လက်တလောမောင်ဝေယံ၁ယောက်

သေလောက်အောင် အလုပ်များနေပါတယ်
အလုပ်သစ် နေရာသစ်မှာ ဟိုတယ်အသစ်၁လုံးမှာလုပ်နေပါတယ်
ဟိုတယ်ကအခုမှစဖွင့်မှာပါ လူရော ဦးနှောက်ပါချောင်ကျနေပါတယ်
မီးဖိုချောင်ကိုဆောက်လက်စကနေစပြီး ဟင်းချက်လို့ရအောင်အထိ
သုညကနေစပြီးလုပ်နေရတာပါ ကျနော့်ရဲ့ ပထမဆုံးအတွေ့အကြုံပါ
ဘလောက်တွေလည်း မဖတ်နိုင်ပါဘူး တနေ့ ၁၅နာရီ အလုပ်ထဲမှာပါ
အားရင်အားသလိုရေးသွားပါ့မယ် အင်တာနက်ရတာမကြာသေးပါဘူး
လာလည်တာကျေးဇူးတင်ပါတယ်....အိမ်မလည်ဖြစ်တာကိုလည်းခွင့်လွှတ်ပါ
တကယ့်တကယ်မအားလို့ပါ ကျေးဇူးအများကြီးတင်ပါတယ်.......

Sunday, February 22, 2009

သင်္ဘောသီးသုတ်လေး


စာမရေးတာကြာပါပြီ ဟင်းချက်နည်းကိုပြောတာပါ :D ပျင်းနေတာရယ် စဉ်းစားမရတာရယ်ပါ
ကျွန်တော် ချက်နေတာအများကြီးပါ ဒါပေမဲ့ အိမ်တွေမှာလည်းလုပ်လို့လွယ်မယ့်ကောင်တွေစဉ်းစားနေရတာ
တော်ကြာ အိမ်မှာချက်လို့မလွယ်တဲ့ကောင်တွေရေးရင်လာဖတ်တဲ့လူတွေ စိတ်ဆိုးမှာဆိုးလို့ပါ :D :D
ခုစဉ်းစားလိုက်တာ သင်္ဘောသီးသုတ်လေးရေးရင်ကောင်းမလားလို့ပေါ့
လိုအပ်တာတွေက
သင်္ဘောသီးအစိမ်း ခြစ်ပြီး အနည်းငယ်(အလုံးသေးလေး၁လုံးဆိုတော်တော်ရပါတယ်)
ငရုတ်သီးစိမ်း ပါးပါးလှီး
ခရမ်းချဉ်သီး အစေ့ထုတ် ပါးပါးလှီး(၁လုံးဆိုပိုတောင်နေပါပြီ)
ပုဇွန်ခြောက် အပေါ်ကနေဖြူးဖို့ပါ(မြေပဲဆံထောင်းထားတာလေးလည်းအနည်းငယ်လိုပါတယ်)
ထန်းလျက်ရည် မရှိရင် သကြားရည်ကိုသုံးလို့ရပါတယ် စားပွဲဇွန်း ၁ဇွန်းခွဲ
ငံပြာရည် စားပွဲဇွန်း ၁ဇွန်းခွဲ
သံပုရာရည် အနည်းငယ်
ပဲသီးကိုရေနွေးဖျောထားတာ ၃တောင့်၎တောင့်လောက် လိုပါတယ် အာလုံးပြင်ဆင်ပြီးရင်တော့ သုတ်နိုင်ပါပြီ သုတ်ပြီးပြီဆို ပုဇွန်ခြောက်လေးတွေရယ်မြေပဲဆံလေးတွေဖြူးပြီးစားလို့ရပြီပေါ့ဗျာ
ကျွန်တော်အခုရေးလိုက်တာယိုးဒယားနည်းပါ Som Tum လို့ခေါ်ပါတယ် ဗမာ့နည်းဗမာ့ဟန်
ကိုတော့ကျွန်တော်လည်း မကျွမ်းကျင်ပါဘူး သင်္ဘောသီးထောင်းလို့လည်းပြောကြပါတယ် ငပိမီးဖုတ်လည်းပါမယ်ထင်တယ် မှန်ရာကိုဝန်ခံတာပါ သေချာမသိပါဘူး အရင်တုန်းကတော့ အမေသုတ်တာပဲစားတာပါ :D ဓါတ်ပုံက Site ၁ခုကယူထားတာပါ

0 အဲ့လိုပြောထားတယ်: