လက်တလောမောင်ဝေယံ၁ယောက်

သေလောက်အောင် အလုပ်များနေပါတယ်
အလုပ်သစ် နေရာသစ်မှာ ဟိုတယ်အသစ်၁လုံးမှာလုပ်နေပါတယ်
ဟိုတယ်ကအခုမှစဖွင့်မှာပါ လူရော ဦးနှောက်ပါချောင်ကျနေပါတယ်
မီးဖိုချောင်ကိုဆောက်လက်စကနေစပြီး ဟင်းချက်လို့ရအောင်အထိ
သုညကနေစပြီးလုပ်နေရတာပါ ကျနော့်ရဲ့ ပထမဆုံးအတွေ့အကြုံပါ
ဘလောက်တွေလည်း မဖတ်နိုင်ပါဘူး တနေ့ ၁၅နာရီ အလုပ်ထဲမှာပါ
အားရင်အားသလိုရေးသွားပါ့မယ် အင်တာနက်ရတာမကြာသေးပါဘူး
လာလည်တာကျေးဇူးတင်ပါတယ်....အိမ်မလည်ဖြစ်တာကိုလည်းခွင့်လွှတ်ပါ
တကယ့်တကယ်မအားလို့ပါ ကျေးဇူးအများကြီးတင်ပါတယ်.......

Thursday, February 26, 2009

ဘယ်သူကအမိ ဘယ်သူကအဖ

Forward Mail ၁စောင်ဖတ်ရပါတယ် မြန်မာကျူးပစ်က မန်ဘာတွေရဲ့ဟာသတွေပါ ရတနာမောင်ရေးတာပါ
သူ့သားလေးကျောင်းအပ်တာကိုရေးထားတာပါ ကျွန်တော်ဖတ်ပြီးသဘောကျလို့ရှယ်တာပါ
:r :r :r ဒီလိုဗျ သူရေးထားတာက ဆာဂျင်မောင်ရဲ့သား ဂျူနီယာမောင်ကိုကျောင်းအပ်တယ်တဲ့ မဒမ်မောင်နဲ့
လျောက်လွှာမှာ မိဘတွေအမည်ကိုဖြည့်တာ ကြည့်ပြီးဆရာမက မဒမ်မောင်ကို ရှင်ရူးနေလားလို့မေးတယ်တဲ့
မဒမ်မောင်ကလည်း ဆရာမကို သတင်းစာမဖတ်ဘူးလားလို့ပြန်မေးလိုက်တယ် မဒမ်မောင်ဖြည့်ထားတာက
မိဘအမည်ရဲ့နေရာမှာ အဖအမည်=တပ်မတော် အမိအမည်=တပ်မတော်ပါတဲ့ ဗျား :r :r :r ;) ;) ;)
ကိုရတနာမောင်ရေ စဉ်းစားဥာဏ်ကိုလေးစားပါတယ်ဗျာ :D :D

0 အဲ့လိုပြောထားတယ်: