လက်တလောမောင်ဝေယံ၁ယောက်

သေလောက်အောင် အလုပ်များနေပါတယ်
အလုပ်သစ် နေရာသစ်မှာ ဟိုတယ်အသစ်၁လုံးမှာလုပ်နေပါတယ်
ဟိုတယ်ကအခုမှစဖွင့်မှာပါ လူရော ဦးနှောက်ပါချောင်ကျနေပါတယ်
မီးဖိုချောင်ကိုဆောက်လက်စကနေစပြီး ဟင်းချက်လို့ရအောင်အထိ
သုညကနေစပြီးလုပ်နေရတာပါ ကျနော့်ရဲ့ ပထမဆုံးအတွေ့အကြုံပါ
ဘလောက်တွေလည်း မဖတ်နိုင်ပါဘူး တနေ့ ၁၅နာရီ အလုပ်ထဲမှာပါ
အားရင်အားသလိုရေးသွားပါ့မယ် အင်တာနက်ရတာမကြာသေးပါဘူး
လာလည်တာကျေးဇူးတင်ပါတယ်....အိမ်မလည်ဖြစ်တာကိုလည်းခွင့်လွှတ်ပါ
တကယ့်တကယ်မအားလို့ပါ ကျေးဇူးအများကြီးတင်ပါတယ်.......

Sunday, April 12, 2009

သင်္ကြန်အတွက်




သင်္ကြန်ရောက်ပါပြီ အကိုတွေအမတွေကို မုန့်လုံးရေပေါ်ကျွေးချင်ပါတယ် သတိထားပါ ငရုတ်သီးပါပါတယ်
ကျနော့်ကိုလည်း သူများလာပို့ထားတာပါ မုန့်လုံးရေပေါ်မကြိုက်ရင် မုန့်လက်ဆောင်းသောက်ပါနော်

ကဲ အားလုံးပဲနှစ်သစ်မှာပျော်ရွှင်ပါစေ
လုပ်ပုံလုပ်နည်းတော့ နောက်မှရေးတော့မယ်
သင်္ကြန်မှာပျော်နိုင်ကြပါစေ

4 အဲ့လိုပြောထားတယ်:

Anonymous said...

လာစားသွားပြီ... မုန့်လုံးရေပေါ်နဲ့ မုန့်လက်ဆောင်း
ဒီမှာ စားချင်နေတာနဲ့အတော်ပဲ ဖြစ်နေတာ အဟီးးး ပြောရင်းနဲ့
ငရုပ်သီးမစပ်အောင် သတိထားပြီး စားဦးမှ...

WWKM said...

မုန့်လုံးရေပေါ်ရော မုန့်လက်ဆောင်းရော အရမ်းကြိုက်
တယ်..စားလည်းစားသွားတယ်.. ဘလော့မောင်နှမ
တွေကို ထပ်ကျွေးဘို့လည်း သယ်သွားပါတယ်နော်. :D

WWKM

စူးနွယ်လေး said...

မုန့်လုံးရေပေါ်နဲ့ မုန့်လက်ဆောင်း သိပ်မကြိုက်ပေမယ့် သင်္ကြန်အမှတ်တရ နည်းနည်းစီစားသွားတယ်နော်။ မုန့်လက်ဆောင်းကို ထန်းလျက်နဲ့မှ ကြိုက်တာ။

muzic soul said...

မုန်.လုံးရေပေါ်နဲ. ရွှေရင်အေး ... စားချင်တယ်ဗျာ .. ငတ်နေတာ ကြာပြီ။