လက်တလောမောင်ဝေယံ၁ယောက်

သေလောက်အောင် အလုပ်များနေပါတယ်
အလုပ်သစ် နေရာသစ်မှာ ဟိုတယ်အသစ်၁လုံးမှာလုပ်နေပါတယ်
ဟိုတယ်ကအခုမှစဖွင့်မှာပါ လူရော ဦးနှောက်ပါချောင်ကျနေပါတယ်
မီးဖိုချောင်ကိုဆောက်လက်စကနေစပြီး ဟင်းချက်လို့ရအောင်အထိ
သုညကနေစပြီးလုပ်နေရတာပါ ကျနော့်ရဲ့ ပထမဆုံးအတွေ့အကြုံပါ
ဘလောက်တွေလည်း မဖတ်နိုင်ပါဘူး တနေ့ ၁၅နာရီ အလုပ်ထဲမှာပါ
အားရင်အားသလိုရေးသွားပါ့မယ် အင်တာနက်ရတာမကြာသေးပါဘူး
လာလည်တာကျေးဇူးတင်ပါတယ်....အိမ်မလည်ဖြစ်တာကိုလည်းခွင့်လွှတ်ပါ
တကယ့်တကယ်မအားလို့ပါ ကျေးဇူးအများကြီးတင်ပါတယ်.......

Tuesday, February 17, 2009

စားဖိုမှုးဘ၀ ကြုံသမျှ ၁

စားဖိုမှုးဆိုတာယဉ်ယဉ်ကျေးကျေးခေါ်တာပါ တကယ်တော့ ထမင်းချက်ပေါ့ :( လူတွေကပြောကြတာပဲ
နောက်၁မျိုးကျတော့လည်း ဂုဏ်မြင့်မြင့်ပေါ့ Chef ကြီး :D ကျွန်တော် က Chef မဖြစ်သေးပါဘူး
ထမင်းချက်ဘ၀ပဲရှိပါသေးတယ် Kitchen အခေါ် Commic ပေါ့ ဒါတွေထားပါ ပြောချင်တာ ကျွန်တော်တို့ရဲ့ဘဝ
ထမင်းချက်တွေမှာ ၂၄နာရီ အလုပ်ချိန်ရှိပါတယ် မနက်စာ နေ့လည်စာ ညစာ ၃ဆိုင်းပေါ့ဗျာ ညဆိုင်းကတော့
လူနည်းတယ် ကျွန်တော်ဒီအလုပ်ကိုဝါသနာပါတာလည်းရုပ်ရှင်ကြည့်လို့ဗျ စိတ်ကူးယဉ်တာပေါ့လေ
အချစ်ဆုံးအတွက်ဟင်း၁ခွက်တဲ့ ကျွန်တော့်ချစ်သူချက်ကျွေးချင်တာပေါ့ စတိုင်တွေမလိုင်တွေနဲ့ ( :D မရှိပါဘူးကြွားတာ)
ဒါနဲ့ပဲ ကန်တော်ကြီးဟိုတယ်ကဖွင့်တဲ့ စားဖိုမှူးသင်တန်းကိုရောက်ရော စားဖိုမှူးမှမဟုတ်ပါဘူးအဲ့ဒီ့မှာ ဟိုတယ်နဲ့ပတ်သက်တာ အကုန်ရှိပါတယ် အဲ့ဒီ့က စတာပဲ ၂လသင်တန်းတတ် ဆရာတွေကသင် ပေါက်ကရတွေချက် Cookie တွေလုပ် ကောင်မလေးတွေကိုပေး :D :p ဆရာတွေကသေချာသင် ကိုယ်တွေကတလွဲလုပ် စာမေးပွဲတွေလည်းပြီးရော သင်တန်းလည်းပြီးရော သူများလိုစာမတော်တော့
၁ကနေ ၁၀ မ၀င် အဲ့တာနဲ့သင်တန်း၁ခန်းရပ်ရော စာတော်ရင်ကန်တော်ကြီးဟိုတယ်မှာ အလုပ်သင်၁လဆင်းရတယ် ကျွန်တော်တို့ရဲ့ရွှေနိုင်ငံကြီးမှာ အလုပ်တွေပေါတယ်မဟုတ်လား သင်တန်းပြီးတာနဲ့
အောင်လက်မှတ်လေးကိုင်ပြီးအလုပ်ရှာပေါ့ ဖိနပ်သာပါးတယ်အလုပ်မရဘူးဗျို့ :x :D ဒါနဲ့ပဲ အိမ်မှာပဲအသုံးချတာပေါ့ သူငယ်ချင်းတွေခေါ်ချက်ကျွေး ကောင်းကောင်းမကောင်းကောင်းကောင်းတယ်ပြော
နောက်တော့လည်းမနေနိုင်ပါဘူး ကံလေးကောင်းချင်တော့ ကရိတ်ဝိတ်နန်းတော်ကခေါ်တယ် အကူအနေနဲ့
အလုပ်ရပြီပေါ့ အားတတ်သရော်နဲ့ သွားတာ Store ထုတ်တာနဲ့စတာပဲဗျို့ :( သယ်စမ်း၁နေ့တာချက်မယ့် ကုန်စိမ်းတွေကုန်ခြောက်တွေ ပြီးရင်လာသေးတယ် ခွာ ကြက်သွန် ဂျင်း ယောင်လို့တောင်မချက်ရဘူးဗျို့
၁နေကုန်လည်းမတ်တပ် :( ၀ါသနာတွေ ၀ါသနက်တွေ ဘယ်တွေထွက်ပြေးမှန်းကိုမသိတာ :v ဒီလိုနဲ့ ပညာသင်
ကုသိုလ်လေးကောင်းခြင်တော့ ၁လကျော်တာနဲ့ ကုန်သည်ကြီးများဟိုတယ်က အလုပ်ခန့်စာမေးပွဲခေါ်ရော
အောင်တယ်ဗျ အရွှီးကောင်းတော့ ကျွမ်းကျင်အဆင့်တော့မရဘူးလေ အလုပ်သင်ပဲပေါ့ ဘာဖြစ်ဖြစ်လေ
မြို့တော်ရန်ကုန်မှာ နာမည်ကြီးဟိုတယ်ပဲ လုပ်တာပေါ့ လခကအများကြီးဗျ အလုပ်သင်လခ FEC ၁၅ကျပ်ကြီးများတောင်ရတာ ဒါပေမဲ့ဟိုတယ်ကကြင်နာတယ် ထမင်းကျွေးတယ် ခံစားခွင့်တွေပေးတယ်
ပျော်တာပေါ့ အရင်အလုပ်ထက်သာတော့ အတူတူပါပဲ ခွာလိုက်ရတဲ့ကြက်သွန် ခုတ်လိုက်ရတဲ့ ဟင်းသီးဟင်းရွက် ချက်တဲ့ဆီကိုမရောက်ဘူး စိတ်တော်တော်ပျက်တာ :( :c နောက်တော့ချက်ရတယ်
စစချင်းချက်တာပဲ တူးတာနဲ့စတာ :p ကျွန်တော့်ကို ဂျာကြီးက ကြက်သွန်နီဟင်းချိုအတွက်ကြက်သွန်ဆီသတ်ခိုင်းတာ မီးများပြီးတူးရော :p အဲ့တာနဲ့ဆူတာပေါ့ ဆုံးမတယ်
ဘာညာဘာညာ ဒီလိုနဲ့ပဲ၆လကြာတယ်အလုပ်သင်ဘ၀မှာ အသေးစိတ်ရေးရင် ၀တ္ထု၁အုပ်ရတယ်ဗျို့ နေ့တိုင်းနေ့တိုင်းကြုံရတာတွေအကုန်ပြောရင်သူများတွေပြောသလို သောကမျက်ရည်ဘူးသီးလုံးလောက်ကျမယ်
:) ဟိုတယ်ကြီးတော့အလုပ်ပိုပင်ပန်းတယ်ဗျ သယ်လိုက်ရတဲ့ဟင်းသီးဟင်းရွက် ခွာလိုက်ရတဲ့မှို လှီးလိုက်ရတဲ့လက် လက်ဆို၁ခုလုံးဒါးရှရာတွေကြီးပဲ အပူကလည်းခဏခဏလောင်သေး ခုဆိုအပူလောင်တာ ပူကိုမပူတော့တာ အရေထူနေပြီ :D နောက်တော့ ကြက်ဥကျော်ရပါတယ် မနက်ဆိုင်းမှာ ဧည့်သည်တွေ မနက်စာစားတဲ့နေရာမှာ ကြက်ဥကိုသူတို့ရှေ့မှာလတ်လတ်ဆတ်ဆတ်ကြော်ပြရတာ ရှက်လိုက်တာ လူတွေကရာကျော် မှာတာတွေကများ ကိုယ်ကလည်းထူပူ ဘေးမှာဆရာကကြည့်နေတာ စစချင်းကြော်တဲ့နေ့က
ကြက်ဥအရည် ၂လီတာပျက်တယ် :x ၀န်ထမ်းစားသောက်ခန်းကလူတွေပျော်နေတာ ပျက်သမျှကြက်ဥကြော်
သူတို့ဆီရောက်တာကိုး :D ဒီလိုနဲ့ဆရာကျလာရော ၆လလည်းကျော်ရော အချိန်ပိုင်းအလုပ်ခန့်ရော Casual ပေါ့
အဲ့ဒီ့မှာ ကိုယ့်နောက်ပေါက်တွေရောက်လာတာပေါ့ အလုပ်ချိန်ကလည်း ညနေစာအတွက်နေ့ခင်းပိုင်းတွေဘာတွေပြောင်းသွားတယ် ညဆိုင်းကတော့ ပညာပိုင်မှဆင်းရတာ သူကဟိုတယ်၁လုံးလုံးမှာမှ ၂ယောက်ထဲ ဟိုတယ်၁လုံးလုံးစာချက်ရတာ ဧည့်သည်တွေအတွက် တခြားKitchen တွေမှာလည်းရှိတာပေါ့ ကျွန်တော်တို့ kitchen ကတော့၂ယောက် မုန့်ဖုတ်တာ ၃ယောက် ၀န်ထမ်းမနက်စာက၁ယောက် ဟိုတယ်၁ခုလုံးမှ ၆ယောက် ညနေစာကျတော့အ၀စား Buffet ဗျ ဟင်းပွဲ ၇ပွဲ လတ်လတ်ဆတ်ဆတ်လှီးပြတာ ၁ပွဲ ခေါက်ဆွဲကြော်တာ၁ပွဲ(Pasta) Soup က၁မျိုး နောက် ပီဇာက၁မျိုး ရှုပ်နေတာပဲ အဲ့တာတွေအကုန်းလုံး လူ၃ယောက်၁ခါ၁လေ ၄ယောက်နဲ့ချက်ရပါတယ် နောက်ညဆိုင်းသမားလိုတာအတွက်ပြင်ပေးရတယ် ညဆိုင်းက၁ယောက်ထဲကိုး ဒီလိုနဲ့လုံးလည်ချာလည်လိုက်လာတာ ၁နှစ်ကျော်လာရော ညဆိုင်းကိုစမ်းဆင်းရတယ် ၁ညလုံး၁ယောက်ထဲ
ဒေါင်ချာဆိုင်းလို့ ချက်ရတာ မနက်စာဟင်းပွဲ ၁၀ပွဲကို လူ ၂၀၀ကျော်စာချက်တာ ချွေးပျံတာ ကြောက်လည်းကြောက် ၁ခါမှလည်းမကြုံဘူး ဘေးကသူငယ်ချင်းကလည်း ၁၀ပွဲချက်ရတာ တူတူပဲဆိုတော့ ပြောပဲပြောပြနိုင်တယ် မကူနိုင်ဘူး မောင်ဝေယံ၁ယောက်အမောတွေဖောက်တာ ပထမဆုံးညမှာ ဒီလိုနဲ့ ဂျူတီ၃ဆိုင်းလည်းဆင်းနိုင်ရောအမြဲတမ်းဝန်ထမ်းဖြစ်ရော စုစုပေါင်း ၁နှစ်ခွဲကျော်ကြာပါတယ် အချိန်တွေကသာ ကြာတယ်ထင်ရတာ ဖြတ်သန်းပြီးတော့ ခဏလေးလိုပဲ နောက်ကျတော့ ဘုန်းဘုန်းတွေ သွေးမြေကျပြီးတော့ မောင်ဝေယံဗမာပြည်မှာနေရမှာကြောက်လာရော ဒါနဲ့သူများနည်းတူကြိုးစားတာပေါ့နိုင်ငံခြားမှာ ထမင်းချက်မယ်ပေါ့ ကာတာကဟိုတယ်က သဘောကျတယ်တဲ့ မင်း ရုပ်ချော သဘောကောင်းတယ်ပေါ့ လာလုပ် လခကောင်းကောင်းပေးမယ်ဆိုပြီးခေါ်တာ မောင်ဝေယံလည်း ကာတာရောက်လာရော အာရပ်ပြည်ကစီလုပ်လေးပေါ့ဗျာ :D :D :D စာတွေရှည်မှာဆိုးလို့အသေစိတ်မရေးတော့ဘူး ပြီးခဲ့တဲ့ ၂၀၀၉
ဇန်န၀ါရီလက ထမင်းချက်ဘ၀ ၃နှစ်ပြည့်တယ် ဒါပဲ ...... :z :z :z

2 အဲ့လိုပြောထားတယ်:

Anonymous said...

အဟေဟေ... အရေးအသားနဲ့ အတွေ့အကြုံ
လေးတွေကတော့ဗျာ........။ လန်းပါပေ့ဗျာ။
စာေ၇းဆရာ အကြည်တော် ပြောသလို တချိန်က ဒုက္ခတွေက အခုတော့ ဟာသတွေ ဖြစ်
ကုန်ပြီပေါ့နော်။

Anonymous said...

အလဲ့... ကောင်းလိုက်တဲ့ အတိတ်မှတ်တမ်း...
နောက်ဆို အိမ်က ဘာဟင်းချက်ရမှန်း မသိရင် ဒီမှာ လာမွှေမယ်နော်... ခစ်ခစ်ခစ်