လက်တလောမောင်ဝေယံ၁ယောက်

သေလောက်အောင် အလုပ်များနေပါတယ်
အလုပ်သစ် နေရာသစ်မှာ ဟိုတယ်အသစ်၁လုံးမှာလုပ်နေပါတယ်
ဟိုတယ်ကအခုမှစဖွင့်မှာပါ လူရော ဦးနှောက်ပါချောင်ကျနေပါတယ်
မီးဖိုချောင်ကိုဆောက်လက်စကနေစပြီး ဟင်းချက်လို့ရအောင်အထိ
သုညကနေစပြီးလုပ်နေရတာပါ ကျနော့်ရဲ့ ပထမဆုံးအတွေ့အကြုံပါ
ဘလောက်တွေလည်း မဖတ်နိုင်ပါဘူး တနေ့ ၁၅နာရီ အလုပ်ထဲမှာပါ
အားရင်အားသလိုရေးသွားပါ့မယ် အင်တာနက်ရတာမကြာသေးပါဘူး
လာလည်တာကျေးဇူးတင်ပါတယ်....အိမ်မလည်ဖြစ်တာကိုလည်းခွင့်လွှတ်ပါ
တကယ့်တကယ်မအားလို့ပါ ကျေးဇူးအများကြီးတင်ပါတယ်.......

Sunday, February 15, 2009

ချစ်သူများနေ့အတွက် set menu

ဒီနှစ်အတွက် ကာတာက set menu လေးပါ
ချစ်သူများနေ့အတွက် အထူးထုတ်ထားတဲ့ ဟင်းလျာစာရင်းလေးပါ
ခံတွင်းလိုက်စာအနေနဲ့ မင်းနဲ့ကိုယ်သူက ကော်ပြန့်လိပ်လေးတွေပါ
ဗီယက်နမ် ပုံစံလိပ်ထားတာပါ အထဲမှာ ပီကင်းဘဲကင်နဲ့၁မျိုး ယိုးဒယားကြက်သားသုတ်နဲ့က၁မျိုးပါ ၁မျိုးကို၃လိပ်စီနဲ့ ၆လိပ်ပါ
ဟင်းချိုကတော့ သံယောဇဥတဲ့သူကယိုးဒယားတုန့်ယမ်း ဟင်းချိုကို
အုန်းနို့ထည့်ချက်ထားတာပါ တုန်ခဂွန်း လို့ခေါ်ပါတယ် ဂွန်း ဆိုတာပုဇွန်ပါ
နောက်ပြီးတော့အအီပြေအောင် လိမ္မော် ရှားဘတ်လေးကျွေးပါတယ်
အဓိကဟင်းလျာတွေကိုတော့ ၂မျိုးပေးထားပါတယ် ၁မျိုးရွေးပြီးစားပေါ့
၁မျိုးက အချစ်အိပ်မက် တဲ့ သူက ကြက်ရင်ပုံသားကို ကြက်သားကြိတ်သားရယ်တို့ဟူးအစာသွပ်ပြီးလိပ်တာပါ
ပင်စိမ်းရွက်လေးကိုအနံအတွက်ထည့်ထားပါတယ် သူ့ကို အုန်းထမင်းလေးရယ် ပန်းပွင့်အဖြူနဲ့အစိမ်းရယ်တွဲပြီး
ငရုတ်ကောင်းဆောစ့်လေးဆမ်းပြီးကျွေးပါတယ် နောက်၁မျိုးကတော့ ချစ်ခြင်းမေတ္တာာ သူကတော့
ဆယ်လမွန်ငါးကို ဒယ်မှာဆီပါးပါးနဲ့ကင်တာပါ ဂျပန်မြူဆွမ်လေးရယ် ဟင်းသီးဟင်းရွက်အနည်းငယ်ရယ်
ယိုးဒယား ငရုတ်သီးဆောစ့် အချိုလေးရယ်တွဲပြီး ပြင်ဆင်ပေးတယ် အားလုံးလည်းပြီးရော အချိုပွဲ အနေနဲ့
ယင်းယန် တရုတ်အခေါ် သဘာဝပေါ့ဗျာ အဖြုနဲ့ အမည်း ကောက်ညင်းပေါင်း၁မျိုး ကို ရေခဲမုန့်ရယ်
နာနတ်သီးကြော်လေးရယ် နဲ့တွဲပြီး နောက်ဆုံးအချိုတည်းဖို့ကျွေးလိုက်တယ် ဒါပါပဲ ရိုးရိုးလေးပါ
ဓါတ်ပုံတွေကို သပ်သပ်ခွဲတင်လိုက်တယ် ကြည့်ချင်ကြည့်လို့ရအောင် ကျွန်တော်တို့ဘယ်လိုပြင်လည်းဆိုတာ
မအားလို့အခုမှပဲတင်ရတော့တယ်

0 အဲ့လိုပြောထားတယ်: