အမဲသားပင်စိမ်း
အချိန်တော့မရပါဘူး
သူများအခန်းက ကွန်ကိုဆွဲပြီးရေးတာပါ
ကျနော့် အခန်းက ကွန်ကတော့ဖြုတ်သွားပါပြီ
ရေးချင်တယ်လေ စိတ်က
အမဲသားပင်စိမ်းကြော်ပါ ယိုးဒယားကနာမည်ရှိတဲ့ ဟင်း၁မျိုးပါပဲ
လိုအပ်တာတွေ
- အမဲသားကြိတ်သား ၁၅၀ဂရမ်
- ပဲသီး(လက်၁ဆစ်အရွယ်ဖြတ်ထားပါ) ၁၀၀ဂရမ်
- ဆီ
- ကော်မှုန့်(ပြောင်းမှုန့်ကိုညွှန်းချင်ပါတယ်)
- ငံပြာရည် ၁ဇွန်း(ထမင်းစားဇွန်း)
- ပဲငံပြာရည် ဇွန်းဝက်(ထမင်းစားဇွန်း)
- သကြား လက်ဘက်ရည်ဇွန်း၁ဇွန်းခွဲ
- အရသာမှုန့် လက်ဘက်ရည်ဇွန်းဝက်
- ကြက်သွန်ဖြူအနည်းငယ်နုတ်နုတ်စဉ်းထားပါ
- ငရုတ်သီးအနည်းငယ်နုတ်နုတ်စဉ်းထားပါ
- ပင်စိမ်းရွက်အနည်းငယ်
- ကြက်သားပြုတ်ရည်အနည်းငယ်(သို့)ရေ
ဒယ်အိုး၁လုံးမှာ ဆီတည်ပါ
ဆီပူလာရင် ကြက်သွန်ဖြူ ငရုတ်သီး ပင်စိမ်းရွက်ကို ဆီသတ်ပါ
နောက် အမဲသားထည့်ပါ မွှေပေးပါ
အမဲသားကျက်လာတဲ့အထိ မီးအနေတော်နဲ့မွှေပေးပါ
အမဲသားကျက်ခါနီး အရောင်ရလာရင်အရသာထည့်ပါ
မြည်းကြည့်ပါ အနေတော်ဖြစ်ပြီဆို
ကြက်ပြုတ်ရည်ထည့်ပါ မီးပြင်းပြင်းတင်ပြီးကော်မှုန့်ကိုရေဖျော်ပြီးထည့်လိုက်ပါ
ကျက်ပြီဆိုရင်တော့ သုံးဆောင်နိုင်ပါပြီဗျာ
အသားကိုကြိုက်တာသုံးနိုင်ပါတယ် ယိုးဒယားလို
PHAD GRA PROW NAUR လို့ခေါ်တယ်ဗျာ
0 အဲ့လိုပြောထားတယ်:
Post a Comment