လက်တလောမောင်ဝေယံ၁ယောက်

သေလောက်အောင် အလုပ်များနေပါတယ်
အလုပ်သစ် နေရာသစ်မှာ ဟိုတယ်အသစ်၁လုံးမှာလုပ်နေပါတယ်
ဟိုတယ်ကအခုမှစဖွင့်မှာပါ လူရော ဦးနှောက်ပါချောင်ကျနေပါတယ်
မီးဖိုချောင်ကိုဆောက်လက်စကနေစပြီး ဟင်းချက်လို့ရအောင်အထိ
သုညကနေစပြီးလုပ်နေရတာပါ ကျနော့်ရဲ့ ပထမဆုံးအတွေ့အကြုံပါ
ဘလောက်တွေလည်း မဖတ်နိုင်ပါဘူး တနေ့ ၁၅နာရီ အလုပ်ထဲမှာပါ
အားရင်အားသလိုရေးသွားပါ့မယ် အင်တာနက်ရတာမကြာသေးပါဘူး
လာလည်တာကျေးဇူးတင်ပါတယ်....အိမ်မလည်ဖြစ်တာကိုလည်းခွင့်လွှတ်ပါ
တကယ့်တကယ်မအားလို့ပါ ကျေးဇူးအများကြီးတင်ပါတယ်.......

Showing posts with label Rice. Show all posts
Showing posts with label Rice. Show all posts

Tuesday, May 12, 2009

ထမင်းပေါင်း



ဆိုင်မှာမရောင်းပါဘူး လာဖတ်တဲ့လူတွေ စားချင်အောင်လို့
မဲဆွယ်တာပါ ထမင်းပေါင်းကြိုက်တဲ့လူ ရှိမလား မသိဘူး
ကျနော်ကတော့ကြိုက်ပါတယ် စားကြနော် အားမနာနဲ့

လိုအပ်တာက

  • ထမင်း ပန်းကန်လုံးတစ်လုံး(၁ယောက်စာ)
  • Bok Choy အနည်းငယ်
  • မုန်ညှင်းဖြူ အနည်းငယ်
  • မုန်လာဥနီ အနည်းငယ် ပါးပါးလှီး
  • မှို အနည်းငယ်
  • Chives အနည်းငယ်
  • ပဲသီး အနည်းငယ်
  • ကော်မှုန့် စားပွဲဇွန်း ၃ဇွန်း
  • ပဲငံပြာရည် စားပွဲဇွန်း ၁ဇွန်း(အကြည်)
  • ပဲငံပြာရည် စားပွဲဇွန်း ဇွန်းဝက်(အနောက်)
  • ခရုဆီ စားပွဲဇွန်း ၁ဇွန်း
  • နှမ်းဆီ အနည်းငယ်
  • ဆီ စားပွဲဇွန်း ၂ဇွန်း
  • ကြက်သွန်(ဖြူ ၊ နီ) အနည်းငယ် ဒါးပြားရိုက်
  • တရုတ်နံနံ ၃ပင်ခန့်(celery သုံးလည်းရပါတယ် အတူတူပါပဲ)
  • အသား မိမိလိုသလောက်
  • ရေ ယောက်ချို ၁ဇွန်းခွဲခန့်
စတာတွေလိုပါတယ်
အရသာလေးလေးကြိုက်မယ်ဆို ဆား အချိုမှုန့် ထပ်ထည့်နိုင်ပါတယ်
ထမင်းကို အပူပေးထားပါ ပန်းကန်လုံးမှာ ပုံစံရိုက်ထားပါ
ပန်းကန်လုံးကိုအုပ်ထားပြီး ခဏထားပါ
ဟင်းအနှစ်ချက်ပါမယ်
ဒယ်အိုးတစ်လုံးမှာ ကြက်သွန်ဖြူ ၊ နီ ဆီသတ်ပါ
တရုတ်နံနံထည့်ဆီသတ်ပါ အသားထည့်ပါ(အသားကင်ရှိမယ်ဆို အင်မတန်ကောင်း)
မွှေပေးပါ အသား အပေါ်ကျော အရောင်ရလာရင် ဟင်းသီးဟင်းရွက်တွေထည့်ပါ
မွှေကြော်ပေးပါ ဟင်းရွက်နည်းနည်း နွမ်းလာရင် ရေ(ကြက်ပြုတ်ရည်)ထည့်ပါ
အရသာတွေထည့်ပါ ဆူလာအောင်စောင့်ပေးပါ ကော်မှုန့်ကိုရေဖျော်ထားပါ
ဆူလာပြီဆိုရင် ရေဖျော်ထားတဲ့ ကော်မှုန့်ကိုဖြေးဖြေးချင်းလောင်းပြီးကော်ဆွဲပေးပါ
ကော်ဆွဲတာသတိထားပါ လက်မြန်ရင် ကော်တွေလုံးပါတယ် ကော်ရည်ကိုဖြေးဖြေးချင်းလောင်း
ယောက်ချိုက မွှေပေး အဆက်မပြန်စေနဲ့ ကော်ပျစ်လာပြီဆို ထမင်းပေါင်းအပေါ်ကလောင်းဖို့
ကော်ရည်ရပါပြီ ကျနော်ပြထားတဲ့ပြင်ဆင်ပုံက ကျနော့်စိတ်ကူးပါ ကြိုက်သလိုပြင်ပါ
ပြီးရင် ကောင်းကောင်း ကျကျ နန သုံးဆောင်နိုင်ပါပြီဗျာ

Saturday, April 4, 2009


အချိန်မရတဲ့ကြားက post ၁ခု ရေးပါမယ် အခုဆို အထုတ်တွေအပိုးတွေနဲ့ မောင်ဝေယံ၁ယောက်
ဘုံပျောက်ပါတော့မယ် ခုနာနတ်သီးထမင်းကြော်ရေးချင်ပါတယ်
လိုအပ်တာတွေကတော့

  • နာနတ်သီး ၁လုံး(အတွင်းသားများကို အတုံးလေးများတုံးထားပါ)
  • ထမင်းပန်းကန်လုံး ၁လုံး
  • စပျစ်သီးခြောက် အနည်းငယ်(ရေစိမ်ထားပါ)
  • ကြက်သွန်နီ အတုံးလေးများ အနည်းငယ်
  • အသားနှစ်သက်ရာ (အတုံးလေးများ)
  • နနွင်းမှုန့် အနည်းငယ်
  • ဆား လက်ဘက်ရည်ဇွန်း ၁ဇွန်း
  • သကြား လက်ဘက်ရည်ဇွန်း ဇွန်းဝက်
  • အရသာမှုန့် ဇွန်းဝက်
  • ကြက်ဥ ၂လုံး
  • ဆီ အနည်းငယ်
ပြုလုပ်ပုံ
အိုးတစ်လုံး တွင် ဆီတည်ပျှါပူလာလျှင် ကြက်ဥကိုမွှေကြော်ပါ ပါဝင်ပစ္စည်းများကိုထည့်ပါ
အရသာထည့်ပါ မွှေပေးပါ မီးအေးအေး နှင့် မွှေပေးပါ ထမင်းအရောင်နှံလာလျှင် အရသာမြည်းကြည့်ပေးပါ
မီးမပြင်းပါစေနဲ့ မတူးအောင်သတိထားပေးပါ အရသာအဆင်ပြေ၍ ထမင်းအရောင်နှံရင်ရပါပြီ
နာနတ်သီး အလှဆင်တာကတော့ မထည့်လည်းရပါတယ် ကျွန်တော်တို့ကျတော့ ဆိုင်မှာရောင်းတာဆိုတော့ အလှဆင်ဖို့လိုပါတယ် ကဲကျေးဇူးတင်ပါတယ် နောက်အားရင်အားသလိုရေးသွားပါမယ်

Tuesday, February 17, 2009

ဆီထမင်း


ခုတလောဆီထမင်းတော်တော်စားချင်ပါတယ် စိတ်ထဲမှာ ဗမာစာတွေလွမ်းတယ် ကောက်ညှင်းနဲ့လုပ်တဲ့
ဆီထမင်းတို့ကောက်ညှင်းပေါင်းတို့ အရမ်းစားချင်တာပဲ ဆောင်းတွင်းမှာလေ ငါးခြောက်ကြော်လေး
ရေနွေးကြမ်းလေး နဲ့ ကောက်ညှင်းပေါင်းဒါမှမဟုတ် ဆီထမင်းတူးတူးလေး စားချင်တာဗျာ အာသီသပေါ့ :D
ဆီထမင်းက တော့လူတိုင်းချက်တတ်မှာပါ :D ရေးစရာမရှိလို့ လုပ်စားတာ တော်ကြာပျင်းသွားမှာဆိုးလို့
ကောက်ညှင်းဆန် ၁ပြည် ဆီ ၂၀သား ကြက်သွန်နီ ၂၀သား ဆားအနည်းငယ် ဆနွင်း လိုတယ် ကောက်ညင်းဆန်ကိုစင်အောင်ဆေး ရေစိမ် ပျော့အောင်လို့ ကြက်သွန်နီ ကို ပါးပါးလေးတွေလှီးထားပါ နောက်ဒယ်အိုး၁လုံးမှာ ဆီတည် ဆီပူလာပြီဆိုရင် ကြက်သွန်နီကိုဆီသတ်ပါ နည်းနည်းအရောင်ရရင်
မီးဖိုပေါ်ကချထားပါ ပြီးရင်၁၀က်ကျော်ကျော်ကိုဆယ်ထားပါ ဆနွင်းထည့်ပါ အရောင်လှအောင် ဆန်ထည့်ပါ ဆားထည့်ပါ မွှေပေးပါ သမအောင် နောက်ပြီး ရေကို ဆန်အပေါ်လက်၁ဆစ်လောက်မြုတ်ရုံလေးထည့်ပါ
မီးပါးပါးလေးနဲ့မွှေပေးပါ ပြီးရင်အဖုံးအုပ်ထားပါ ရေမများစေဖို့သတိထားပါ ရေခမ်းပြီဆို အပျော့အမာအနေအထားကြည့်ပါ နည်းနည်းမာသေးရင်ရေနည်းနည်းလိုက်ပါ အထက်အောက်လှန်ပါထမင်းကို
ချိုး ရအောင် နပ်ပြီဆိုရင်တော့ မီးဖိုကနေချပြီးစားဖို့ပြင်ပါတော့ ကြက်သွန်နီကျော်ထားတဲ့ ဆီကျက်ဖတ်လေးရယ် နှမ်းထောင်းလေးရယ် ငါးခြောက်ကြော်လေးရယ် လိုက်ဖက်တာပေါ့ဗျာ ဆားရယ်နှမ်းရယ်ထောင်းလိုက် လွယ်လွယ်လေး နှမ်းလှော်ထားပြီးသားပြောတာနော် အစိမ်းကြီးမထောင်းနဲ့
:D :D :D :z မေ့လို့ အုန်းသီးလေးတွေဖြူးစားဦးနော် :D ဓါတ်ပုံကတော့ Forward mail ကပါဗျာ

Friday, February 6, 2009

တပို့တွဲရဲ့ နှမ်းမနှဲ(ထမနှဲ)

ငယ်ငယ်တုန်းကကျောင်းစာမှာသင်ဘူးတယ်
နောက်ပြီး အမြဲတမ်းလည်းစားတယ်
ရိုးရာအစားအစာလေးပေါ့
ဗမာပြည်နဲ့ဝေးတော့မှ သတိရတာလေးတွေပါ
နက်ဖြန်ဆိုပဲ တပို့တွဲလပြည့်ပြီ ထမနှဲထိုးချင်ထိုးနိုင်အောင်ပါ
လိုအပ်တာတွေကတော့
ကောက်ညှင်းဆန် ဂလုံး(၁ပြည်)
ဆီ ၂၅ကျပ်သား
မြေပဲ ၂၀၀ဂရမ်
ချင်း(ဂျင်း) ၅၀ဂရမ်
ဆား စားပွဲဇွန်း ၂ဇွန်း
အုန်းသီး အနည်းငယ် (အသားချည်းသပ်သပ်)

ပြုလုပ်ပုံ
ကောင်ညင်းဆန်ကိုရေစိမ်ထားပါ နူးလွယ်စေရန်
ကောက်ညှင်းဆန်ပျော့လောက်ပါက ရေစစ်ထားပါ
ဒယ်အိုးစောက်နက် ၁လုံးတွင် ဆီတည်ပါ
မြေပဲ အုန်းသီး ဂျင်း ဆီသတ်ပါ ဆာါး၁ခါတည်းရောထည့်ပါ
ပြီးလျှင်ကောက်ညှင်းဆန်ထည့်ပါ သမအောင်မွှေပေးပါ
အားလုံးသမသွားရန် ရေကို ဆန် အထက် လက်၎လုံးမြုတ်အောင်ထည့်
ပြီးလျှင်ဆူအောင်တည်ပါ မီးမပြင်းပါစေနဲ့ အကယ်၍ဆန်မနပ်သေးရင်
ရေနည်းနည်းချင်းလိုက်ပေးပါ ရေခန်းပြီး ဆန်နူးပြီဆို
မီးဖိုပေါ်ကချပါ ယောက်မ ၂လက်နဲ့ ကြေအောင်ထိုးမွှေပေးပါ
ဆန်လည်းကျက် အစာတွေလည်းနှံပြီ ကျေပြီဆို နှမ်းမနှဲ(ထမနှဲ)ရပါပြီဗျာ
ဓါတ်ပုံတော့မရှိလို့မတင်တော့ဘူးဗျာ :((

Thursday, December 4, 2008

အင်ဒီုနီးရှားထမင်းကြော်


အစကတော့ဆာတေးရေးမလို့ပဲ ဆာတေးဆိုမှ ဆာတေးနဲ့စားတဲ့အင်ဒိုနီးရှားထမင်းကြော်ကိုသတိရတယ်
Nasi Goreng ပါ Nasi က ထမင်း Goreng ကကြော်တာ.အင်ဒိုလိုပါ နည်းနည်း စေးကပ်ကပ်နဲ့
ချိုချဉ်ချဉ်လေး စားကောင်းပါတယ် လွယ်လည်းလွယ်ပါတယ် ထမင်းရယ် မုန်လာဥနီရယ် ပဲသီးရယ်
ကြက်သားရယ် ပုဇွန်ရယ် ကြော်တာပါ...သူကငရုတ်သီးငပိချက် (အရှေ့ကပိုစ့်မှာရေးထားတယ်)ပါထည့်ကြော်တာ
အင်ဒိုနီးရှားထမင်းကြော်
ထမင်း......................ပန်းကန်လုံး၁လုံး.
မုန်လာဥနီ,ပဲသီး........အနည်းငယ်(အတုံးသေးလေးများ)
ကြက်သား.................အနည်းငယ်(အတုံးသေးလေးများ)
ပုဇွန်..........................အနည်းငယ်(အတုံးသေးလေးများ)
ငရုတ်သီးငပိချက်.......၁ဇွန်း(ထမင်းစားဇွန်း)
ဆား..........................လက်ဘက်ရည်ဇွန်း၁ဇွန်း
ပဲငံပြာရည်အချို.........၁ဇွန်း(ထမင်းစားဇွန်း)
ပဲငံပြာရည်အကြည်....၁ဇွန်း(ထမင်းစားဇွန်း)
TomatoKetchep.....၁ဇွန်း(ထမင်းစားဇွန်း)
OysterSauce...........၁ဇွန်း(ထမင်းစားဇွန်း)
အချိုမှုန့်......................လက်ဘက်ရည်ဇွန်း၁ဇွန်း
ကြက်ဥ.......................၂လုံး(ခေါက်ပြီး)
ဆီ.............................၁ဇွန်း(ထမင်းစားဇွန်း)
ဒယ်အိုးမှာဆီပူအောင်တည်ပါ...ဆီပူလာရင်ကြက်ဥကိုကြော်ပါ
မွှေကြော်ပေါ့ထမင်းမကပ်အောင်ပါ ပြီါ်ရင် အသားတွေထည့်ပါ
အရသာရယ်ကျန်ပါဝင်ပစ္စည်းတွေထည့်ပါ
နှံ့အောင်မွှေကြော်ပေးပါ..မီးအနေတော်နဲ့
ပြီးရင် ကြက်ဥ sunny sideup ရယ်
ဆာတေးရယ် ငါးမုန့်ကြော်ရယ်
အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ..သခွားသီးရယ်ခရမ်းချဉ်သီးက
အလှဆင်တာပါကြိုက်ရင်ထည့်စားပါ
ကျေးဇူးတင်တယ်နော်

Monday, November 10, 2008

မလေးရှားဒန်ပေါက်














မလေးရှားဒန်ပေါက်ပါ....
သယ်ရင်း၁ယောက်စားချင်လို့ရေးတာပါ...
သူကအစားပုတ်ပါတယ်...:D....
ဒန်ပေါက်ချက်တာဟင်းခတ်အမွှေးအကြိုင်ကအရေးကြီးပါတယ်
နောက်ပြီးအသားနူးညံဖို့လိုအပ်ပါတယ်....
ထမင်းအကျက်ညီပြီးအသားနူးညံမ
ှကောင်းမွန်တဲ့ဒန်ပေါက်ရမှာပါ
ကဲ...ကျွန်တော်တို့စချက်လိုက်ရအောင်.....
ဒန်ပေါက်မှာဆန်ကအရေးကြီးပါတယ်...
ရိုးရိုးဆန်မရပါဘူး..Long Grain Riceသုံးရပါတယ်..
အသားကတော့နှစ်သက်ရာအသားသုံးနိုင်ပါတယ်
ချက်ပုံချက်နည်းကိုတော့အလွယ်ချက်နည်းပဲပေးပါမယ်
Long Grain Rice လို့ခေါ်တဲ့ဆန်ကိုသုံးရင်အကောင်းဆုံးပါ....
ဘာစမာတီဆန်လည်းကောင်းပါတယ်....
ဆန်ကိုနာရီဝက်ကြာရေစိမ်ထားပါ..
ချက်ရင်အနပ်မြန်အောင်လို့.....
ပြီးရင်လိုအပ်တဲ့ဟင်းခတ်အမွှေးအကြိုင်တွေပြင်ထားပါ..
မာဆလာ,ဖာလာ,နံနံစေ့,ဟင်းခတ်မှုန့်(Curry Powder),
ကရဝေးရွက်,ဇီယာ,
အစရှိတဲ့ဟင်းခတ်အမွှေးအကြိုင်တွေလိုပါတယ်...
တကယ့်ချက်နည်းကခက်ပါတယ်..
ကျွန်တော်အလွယ်နည်းပေးပါမယ်..ဒန်ပေါက်တကယ်ချက်မယ်ဆို
အပေါ်မီးအောက်မီးသုံးရပါတယ်...
အသားရောထမင်းရောတပြိုင်ထဲကျက်ရပါတယ်...
.ခုပေးမယ့်နည်းကအိမ်မှာချက်နည်းပါ..
ထမင်းသတ်သတ်..အသားသတ်သတ်ချက်ရတာပါ..
.ဟင်းခတ်အမွှေးအကြိုင်တွေဆီသတ်ပါ...
ထမင်းထဲကိုတ၀က်ထည့်ပါ...
သီဟိုဋ္ဌ်စေ့,စပျစ်ခြောက်,ပဲလုံးစိမ်း,အရသာ(ဆားအချိုမှုန့်)
စတာတွေကိုထမင်းနဲ့ရောပါ...ထမင်းကိုပေါင်းအိုးနဲ့ချက်ပါ.
.ပြီးရင်အသားကိုကျန်တဲ့ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ချက်ပါ.
.ထမင်းကျက်ရင်အရောင်ထည့်ပါ(saffron power)
သုံးရပါတယ်...ဆီနဲ့အရောင်မှုန့်နဲ့ရောပါ..
.ထမင်းကိုဖွပြီးနယ်ပေးပါ...
အားလုံးပြီးရင်တော့အသားဟင်းအနှစ်ရယ်ထမင်းရယ်ကိုသမအောင်မွှေလိုက်ပါ...
စားသုံးလို့ရပါပြီ..အရေးကြီးတာမီးအေးအေးသုံးဖို့ပါပဲ ပျော်ရွှင်ပါစေဗျာ....

Friday, October 3, 2008

စင်္ကာပူကြက်ဆီထမင်း......

ဒါကတော့စင်္ကာပူကြက်ဆီထမင်းပါ......ချက်ပုံချက်နည်းကတော့......
ပါဝင်တဲ့အရာတွေက....
၁.ကြက်အရေခွံ...(အဆီထုတ်ရန်) ၅၀၀ဂရမ်
၂.ကြက်သွန်နီ..(လေးခြမ်းစိတ်) ၁၀၀ဂရမ်
၃.ကြက်သွန်ဖြူ..(အခွံခွာ) ၁၀၀ဂရမ်
၎.ဆွမ်းမွှေးရွက်(အထုံးထုံးပါ) ၁၀၀ဂရမ်
၅.ဂျင်း..(ဒါးပြားရိုက်) ၇၀ဂရမ်
၆.ထောပတ်... ၅၀ဂရမ်
၇.ရှမ်းဆန်.. ၂၅၀ဂရမ်
၈.ဆီ ၀.၅လီတာ
၉.ကြက်အကောင်လုံး..၁ကောင်..
၁၀.ဆား။ကြက်သားမှုန့်....အနည်းငယ်
ချက်ပြုတ်နည်း.........
၁.အဆီထုတ်ရန်
ကြက်အရေခွံ နှင့်ပါဝင်အရာအားလုံး..
ဆန်မှအပ အိုးတစ်လုံးတွင်ဆီသတ်ပါ....
မီးအေးအေးနှင့်
နာရီဝက်ခန့်ကြာလျှင် ကြက်ဆီရပါမယ်....
.သတ်သတ်ထားထားပါ....
၂.ထမင်းချက်ရန်..
ရှမ်းဆန်ကိုရေသေချာဆေးပါ..
ပြီးရင်ကြက်ဆီထည့်ပါ
အဖတ်တွေမပါဘူးနော်
ရေကိုဆန်အပေါ်လက်၂ဆစ်ချိန်ပါ..
ပြီးထာနဲ့ထမင်းစချက်လို့ရပါပြီ.....
၄၅မိနစ်ဆိုကျက်ပါပြီ.....
၃.ကြက်ပြုတ်ရန်...
အရည်သောက်ရန်နဲ့တွဲဖက်စားရန်ကြက်အကောင်လုံးကိုပြုတ်ပါ....
နာရီဝက်ကြာလျှင်ကြက်ကိုဆယ်ပါ....အရိုးနွှင်ပါ...
ဟင်းချိုကို ဆား ကြက်သားမှုန့် နှင့်အရသာသွင်းပါ.....
အထက်ပါပုံအတိုင်းပြင်ဆင်၍စားသုံးနိုင်ပါပြီ.....
တွဲဖက်စားသုံးရန်ဆောစ့်များကိုဆက်လက်ဖော်ပြပါမယ်.....
လွဲတာလေးတွေရှိရင်ခွင့်လွှတ်ပါ........
ကျေးဇူးအများကြီးတင်ပါတယ်.....
ကျွန်တော့်ကိုသင်ပေးတဲ့ဆရာက
CHEF DENNIS LIAM ပါ..သူကSINGAPORE ကပါ...