လက်တလောမောင်ဝေယံ၁ယောက်

သေလောက်အောင် အလုပ်များနေပါတယ်
အလုပ်သစ် နေရာသစ်မှာ ဟိုတယ်အသစ်၁လုံးမှာလုပ်နေပါတယ်
ဟိုတယ်ကအခုမှစဖွင့်မှာပါ လူရော ဦးနှောက်ပါချောင်ကျနေပါတယ်
မီးဖိုချောင်ကိုဆောက်လက်စကနေစပြီး ဟင်းချက်လို့ရအောင်အထိ
သုညကနေစပြီးလုပ်နေရတာပါ ကျနော့်ရဲ့ ပထမဆုံးအတွေ့အကြုံပါ
ဘလောက်တွေလည်း မဖတ်နိုင်ပါဘူး တနေ့ ၁၅နာရီ အလုပ်ထဲမှာပါ
အားရင်အားသလိုရေးသွားပါ့မယ် အင်တာနက်ရတာမကြာသေးပါဘူး
လာလည်တာကျေးဇူးတင်ပါတယ်....အိမ်မလည်ဖြစ်တာကိုလည်းခွင့်လွှတ်ပါ
တကယ့်တကယ်မအားလို့ပါ ကျေးဇူးအများကြီးတင်ပါတယ်.......

Sunday, February 15, 2009

ကဗျာလိုလိုစာလိုလို

မနေ့ကဆိုတာ မရှိခဲ့ရင်
ဒီနေ့ဆိုတာဖြစ်မလာဘူး
လူဆိုးဆိုတာမရှိခဲ့ရင်
လူကောင်းဆိုတာလည်း
ပေါ်မလာဘူး
အကောင်းရှိဖို့အဆိုးဆိုတာဖြစ်လာခဲ့တာ
ချစ်သူ
မင်းကိုချစ်တယ်လို့မပြောရဲဘူး
အချစ်ဆိုတာဖြစ်ပေါ်လာရင်
တနေ့နေ့ အမုန်းဆိုတာဖြစ်တည်လာမှာ
ငါကြောက်တယ်.......

0 အဲ့လိုပြောထားတယ်: