ရွှေကြည်
ရွှေကြည်ထိုးကြမယ်လေ မကောင်းဘူးလား ဒူဘိုင်းမှာ မျက်နှာရခဲ့တဲ့မြန်မာ့အချိုပွဲတွေပါဗျာ
ကျနော့်ဆရာ ကိုထူးကိုသေချာမေးထားတာ တိတိကျကျ
လုပ်နည်းလေး ကျနော်က မုန့်ဖုတ်တာသေချာမသိတော့ :D
ရွှေကြည်အတွက်လိုတာက
- ရွှေကြည်မှုန့်(ှSemolina flourအင်္ဂလိပ်လို) ၁ကီလို
- နွားနို့ ၂.၅ကီလို(လီတာ)
- အုန်းနို့ ၃၀၀ ဂရမ်(ကြိုက်လျှင် ၄၀၀)
- သကြား ၉၀၀ဂရမ်
- ထောပတ် ၂ကီလို
- စပျစ်ခြောက် ၅၀၀ဂရမ်
- သီဟို၌စေ့ ၁ကီလို
- ဆား အနည်းငယ်
ရွှေကြည်ကိုလှော်ပါ(Roastလျှင်လည်းရပါသည်)
အိုး၁လုံးတွင် နွားနို့ အုန်းနို့ သကြားထောပတ် တို့ကိုရောကျိုပါ
ထို့နောက် ရွှေကြည်မှုန့်ကိုထည့်ပါ ပျစ်လာပါမည်
ပျစ်လာလျှင် စပျစ်ခြောက် သီဟို၌စေ့ထည့်ပါ
ဘမ်း ၁ဘမ်းတွင်ထည့်၍ ၁၅မိနစ် မိနစ်၂၀ခန့်ဖုတ်ပါ
ဘိန်းစေ့ရှိလျှင်ထည့်ဖုတ်နိုင်ပါသည်
3 အဲ့လိုပြောထားတယ်:
စားချင်တယ် စားချင်တယ်
အပြင်မှာ ခေါ်ကျွေးကွာ..
ကိုယ်တိုင် မုန့်လုပ်ရမှာတော့ ပျင်း၏..
ရွှေကြည်လည်း ဒီဒီ့အကြိုက်ပဲ... သွားရေ ကျလာပီနော်။ ကိုဝေယံက ဒီဒီကြိုက်တတ်တဲ့ အစားအသောက်တွေ အတော်များများ လုပ်ပေးတယ်။ အကိုချက်သမျှ တင်တာနဲ့ ကြုံလို့လား။ ဒီဒီကပဲ ချက်သမျှ စားတတ်တာလား မသိဘူး။ အခုကထဲက အကိုတော်ရင် ကောင်းမလား စဉ်းစားနေပီ... :D
ရွှေကြည်လုပ်နည်း သေချာမှတ်သွားပါတယ်။ အိမ်မှာ ထိုးနေကြပေမယ့် ဘေးကူဆိုတော့ ခု အဝေးရောက်နေချိန်မှာ ပြန်စဉ်းစားလို့ မရတော့ဘူး ဒါက ဘယ်နှယောက်စာလဲ ဘယ်နှဗန်းရလဲ ရေးပေးပါလား။ ဒါမှ အနည်းငယ် လုပ်စားတဲ့သူတွေ ချိန်လို့ရအောင်ပါ။
Post a Comment