လက်တလောမောင်ဝေယံ၁ယောက်

သေလောက်အောင် အလုပ်များနေပါတယ်
အလုပ်သစ် နေရာသစ်မှာ ဟိုတယ်အသစ်၁လုံးမှာလုပ်နေပါတယ်
ဟိုတယ်ကအခုမှစဖွင့်မှာပါ လူရော ဦးနှောက်ပါချောင်ကျနေပါတယ်
မီးဖိုချောင်ကိုဆောက်လက်စကနေစပြီး ဟင်းချက်လို့ရအောင်အထိ
သုညကနေစပြီးလုပ်နေရတာပါ ကျနော့်ရဲ့ ပထမဆုံးအတွေ့အကြုံပါ
ဘလောက်တွေလည်း မဖတ်နိုင်ပါဘူး တနေ့ ၁၅နာရီ အလုပ်ထဲမှာပါ
အားရင်အားသလိုရေးသွားပါ့မယ် အင်တာနက်ရတာမကြာသေးပါဘူး
လာလည်တာကျေးဇူးတင်ပါတယ်....အိမ်မလည်ဖြစ်တာကိုလည်းခွင့်လွှတ်ပါ
တကယ့်တကယ်မအားလို့ပါ ကျေးဇူးအများကြီးတင်ပါတယ်.......

Saturday, April 25, 2009

Laksa Paste


ကဲ Laksa Paste လေး အိမ်မှာချက်ရအောင်
ဝယ်လို့တော့ရတာပေါ့လေ ကိုယ့်ဘာသာကိုယ်လုပ်တာ ပိုသဘောကျတယ်
အရသာ ကိုယ့်စိတ်ကြိုက်ပြင်နိုင်တယ်
Laksa Paste
ကြက်သွန်နီ ၅၀ဂရမ်
ကြက်သွန်ဖြူ ၃၀ ဂရမ်
ငပိ ၅ ဂရမ်
နနွင်းမှုန့် ၅ဂရမ်
မကျည်းနှစ် ၃ဂရမ်
ပုဇွန်ခြောက် ၅ဂရမ်(ရေစိမ်ထားပါ)
ဂျင်း ၅၀ဂရမ်
စပါးလင် ၈၀ဂရမ်
ပဒဲကော ၅၀ ဂရမ်
ငရုတ်သီးအနီ ၂၀ဂရမ်
ဆီ ၁၅၀ဂရမ်

ပါတဲ့ပစ္စည်းတွေကို Blender ထဲထည့်လို့ ရော ကြိတ်ပါ
ဆီနည်းနည်းထည့်ပါ Blender မနာအောင်
ပြီးရင် အနှစ်ဖြစ်သွားပါမယ်
အဲ့ဒီ့အနှစ်ကို ဆီသတ်ပါ ငရုတ်သီးငပိချက် ချက်သလိုမျိုး မီးအေးအေးနဲ့
အနံပျောက်ပြီး မွှေးလာရင် မီးဖိုပေါ်ကနေချပါ
အအေးခံထားပြီး ရေခဲသေတ္တာထဲမှာ သိမ်းထားနိုင်ပါတယ်
ငရုတ်သီးငပိချက်လိုမျိုးစားနိုင်ပါတယ်

1 အဲ့လိုပြောထားတယ်:

မိုးကောင်းသူ said...

laksa paste လုပ်နည်းမှတ်သွားတယ်။ မောင်လေး ဝေယံ လုပ်လဲ လုပ်တတ်တယ်။