လက်တလောမောင်ဝေယံ၁ယောက်

သေလောက်အောင် အလုပ်များနေပါတယ်
အလုပ်သစ် နေရာသစ်မှာ ဟိုတယ်အသစ်၁လုံးမှာလုပ်နေပါတယ်
ဟိုတယ်ကအခုမှစဖွင့်မှာပါ လူရော ဦးနှောက်ပါချောင်ကျနေပါတယ်
မီးဖိုချောင်ကိုဆောက်လက်စကနေစပြီး ဟင်းချက်လို့ရအောင်အထိ
သုညကနေစပြီးလုပ်နေရတာပါ ကျနော့်ရဲ့ ပထမဆုံးအတွေ့အကြုံပါ
ဘလောက်တွေလည်း မဖတ်နိုင်ပါဘူး တနေ့ ၁၅နာရီ အလုပ်ထဲမှာပါ
အားရင်အားသလိုရေးသွားပါ့မယ် အင်တာနက်ရတာမကြာသေးပါဘူး
လာလည်တာကျေးဇူးတင်ပါတယ်....အိမ်မလည်ဖြစ်တာကိုလည်းခွင့်လွှတ်ပါ
တကယ့်တကယ်မအားလို့ပါ ကျေးဇူးအများကြီးတင်ပါတယ်.......

Showing posts with label Desserts. Show all posts
Showing posts with label Desserts. Show all posts

Sunday, November 15, 2009

အစ်မ အိန်ဂျယ်အတွက်..

ကျနော် ဒူဘိုင်းကိုရောက်မှသိတဲ့ အစ်ကိုတွေအစ်မတွေရှိပါတယ်
အစ်မ၁ယောက်က ပြန်တော့မှာပါ....သိတာမကြာပေမယ့် အမြဲတမ်း စလိုက်နောက်လိုက်
ခင်တတ်တဲ့အစ်မအတွက်...နှတ်ဆက်ပိုစ့်လေးရေးပေးချင်ပါတယ်...
ကျနော့်အစ်မ၁ယောက် ဒူဘိုင်းကနေ ဒီ့ထက်ပိုကောင်း ပို အဆင့်မြင့်တဲ့နိုင်ငံကို
အမြန်ဆုံး ရောက်နိုင်ပါစေ...ပျော်ရွှင်ပါစေ...ဒ က သယ်ရင်းတွေကို မမေ့ပါနဲ့နော်
ရေခဲမုန့်ဝယ်မကျွေးလိုက်ရလို့ ဘလော့မှာ ရေခဲမုန့်တွေတင်လိုက်တယ်
Forward Mail ကလာတာတွေပါ.. ကျန်တဲ့ အစ်ကိုအစ်မတွေလည်း
အားမနာနဲ့နော်.... အ၀စားကြ.....ခုတလော အလုပ်ရော ကိုယ်ရေးကိုယ်တာပါ
မောစရာတွေရှိလို့ ဧည့်ဝတ်မကျေတာခွင့်လွှတ်ပါ....










Tuesday, May 26, 2009

အုန်းနို့ကျောက်ကျော




မရေးတာကြာလို့ အုန်းနို့ကျောက်ကျောကျွေးမယ်နော်
:D နှစ်လွှာ ထိုးထားတာ ကြိုက်မယ်ထင်ပါတယ်
လိုတာတွေ
အုန်းနို့ ၁လီတာ(၆၅ကျပ်သား)
ရေ ၁လီတာ
သကြား ၃၅၀ဂရမ်(အချိုကြိုက်ရင် ၄၀၀ထည့်ပါ)
ကျောက်ကျော ၅၀ဂရမ်
ပြုလုပ်ပုံ
ကျောက်ကျောကိုရေစိမ်ထားပါ
ကျနော်ပြောတာ အချောင်းလေးတွေ အမှုန့်ဆို လွယ်ပါတယ်
ကျောက်ကျောရေစိမ်ထားတဲ့အချိန် အုန်းနို့ ရေ သကြားကို ကျိုထားပါ
ကျောက်ကျော ပျော့လာပြီဆိုရေထဲကနေဆယ်ပါ
အုန်းနို့နဲ့ ရောကျိုပါ ပြီးရင် ဘန်းထဲကိုထည့်ပါ အအေးထားလိုက်ပါ
နည်းနည်းအေးပြီဆို နောက်၁လွှာထပ်ထည့်လို့ရပါပြီ
အရောင်ကို ကျနော်က ဆွမ်းမွှေးရွက်ထည့်ပါတယ်
ဆွမ်းမွှေးရွက် ကိုကြိုက်ပါ အဖတ်တွေ စစ်လိုက်ပါ ရတဲ့အရည်ကိုရောကြိုပါ
ပထမအလွှာနည်းနည်းတင်းလာမှ ဒုတိယအလွှာထည့်ပါ သုံးဆောင်ကြပါနော် :D

Friday, April 17, 2009

ရွှေကြည်


ရွှေကြည်ထိုးကြမယ်လေ မကောင်းဘူးလား ဒူဘိုင်းမှာ မျက်နှာရခဲ့တဲ့မြန်မာ့အချိုပွဲတွေပါဗျာ
ကျနော့်ဆရာ ကိုထူးကိုသေချာမေးထားတာ တိတိကျကျ
လုပ်နည်းလေး ကျနော်က မုန့်ဖုတ်တာသေချာမသိတော့ :D
ရွှေကြည်အတွက်လိုတာက

  • ရွှေကြည်မှုန့်(ှSemolina flourအင်္ဂလိပ်လို) ၁ကီလို
  • နွားနို့ ၂.၅ကီလို(လီတာ)
  • အုန်းနို့ ၃၀၀ ဂရမ်(ကြိုက်လျှင် ၄၀၀)
  • သကြား ၉၀၀ဂရမ်
  • ထောပတ် ၂ကီလို
  • စပျစ်ခြောက် ၅၀၀ဂရမ်
  • သီဟို၌စေ့ ၁ကီလို
  • ဆား အနည်းငယ်
ပြုလုပ်ပုံ
ရွှေကြည်ကိုလှော်ပါ(Roastလျှင်လည်းရပါသည်)
အိုး၁လုံးတွင် နွားနို့ အုန်းနို့ သကြားထောပတ် တို့ကိုရောကျိုပါ
ထို့နောက် ရွှေကြည်မှုန့်ကိုထည့်ပါ ပျစ်လာပါမည်
ပျစ်လာလျှင် စပျစ်ခြောက် သီဟို၌စေ့ထည့်ပါ
ဘမ်း ၁ဘမ်းတွင်ထည့်၍ ၁၅မိနစ် မိနစ်၂၀ခန့်ဖုတ်ပါ
ဘိန်းစေ့ရှိလျှင်ထည့်ဖုတ်နိုင်ပါသည်

Sunday, April 12, 2009

သင်္ကြန်အတွက်




သင်္ကြန်ရောက်ပါပြီ အကိုတွေအမတွေကို မုန့်လုံးရေပေါ်ကျွေးချင်ပါတယ် သတိထားပါ ငရုတ်သီးပါပါတယ်
ကျနော့်ကိုလည်း သူများလာပို့ထားတာပါ မုန့်လုံးရေပေါ်မကြိုက်ရင် မုန့်လက်ဆောင်းသောက်ပါနော်

ကဲ အားလုံးပဲနှစ်သစ်မှာပျော်ရွှင်ပါစေ
လုပ်ပုံလုပ်နည်းတော့ နောက်မှရေးတော့မယ်
သင်္ကြန်မှာပျော်နိုင်ကြပါစေ

Tuesday, March 31, 2009

အုန်းနို့သာကူ


အုန်းနို့သာကူလေးပါ ခုတလောနွေရာသီရောက်လာလို့ပါ
အုန်းနို့စာတွေများများရေးနေပါတယ် :D (တိုက်ဆိုင်တာပါ ဟီးဟီး)
သာကူစေ့ လိုပါတယ် လုပ်ရတာလွယ်ပါတယ် အုန်းနို့ဗူးလေးတွေဝယ်လိုက်ပါ
ကျွန်တော်တို့ကတော့ ကန်ဇွန်းဥ နဲ့စားပါတယ် ပစ်ပါတယ် မြန်မာလို ချက်တာပါ
ယိုးဒယားတွေကျတော့ နည်းနည်းကျဲတယ် သခွားမွှေးနဲ့စားပါတယ်
ခုပြောမှာယိုးဒယားနည်းပါ သာကူစေ့ နို့ဆီဗူး တ၀က် သကြား ၅၀ဂရမ် အုန်းနို့ ၁ဗူး ရေ ၂လီတာလိုပါတယ်
သခွားမွှေးကတော့ အတုံးလေးတွေပေါ့ အနည်းငယ်ဆိုရပါတယ် အရင်ဆုံး အုန်းနို့ကို သကြားနဲ့ကြိုလိုက်ပါ
အရောင်လိုချင်ရင်တော့ ထန်းလျက်ကိုသုံးပါ သကြားအစား နောက်အိုးကြီးတစ်လုံးမှာ ရေ ၂လီတာကိုတည်ပါ
သာကူစေ့ကို ကြိုပါ အစေ့လေးတွေ ကျက်ရင် ဖြူလာပါမယ် အဲ့ဒီ့အချိန်ကျရင် ဇကာထဲလောင်းထည့်ပြီးရေအေးနဲ့ဆေးလိုက်ပါ စေးကပ်တာမဖြစ်အောင်ပါ စားတော့မယ်ဆိုရင်
ပန်းကန်ထဲကို သာကူထည့်လိုက်ပါ နောက် သခွားမွှေးအတုံးလေးတွေထည့်ပါ အုန်းနို့ရည် လောင်းထည့်ပြီးစားနိုင်ပါပြီ ကျွန်တော် ပုံကိုမနက်ဖြန် Kitchen ထဲမှာရိုက်ပြီးတင်ပါ့မယ် လောလောဆယ် သိမ်းထားတာမရှိလို့ပါ

Monday, December 8, 2008

ဆနွင်းမကင်း


ဆနွင်းမကင်းလေးပါ
အဓိကဟင်းတွေရေးတာများနေပြီလေအချိုပွဲလေးရေးမလားလို့
နည်းနည်းတော့အလုပ်ရှုပ်ပါတယ်
စိတ်မပူပါနဲ့ Short cut နည်းလေးပါလွယ်မှလွယ်
ဆန်............၄လုံး
သကြား......၈၀၀ဂရမ်
အုန်းနို့.......၃၀၀မီလီလီတာ
ဆီ............၃၀၀မီလီလီတာ
ဘိန်းစေ့(နှမ်းစေ့) အနည်းငယ်
ဆား,ဆနွင်း....အနည်းငယ်
ဆန်ကိုမလုပ်ခင်၁ရက်ကြိုရေစိမ်ပါ
Blender တွင်ဆန်နှစ်ဖြစ်အောင်ကြိတ်ပါ
အုန်းနို့နှင့်ဆန်နှစ်သမအောင်မွှေပေးပါ
သကြားထည့်ပါ,ဆားလက်ဘက်ရည်ဇွန်း၁ဇွန်းထည့်ပါ
အိုး၁လုံးတွင်ဆီထည့်ပါ,ဆနွင်းဆီသတ်ပါ
မုန့်နှစ်ထည့်ပါမီးအေးအေးနှင့်ကြိုပါမုန့်နှစ်ကျက်ပြီး
ရေခန်းလျင်ဘန်း၁ဘန်းကိုဆီသုတ်မုန့်နှစ်ထည့်
နှမ်းစေ့(သို့)ဘိန်းစေ့ဖြူး
Ovenထဲထည့်ဖုတ်ပါ
၁၆၀C တွင် မိနစ် ၂၀ခန့်ဖုတ်ပါ
Oven မရှိသူများအပေါ်မီးအောက်မီးသုံးနိုင်ပါတယ်