင်ရတော့တယ်

Tuesday, February 10, 2009

စိတ်ညစ်တယ်

စိတ်ညစ်တယ် ပြီးခဲ့တဲ့လကနေအခုထိ ကိုယ်ပိုင်အချိန်ရှားနေပါတယ် ဇန်န၀ါရီ ၂၁ကနေ ၃၁ ကတရုတ်နှစ်ကူး
ဆိုင်မှာ အရောင်းမြင့်တင်ရေးတွေလုပ်လို့ နားရက်မရဘူး အခုလာပြန်ပြီ ဖေဖော်ဝါရီ ၇ကနေ ၁၅ Jazz ဂီတပွဲ
နားရက်မရပြန်ဘူး ပိုဆိုးတာ မနက် ၁၀ ကနေည ၁၁ ထိ အလုပ်ထဲမှာ ပါ ရေးချင်တာတွေမရေးရ လုပ်ချင်တာ
မလုပ်ရ ကိုယ်ပိုင် အချိန်ဆိုတာမရှိတော့ပါဘူး အလုပ်သမားဘ၀က တော်တော်ဆိုးပါတယ် ဒီအလုပ်ကို
ဝါသနာပါလို့လုပ်တာ ဒါပေမဲ့ ခုလိုမျိုးတွေ များလာတော့စိတ်ပိန်လာတယ် ဘာဖြစ်ဖြစ်ပါ ပြီးတော့လည်း
ပြီးသွားတာပါပဲ လက်တလောမှာသာစိတ်ညစ်နေတာ ကျော်ဖြတ်ပြီးသွားတော့လည်း အလကားပါ ဘာမှမဟုတ်
ဒါပေမဲ့လောလောဆယ်တော့အွန်လိုင်းကိုမနည်းလုတတ်နေရပါတယ် အိပ်ချိန်တွေဖဲ့ပေးပြီးတော့ ရေးချင်တာတွေရှိပါတယ် ပြည်ထောင်စုနေ့တို့ ဗိုလ်ချုပ်မွေးနေ့တို့ရောက်တော့မယ် နောက်ပြီး ကိုယ်နဲ့မဆိုင်တဲ့
ချစ်သူများနေ့လည်းရောက်တော့မယ် လူတွေဦးစားပေးနေတာချစ်သူများနေ့ကိုပါ ဒါတွေရေးချင်တာ
အချိန်မှမရှိ ဘယ်လိုရေးမလည်း အော် စိတ်ညစ်ရပါလားနော် နောက်အားရင် ဆီထမင်းလေးလည်းရေးချင်တယ် ဒါပဲဒီနေ့တော့

Monday, February 9, 2009

စိတ်ပျက်မိတာ

တလောက forward mail ၁စောင်ဖတ်ရပါတယ် တော်တော်အံသြတယ် ရွှေတိဂုံစေတီတော်မြတ်ကြီးအကြောင်း
အဲ့ကအလှူခံပုံးတွေအကြောင်းပါ သူရေးထားတာကတော့ဇတ်လမ်းလေးနဲ့ပါ ဒါတွေမပြောလိုပါဘူး
နောက်ဆုံးပြောတာက ရွှေတိဂုံစေတီတော်မြတ်ကြီးက အလှူခံပုံးတွေကရောင်းစားထားတာတဲ့
လေလံပစ်ထားတာတဲ့ ၁နှစ်ကိုသိန်း၅၀၀၀နဲ့ ဒီစကားသာတကယ်မှန်ရင် သွားပါပြီ
ကျွန်တော်တို့ဂုဏ်ယူရတဲ့ကမ္ဘာ့အံဖွယ် ရွှေတိဂုံစေတီတော်မြတ်ကြီး အတွက်ရင်လေးစရာပါ
ရောင်းဝယ်တဲ့ကိစ္စမှန်ရင် ၀ယ်တဲ့လူကိုထားပါမပြောလိုပါဘူး ရောင်းတဲ့ကောင်က ဘာသာကိုရောင်းလိုက်တာပါ
တော်တော်ဆိုးပါတယ် မိမဆုံးမ ဖမဆုံးမ ဆိုတဲ့စကားတောင် သနပါတယ် သူ့ကိုပြောရမှာ
နောက်ပြီးရောင်းတာကလည်းဘာသာခြားကိုပါ လှူရမယ့်လူတွေစိတ်စနှိးစနှောင့်ဖြစ်ပါတယ်
ဒီကိစ္စကတကယ်လား ကောလဟာလလား သေချာသိသူများအနေနဲ့ဖြေရှင်းပေးကြပါ
ကျွန်တော်ကတော့ သိတာလေးတင်တာပါ စိတ်မကောင်းပါဘူး ၀မ်းလည်းနည်းပါတယ်
ဗမာတွေအတွက်ဂုဏ်ယူစရာနေရာ ကြည့်ညိုစရာနေရာ သံဃာတော်တွေရဲ့ သတ္တိပြခဲ့တဲ့နေရာ
ပြောပြလို့မရအောင်စိတ်မကောင်းမိပါတယ် ဒီသတင်းအမှားဖြစ်ပါစေလို့ပဲဆုတောင်းပါတယ်

Blog သမားများအတွက်

ကျွန်တော် ဘလောက်ကိုရေးတာ စမ်းတ၀ါးဝါးပါ ကိုသံလွင်ရယ်ကိုစေတနာရယ်
က ပြောပြောနေလို့ဒီလောက်ဖြစ်လာတာပါ မနေ့ကတော်တော်ဒုက္ခရောက်ပါတယ်
template ပြောင်းတာ error တွေတက်တက်လာတာ ပြောင်းလို့ကိုမရဘူး
စိတ်ညစ်တာပေါ့ဗျာ သူကပြောတယ် ကုဒ်၁ခုပြပြီးအဲ့တာမှားနေတယ်
အဲ့ကောင်ကိုပြင်ပါတဲ့ပေါ့ မပြင်တတ်ဘူး HTML ဆိုတာလည်းနားမလည်
ခက်နေတာ ဘယ်လိုပြင်ရမလည်းမသိတော့ ကိုယ့်လိုမျိုးလူရှားတယ်
ဒါပေမဲ့ ရှိရင်လည်းရှိမှာလေ သိအောင်ရှယ်တာပါ ကိုယ့်ဘလောက်မှာဖြစ်နေရင်
ပြောင်းလို့ရအောင် ဒီမှာကြည့်ပါBlog အတွက် error တွေတတ်နေရင် ဘယ်လိုပြင်လည်းဆိုတာ
သိပြီးသားဆိုလည်း အာလူးလေးမောင်ဝေယံကိုခွင့်လွတ်ကြပါဗျာ သိစေချင်လို့ပြောတာပါ
ဒါပဲနော် ခုတော့အိုကေနေတယ် အဲ့ကပြောတဲ့အတိုင်းလုပ်တာ

Saturday, February 7, 2009

ပေါက်ကရစာများ-၎

ပေါက်ကရရေးရမယ်ဆို ၂ယောက်မရှိပါဘူး
ဘာလို့လည်းဆိုတော့လွယ်တာကိုး
ကျွန်တော်ကစာရေးမကောင်း စကာလုံးလည်းမကြွယ်
ထားပါ ဒါတွေမပြောတော့ပါဘူး နေ့လည်က ကိုစုန်းပြူး
mail ၁စောင်ပို့လာတယ် ကျွန်တော်တို့ရဲ့ခေါင်းကြောင်ကြီးတွေ
သူတို့အကြောင်းသီးလေးသီးကပြက်ထားတဲ့ဟာသ
အဲ့တာတွေဖတ်ပြီး မောင်ကောင်းထိုက်ရေးတဲ့ဟာသကိုသတိရတယ်
ဘာတဲ့သူရေးတာတော့နိုင်ငံရေးလွတ်ပါတယ်
အမေရိကန် ရှရား ပြင်သစ် ၃နိုင်ငံပါ
ကျွန်တော်ကတော့ ဗမာပြည်ကလေ ဗမာကိုညွန်းချင်တာ
ဒီလို ဒီလို
ခေါင်းကြောင်၃ယောက်တွေ့ကြတယ်
အမေရိကန်ရယ် ရုရှားရယ် ဗမာ
အမေရိကန်ကစပြောတယ် "ကျုပ်တို့ဆီမှာ အလုပ်သမားတွေ
၁လကို ဒေါ်လာ ၂၀၀၀ ရတယ် ၁၀၀၀ကို အိမ်လခ စားစရိတ်
အခွန် ကျောင်းစရိတ် သုံးတယ် ကျန်တဲ့ငွေကိုတော့ ဘာသုံလည်း
ကျုပ်မသိဘူး"
ရုရှားကလည်းမခံဘူး
"ကျုပ်တို့အလုပ်သမားတွေ ၁လ ရုရှားငွေ ၂၀၀၀ရတယ်
၁၀၀၀ ကို အိမ်လခ စားစရိတ် အခွန် ကျောင်းစရိတ် ကားဝယ်စီး
အဲ့တာတွေသုံးတယ် ကျန်တဲ့ငွေကို ဘာသုံးလည်း ကျုပ်မသိဘူး
အဲ့တာသူတို့အပိုင်း ကျုပ်စိတ်မ၀င်စားဘူး"
ဗမာပြည်က ပြည်သူ့အချစ်တော်ခေါင်းကြောင်ကြီးကတော့
အကျောမခံထပြောတာပေါ
"ဗမာပြည်က ၀န်ထမ်းတွေ ၁လကို ၄၀၀၀၀ ကြီးများတောင်ရတယ်
အိမ်လခတောင်မလောက်ဘူး ကျန်တဲ့ငွေ ၄ ၅သိန်းကို
သူတို့ဘယ်လိုရှာလည်းကျုပ်မသိဘူး စိတ်လည်းမ၀င်စားဘူးတဲ့"လေ
:D :D :D ပေါက်ကရတွေပါနော် အိပ်မက်မက်တယ်လို့ပဲသဘောထား
တော်ကြာဗမာပြည်ပြန်ရင်ဘမ်းခံနေရမယ် နောက်တာနော်နောက်တာ
အတည်ယူချင်လည်းယူ မတတ်နိုင်ဘူး =)) =))

Friday, February 6, 2009

တပို့တွဲရဲ့ နှမ်းမနှဲ(ထမနှဲ)

ငယ်ငယ်တုန်းကကျောင်းစာမှာသင်ဘူးတယ်
နောက်ပြီး အမြဲတမ်းလည်းစားတယ်
ရိုးရာအစားအစာလေးပေါ့
ဗမာပြည်နဲ့ဝေးတော့မှ သတိရတာလေးတွေပါ
နက်ဖြန်ဆိုပဲ တပို့တွဲလပြည့်ပြီ ထမနှဲထိုးချင်ထိုးနိုင်အောင်ပါ
လိုအပ်တာတွေကတော့
ကောက်ညှင်းဆန် ဂလုံး(၁ပြည်)
ဆီ ၂၅ကျပ်သား
မြေပဲ ၂၀၀ဂရမ်
ချင်း(ဂျင်း) ၅၀ဂရမ်
ဆား စားပွဲဇွန်း ၂ဇွန်း
အုန်းသီး အနည်းငယ် (အသားချည်းသပ်သပ်)

ပြုလုပ်ပုံ
ကောင်ညင်းဆန်ကိုရေစိမ်ထားပါ နူးလွယ်စေရန်
ကောက်ညှင်းဆန်ပျော့လောက်ပါက ရေစစ်ထားပါ
ဒယ်အိုးစောက်နက် ၁လုံးတွင် ဆီတည်ပါ
မြေပဲ အုန်းသီး ဂျင်း ဆီသတ်ပါ ဆာါး၁ခါတည်းရောထည့်ပါ
ပြီးလျှင်ကောက်ညှင်းဆန်ထည့်ပါ သမအောင်မွှေပေးပါ
အားလုံးသမသွားရန် ရေကို ဆန် အထက် လက်၎လုံးမြုတ်အောင်ထည့်
ပြီးလျှင်ဆူအောင်တည်ပါ မီးမပြင်းပါစေနဲ့ အကယ်၍ဆန်မနပ်သေးရင်
ရေနည်းနည်းချင်းလိုက်ပေးပါ ရေခန်းပြီး ဆန်နူးပြီဆို
မီးဖိုပေါ်ကချပါ ယောက်မ ၂လက်နဲ့ ကြေအောင်ထိုးမွှေပေးပါ
ဆန်လည်းကျက် အစာတွေလည်းနှံပြီ ကျေပြီဆို နှမ်းမနှဲ(ထမနှဲ)ရပါပြီဗျာ
ဓါတ်ပုံတော့မရှိလို့မတင်တော့ဘူးဗျာ :((

Wednesday, February 4, 2009

ပေါက်ကရစာများ-၃

web site တွေကိုရှာချင်တဲ့လူတွေပါ
ရှာပုံတော်မင်းသားကြီး
website တကာရောက်ခဲ့ပြီ
ဘယ်နားမှာဘာတွေထားလည်း
မသိတော့အဟုတ်ခက်သည်
မနှစ်ကပေးတဲ့ မင်းလိုင်စင်
ဘလက်စာရင်းလို့ခက်ချေပြီ
ကီးမသိတော့ခက်သားလား သေပြီ
CopyRight @Mgwaiyan Copy From
သင်္ကြန်သီချင်းရှာပုံတော်မင်းသားကြီး
ကော်ပီရိုက်ထားတာကိုပြောတာပါ
သီချင်းစာသားတွေကိုကော်ပီရိုက်ထားတာလို့

ဝက်နံရိုးနဲ့ပဲပြားပေါင်း


လွယ်လွယ်ကူကူချက်တဲ့နည်းပဲရေးတော့မယ်
ဘာလို့လည်းဆိုတော့ ProKitchen ထဲမှာကပစ္စည်းစုံတယ်
အိမ်မှာဆိုရှာရတာမလွယ်ဘူးလေ
လိုတာတွေက
ဝက်နံရိုး.........၁ကီလို
ပဲပြား၂တုံး
ကြက်သွန်နီ/ဖြူ အနည်းငယ်
ဂျင်း အနည်းငယ်
ပဲငံပြာရည် အချို စားပွဲဇွန်း ၃ဇွန်း
ပဲငံပြာရည် အငံ စားပွဲဇွန်း ၁ဇွန်းခွဲ
chinese spice လက်ဘက်ရည်ဇွန်း၁ဇွန်း
ငရုတ်သီးအနီ အစေ့ထုတ် ၁တောင့်
ဆား,အချိုမှုန့် အနည်းငယ်
ပြုလုပ်ပုံ
ဝက်နံရိုးကိုအနေတော်လေးတွေတုံးပါ
ပဲငံပြာရည် အရသာ ဂျင်းကြက်သွန်နယ်ပါ
ပြီးတာနဲ့ပေါင်းလို့ရပါပြီ မြေအိုးလေးနဲ့ပေါင်းရင်ပိုကောင်းပါတယ်
ဝက်နံရိုးနူးခါနီးမှပဲပြားထည့်လိုက်ပါ မကျေအောင်လို့
ပုံရိုက်စရာဝက်သားမရှိလို့ပါ ရှိတဲ့ပုံလေးပဲတင်ပေးလိုက်တယ်
သူကမလေးစတိုင်ချက်ထားတာပါ BakKuTe တဲ့
တရုတ်လိုဆိုနံရိုးဟင်းချိုပေါ့ဗျာ အားလုံးပဲစားနိုင်ပါစေ
အားလုံးပြီးရင်အပေါ်ကနေငရုတ်သီးအနီတောင့်အစေ့ထုတ်
ပါးပါးလှီးပြီးဖြူးလိုက်ပါ စားလို့ရပါပြီ