အချိန်မရတဲ့ကြားက post ၁ခု ရေးပါမယ် အခုဆို အထုတ်တွေအပိုးတွေနဲ့ မောင်ဝေယံ၁ယောက်
ဘုံပျောက်ပါတော့မယ် ခုနာနတ်သီးထမင်းကြော်ရေးချင်ပါတယ်
လိုအပ်တာတွေကတော့
- နာနတ်သီး ၁လုံး(အတွင်းသားများကို အတုံးလေးများတုံးထားပါ)
- ထမင်းပန်းကန်လုံး ၁လုံး
- စပျစ်သီးခြောက် အနည်းငယ်(ရေစိမ်ထားပါ)
- ကြက်သွန်နီ အတုံးလေးများ အနည်းငယ်
- အသားနှစ်သက်ရာ (အတုံးလေးများ)
- နနွင်းမှုန့် အနည်းငယ်
- ဆား လက်ဘက်ရည်ဇွန်း ၁ဇွန်း
- သကြား လက်ဘက်ရည်ဇွန်း ဇွန်းဝက်
- အရသာမှုန့် ဇွန်းဝက်
- ကြက်ဥ ၂လုံး
- ဆီ အနည်းငယ်
အိုးတစ်လုံး တွင် ဆီတည်ပျှါပူလာလျှင် ကြက်ဥကိုမွှေကြော်ပါ ပါဝင်ပစ္စည်းများကိုထည့်ပါ
အရသာထည့်ပါ မွှေပေးပါ မီးအေးအေး နှင့် မွှေပေးပါ ထမင်းအရောင်နှံလာလျှင် အရသာမြည်းကြည့်ပေးပါ
မီးမပြင်းပါစေနဲ့ မတူးအောင်သတိထားပေးပါ အရသာအဆင်ပြေ၍ ထမင်းအရောင်နှံရင်ရပါပြီ
နာနတ်သီး အလှဆင်တာကတော့ မထည့်လည်းရပါတယ် ကျွန်တော်တို့ကျတော့ ဆိုင်မှာရောင်းတာဆိုတော့ အလှဆင်ဖို့လိုပါတယ် ကဲကျေးဇူးတင်ပါတယ် နောက်အားရင်အားသလိုရေးသွားပါမယ်
1 အဲ့လိုပြောထားတယ်:
ညီလေးဝေယံရေ
အဆင်ပြေတဲ့အခါ ပြန်တွေ့တာပေါ့ကွာ။
အားလုံးအစစအရာရာ အဆင်ပြေပျော်ရွှင်ပါစေ။
Good Luck
Post a Comment