လက်တလောမောင်ဝေယံ၁ယောက်

သေလောက်အောင် အလုပ်များနေပါတယ်
အလုပ်သစ် နေရာသစ်မှာ ဟိုတယ်အသစ်၁လုံးမှာလုပ်နေပါတယ်
ဟိုတယ်ကအခုမှစဖွင့်မှာပါ လူရော ဦးနှောက်ပါချောင်ကျနေပါတယ်
မီးဖိုချောင်ကိုဆောက်လက်စကနေစပြီး ဟင်းချက်လို့ရအောင်အထိ
သုညကနေစပြီးလုပ်နေရတာပါ ကျနော့်ရဲ့ ပထမဆုံးအတွေ့အကြုံပါ
ဘလောက်တွေလည်း မဖတ်နိုင်ပါဘူး တနေ့ ၁၅နာရီ အလုပ်ထဲမှာပါ
အားရင်အားသလိုရေးသွားပါ့မယ် အင်တာနက်ရတာမကြာသေးပါဘူး
လာလည်တာကျေးဇူးတင်ပါတယ်....အိမ်မလည်ဖြစ်တာကိုလည်းခွင့်လွှတ်ပါ
တကယ့်တကယ်မအားလို့ပါ ကျေးဇူးအများကြီးတင်ပါတယ်.......

Showing posts with label Side Dishes. Show all posts
Showing posts with label Side Dishes. Show all posts

Tuesday, June 2, 2009

ပုဇွန် ငရုတ်သီးထောင်း


ကျနော်မရေးတာကြာပါပြီ ဘလောက်ဖက်ကိုမလှည့်နိုင်ပါဘူး
အကြံကလည်းကုန် ဆိုင်မှာကလည်း Menu အသစ်တွက်ပြင်ဆင်
အလုပ်ဖော် ထိုင်းက လူကြီးက သူတို့ အိမ်ချက်ဟင်းလေးပြောပြတယ်
ချက်ကျွေးတယ် တော်တော်စားကောင်းတယ်ဗျ ရှယ်ပဲ
တကယ်ကောင်းလို့ညွှန်းတာ ရေးရင်း စားချင်လာပြီ
ငရုတ်သီထောင်း ပါ ဒါပေမယ့် ဟင်းလိုမျိုးစားလို့ရတယ်
အရုံဟင်းပေါ့ဗျာ ငရုတ်သီးနဲ့ ပုဇွန် ဒါမှမဟုတ် ငါး ကြက်သား ၁ခုခုပေါ့
ရောထောင်းတာ ချဉ်ငံစပ်လေး သူတို့အခေါ် နမ့်ဖစ် ပုဇွန်ဆို ဂွန်း(Goong)
ကြက်သားဆို ဂိုင်(Gai) ပင်လယ်စာဆို တလေ(Talae) ရှည်ကုန်ပါပြီ
လိုရင်းတိုရှင်းပြောပါ့မယ် ငပိထောင်း လိုပါပဲ
ကြက်သွန်ဖြူ/ နီ ဂျင်း စပါးလင် ပဒဲကော ငရုတ်သီး အစိမ်း အနီ ရှောက်ရွက် နံနံပင် အကုန်လုံးကို ခပ်ကြမ်းကြမ်းခုတ်လိုက်ပါ
ပုဇွန်ဆိုရင်အစိမ်းသုံးပါ ကြက်သား တို့ ငါးတို့ဆိုရင် ပြုတ်ပြီး မှ နုတ်နုတ်စဉ်းထားပါ
အခုလိုမျိုးပေါ့ဗျာ ကျနော်ကတော့ ဒီလိုခပ်ကြမ်းကြမ်းလေးခုတ်ထားတယ်
ပြီးရင် ဆီသတ်ပေါ့
ဒီလိုမျိုးလေး ဆီသတ် နည်းနည်းနွမ်းလာပြီဆိုမှ အသားထည့် မကျည်းရည်
ငံပြာရည် အချိုမှုန့်နည်းနည်းထည့် မွှေပေးပါ မကျည်းရည်ကို ကျနော်က ဒါသုံးတယ်
အားလုံးပြီးရင် အရသာမြည်းကြည့်ပါ ချဉ် ငံ စပ် အနေတော်ရင် ထောင်းလို့ရပါပြီ
Blender နဲ့ကြိတ်ချင်ကြိတ် ထောင်းချင်ထောင်း ကြိုက်သလို လုပ်ပါ ကျနော်ကတော့
Blender နဲ့ကြိတ်ပါတယ် ဒီလိုလေးရတယ်
ဒီလိုလေးရပါတယ် တော်တော် စားကောင်းလို့ညွှန်းတာပါ ပေါက်ကရဆိုလည်း
ကျနော် ညံ့လို့ပါ ခွင့်လွတ်ပြီးဖတ်ကြပါ မရေးတာတော်တော်ကြာပြီ :D

Monday, May 18, 2009

Sauce


အချဉ်လေးပါ အမဲသားနဲ့တွဲစားလို့ရပါတယ် ကျနော်ပြောတဲ့ ပုဇွန်ပေါင်းနဲ့လည်းစားနိုင်ပါတယ်
မခက်ပါဘူး အမဲသားကိုလောင်းတဲ့အချဉ်ပါပဲ နောက်၁မျိုးက ပဲငံပြာရည်(Shoyu) ပါ
စိတ်ကူးပေါက်လို့တင်လိုက်တာပါ

Friday, May 8, 2009

ထမင်းဝိုင်းလေး


ဟင်းချက်နည်းတွေပဲရေးနေတာ ပျင်းပါတယ်
မမိုးကောင်းသူတို့ မမြူးတို့လို ထမင်းဝိုင်းလေးတွေရေးချင်ပါတယ်
စမ်းရေးကြည့်မယ် :D ဒီနေ့ချက်စားတာလေးပါ
ဘဲသား ခရမ်းကျွတ်သီး ဆီပြန်
ကင်ချီ
ချဉ်စပ် ဟင်းချို
ပဲပင်ပေါက၊်ကြက်သား၊မှို ဟင်းရွက်စုံကြော်
ဒါတွေစားပါတယ် ဘဲသားက အီပါတယ်
ကင်ချီလိုမျိုး အချဉ်လေးနဲ့မှလိုက်တာပါ
ဟင်းချိုကျတော့ စပ်စပ်လေး သောက်ချင်တာ စွမ်းထန်း လိုမျိုးပေါ့
ပဲပင်ပေါက် ကြက်သားမှို ဟင်းရွက်စုံကတော့ ပေါက်ကရကြော်လိုက်တာ
တစ်ခါတစ်လေ ပေါက်ကရကြော်တာစားကောင်းတယ်လေ
ဘဲသားဆီပြန်ကို
ဘဲသား အရိုးလွတ်(အရိုးပါလည်းရပါတယ် ကျက်တာမြန်အောင်ပါ အရိုးလွတ်က)
ခိုးစားတာလေ သိတယ်မဟုတ်လား :D ကြက်သွန်နီ ခရမ်းချဉ်သီး ကြက်သွန်ဖြူ
ငရုတ်သီးစိမ်းဒါးပြာရိုက် နံနံပင် စပါးလင် ဂျင်း
နနွင်းမှုန့် အရောင်တင်မှုန့် ငံပြာရည် အချိုမှုန့်တို့နဲ့ချက်ထားတာပါ
ဘဲသားကိုတော့ အရသာနယ်ပါ ခရုဆီနည်းနည်းထည့်နယ်ရင်ပိုစားကောင်းပါတယ်
ကြက်သွန်ဖြူနီ ကို Blender နဲ့ မညက်တညက်ကြိတ်လိုက်တယ် ဆီသတ်တယ်
အနံပျောက်ပြီးဆီပြန်လာအောင် မီးအနေတော်နဲ့ချက်ပါတယ် ဘဲသားကိုပါရောလှိမ့်ပါတယ်
ကျက်ခါနီးမှ ခရမ်းကျွတ်သီး လေးခြမ်းစိတ်ထည့်လိုက်တယ် စပါးလင်ဒါးပြာရိုက်ထည့်တယ်
ကျက်ရင် ဘေးမှာခဏထားပါ
ချဉ်စပ်ဟင်းချို
လွယ်တာမှ လွယ်လွယ်လေး သူ့ထက်လွယ်တာမရှိပါဘူး
ကြက်သွန်နီ/ဖြူ ဂျင်း ငရုတ်သီး နံနံပင် ဂျင်း ကြက်ပြုတ်ရည်
ဒါတွေလိုပါတယ် ကြက်သွန်နီကို လေးခြမ်းစိတ်ပါ
ငရုတ်သီးနဲ့ ကြက်သွန်ဖြူ အမွှာလေးတွေကိုလည်း ဒါးပြားရိုက်ပါ
ဂျင်း လည်း ပါးပါးလှီး ဒါးပြားရိုက် နံနံပင်ကတော့အပင်လိုက်ထည့်လိုက်တယ်
အမြစ်တွေတော့မပါဘူးပေါ့နော် :D စွမ်ထန် အဖတ်ရှိရင် ထည့်နိုင်ပါတယ်
အတူတူပဲ ပိုကောင်းပါတယ် ကျနော်တို့တော့မရှိလို့ မထည့်တော့ဘူး
သံပုရာရည် ဆား အချိုမှုန့် သုံးပြီး အရသာထည့်ပါတယ် အရသာကတော့ လိုသလိုချိန်ပါ
မီးရောင်ရယ် ကြက်ပြုတ်ရည်က အဆီရယ်ရောပြီး ပုံက ဖြူသွားတယ် သည်းခံပါ
ကင်ချီ လုပ်နည်းရေးပြီးသားပါ ညှပ်ပြီး စားရုံပါပဲပေါက်ကရကြော်ထားတဲ့ ပဲပင်ပေါက်ကြော်ကတော့မတင်တော့ဘူး
ကြည့်မကောင်းလို့
ဒီpost က မနေ့ကတည်းကတင်မလို့ပါ ကြာဇံသုတ်ပြီးတာနဲ့ DNS ဆိုလား ဘာလား
ကျသွားတယ် ဘယ်မှလည်းမသွားလိုက်ရဘူး ဘာမှလည်းမလုပ်လိုက်ရဘူး
အကိုတွေ အမတွေဆီ မလည်လိုက်ရဘူး :(
ပြီးတော့ ဒီဟင်းတွေက မီးဖိုချောင်ထဲက စားဖိုမှုးတွေ ခိုးစားတဲ့ဟင်းတွေပါ
ဖြစ်သလိုချက်ထားတာပါ မမြူးတို့ မမိုးကောင်းသူတို့လို ဖွယ်ဖွယ်ရာရာ စားချင်စရာ မရှိရင်
မောင်ဝေယံ ကိုသည်းခံပေးကြပါ ဖောင်စီးရင်းရေငတ်နေလို့ပါ :D ခိုးချက်တာတွေလေ
မိရင် warning ပဲ တိုးတိုးနော် တော်ကြာ Chef ကြီးကြားသွားမယ်

Monday, May 4, 2009

မနက်စာအတွက်


မနက်စာ စားမယ်ဆို ဒါလေးကသင့်တော်ပါတယ်
အဆီနည်းတယ် ကျန်းမာရေးညီညွတ်တယ်
လွယ်ပါတယ်
ကညွတ်ရေနွေးဖျော ကြက်ဥ ရေစပ်စပ်နဲ့ပြုတ်တာပါ(poached egg)
ကျနော်မြန်မာလိုသေချာမပြောတတ်ပါဘူး
kitchen အခေါ်ကတော့ poached ပါ
သင်တန်းမှာပြောတာက ရေစပ်စပ်ဖြင့်ပြုတ်၍ချက်သောဟင်းချက်နည်းပါ (poaching)
ကညွတ် အနည်းငယ် ယူပါ အရိုးပိုင်းကိုဖြတ်ပါ
ရေနွေးပူပူမှာ ၂မိနစ်လောက်စိမ်ပါ ပြီးရင်ဆယ်ထားပါ
နောက် ရေနွေး ၁အိုးတည်ပါ ဆူလာရင် မီးလျော့လိုက်ပါ
ဖြေးဖြေးခြင်းပွက်နေပါစေ
ရှာလကာရည် စားပွဲဇွန်း ၃ဇွန်းလောက်ထည့်ပါ ရေထဲကို
ပြီးရင် ကြက်ဥကိုဖောက်ပြီးဖြေးဖြေးလေးထည့်လိုက်ပါ ပုံထဲကလိုမျိုးရပါမယ်
ဆီမပါလို့ ကျန်းမာရေးနဲ့ညီညွတ်ပါတယ် စားလို့ကောင်းမှာပါ
အနှစ်က မဖောက်နဲ့နော် ပုံမှာက လှအောင် နောက် အရောင်ရအောင်
မကောင်းရင်လည်း မောင်ဝေယံ ညံ့တာကိုခွင့်လွတ်ပါဗျာ
ဒါလေးက poached egg ပါ ရှာလကာရည်ပါတဲ့ရေနွေးမှာပြုတ်ထားတာ
ရှာလကာရည်က ကြက်ဥ မပြန့်သွားအောင်ထိန်းပေးတယ်လေ လှလှလေးဖြစ်နေရော
ကညွတ်တွေလေ အရိုးပိုင်းဖြတ် ရေဆေး ပြီးတော့ ရေနွေးဖျော စားကြနော် အားမနာနဲ့

ပဲပင်ပေါက် ပဲပြား


စားချင်တာလေးရေးလိုက်တာပါ ပဲပင်ပေါက် ပဲပြားကို စားချင်နေတယ်
တကယ်မချက်စားဖြစ်လိုက်ပါဘူး Chef ကြီးရောက်လာလို့ မီးဖိုချောင်ထဲကို
ပြင်ပြီး ပုံပဲယူလိုက်ရတယ် :D သနားစရာကောင်းတာ

လိုအပ်တာ
ပဲပင်ပေါက် ၁ကီလို
ပဲပြား ၁ထုတ်(အထုတ်နဲ့လာရင်)
ကြက်သွန်နီ အနည်းငယ်
ခရမ်းချဉ်သီး အစေ့ထုတ် လေးခြမ်းစိတ်
တရုတ်နံနံ အနည်းငယ်
ဆီ စားပွဲဇွန်း ၃ဇွန်း
ဆား/အချိုမှုန့် အနည်းငယ်
ပဲငံပြာရည် စားပွဲဇွန်း ၁ဇွန်း
ခရုဆီ စားပွဲဇွန်း ၁ဇွန်း
ဆီ(ပဲပြားကြော်ရန်) ၅၀၀လီတာ(၃၀သားခန့်)

ပြုလုပ်ပုံ
ပထမဆုံး ပဲပြားကို အတုံးလေးတွေတုံးပြီး ဆီပူပူမှာကြော်လိုက်ပါ
အရောင်ရလာရင်ဆယ်လိုက်ပါ သပ်သပ်ထားထားပါ
လွယ်လွန်းတော့ စိတ်များဆိုးသွားမလားမသိဘူး :D
အိုးတစ်လုံးမှာ ကြက်သွန်ဆီသတ်ပါ ပဲပင်ပေါက် ပဲပြားထည့်ပါ
မီးပြင်းပြင်းနဲ့ကြော်ပါ အရည်လေးနဲ့စားချင်ရင် ရေ နည်းနည်းလေးထည့်ပါ
သတိထားပါ ပဲပင်ပေါက်မှာ ရေပါပြီးသားပါ ကြော်ရင်ရေထွက်လာပါတယ်
ရေထည့်လိုက်ရင် ပိုများလာပါတယ် အရေသောက်လေးစားချင်ရင်ရေထည့်ပေါ့ဗျာ
နည်းနည်းနွမ်းပြီးရေထွက်လာရင် ခရမ်းချဉ်သီး နံနံပင်ထည့်လိုက်ပါ အရသာမြည်းကြည့်ပါ
အားလုံးပြီးရင် ပူပူနွေးနွေးလေး စားနော်
ကြော်ထားတဲ့ပုံ မတင်နိုင်တာ Chef ကြီးကိုစိတ်ဆိုးပါ
မောင်ဝေယံ ကကြော်ချင်ပါတယ် သူကမျက်စောင်းကြီးထိုးနေတော့
ကြောက်တယ်လေ သူက စားဖိုချုပ်မှုးကြီးလေ :D

Saturday, April 25, 2009

Laksa Paste


ကဲ Laksa Paste လေး အိမ်မှာချက်ရအောင်
ဝယ်လို့တော့ရတာပေါ့လေ ကိုယ့်ဘာသာကိုယ်လုပ်တာ ပိုသဘောကျတယ်
အရသာ ကိုယ့်စိတ်ကြိုက်ပြင်နိုင်တယ်
Laksa Paste
ကြက်သွန်နီ ၅၀ဂရမ်
ကြက်သွန်ဖြူ ၃၀ ဂရမ်
ငပိ ၅ ဂရမ်
နနွင်းမှုန့် ၅ဂရမ်
မကျည်းနှစ် ၃ဂရမ်
ပုဇွန်ခြောက် ၅ဂရမ်(ရေစိမ်ထားပါ)
ဂျင်း ၅၀ဂရမ်
စပါးလင် ၈၀ဂရမ်
ပဒဲကော ၅၀ ဂရမ်
ငရုတ်သီးအနီ ၂၀ဂရမ်
ဆီ ၁၅၀ဂရမ်

ပါတဲ့ပစ္စည်းတွေကို Blender ထဲထည့်လို့ ရော ကြိတ်ပါ
ဆီနည်းနည်းထည့်ပါ Blender မနာအောင်
ပြီးရင် အနှစ်ဖြစ်သွားပါမယ်
အဲ့ဒီ့အနှစ်ကို ဆီသတ်ပါ ငရုတ်သီးငပိချက် ချက်သလိုမျိုး မီးအေးအေးနဲ့
အနံပျောက်ပြီး မွှေးလာရင် မီးဖိုပေါ်ကနေချပါ
အအေးခံထားပြီး ရေခဲသေတ္တာထဲမှာ သိမ်းထားနိုင်ပါတယ်
ငရုတ်သီးငပိချက်လိုမျိုးစားနိုင်ပါတယ်

Monday, December 15, 2008

ကင်ချီလုပ်နည်း


Koreaကားတွေကြိုက်တဲ့လူတော်တော်များပါတယ်
ကင်ချီကိုလည်းကြိုက်များကြိုက်မလားထင်ပြီးရေးတာပါ
ခံတွင်းမြိန်ပါတယ် စားလို့ကောင်းပါတယ် နဲနဲတော့အနံပြင်းတယ်
Korea Kimchi ပါဝင်ပစ္စည်းများ

  • မုန်ညင်းရွက်(chinese cabbage)
  • မုံလာဥအသေးလေးများ(Turnip)
  • ကြက်သွန်မြိတ်
  • ငြုတ်သီးအနှစ်
  • သကြား
  • ဆား
  • ဂျင်း
  • ကြက်သွန်ဖြူ
  • MSG
  • နှမ်းဆီ
  • နှမ်းစေ့
ပြင်ဆင်ပုံ
မုန်ညင်းရွက်,မုန်လာဥလေးများကို ထက်ခြမ်းခြမ်းပါ
ကြက်သွန်မြိတ်ကိုလက်သန်း၁ချောင်းစာလှီးပါ
မုန်ညင်းရွက်ကိုရေစင်အောင်ဆေးပါဆားနယ်ပါ သပ်သပ်ထားပါ
ဂျင်းနှင့်ကြက်သွန်ဖြူကိုအနှစ်ဖြစ်အောင် သီးခြားစီထောင်းပါ
ပြုလုပ်ပုံ

ဆားနယ်ထားသောမုန်ညင်းရွက်နွမ်းအိပါကရေစင်အောင်ပြန်ဆေးပါ
ကြက်သွန်နှင့်ဂျင်းကို ငရုတ်သီးအနှစ်နှင့်ရောနယ်ပါ,အရသာထည့်ပါ
မုန်ညင်းရွက်ကိုနယ်ပါ,မုန်လာဥ ကြက်သွန်မြိတ်တို့ကိုလည်းရောနယ်ပါ
ငရုတ်သီးအနှစ် နှင့် မုန်ညင်းရွက်ဆားနယ်မှ အရည်ရလာပါမယ်
အဖတ်တွေအကုန်လုံးကို ရလာတဲ့အရည်မြုပ်အောင်စိမ်ထားပေးပါ
အရည်နည်းတယ်ဆို ဆားရည်ဖျော်ပြီးထည့်နိုင်ပါတယ်
မငံစေဖို့တော့သတိထားပါ (မဆောင်းပြောလို့ ကျန်ခဲ့တာ ပြန်ဖြည့်ထားတာပါ)
အရည်ကိုမြုတ်အောင်ထားပါနှမ်းစေ့လေးများအပေါ်မှဖြူးပါနှမ်းဆီထည့်ပါ
အချဉ်ပေါက်လျင်ပုံး၁ခုထဲထည့်ပြီးရေခဲသေတ္တာထဲထည့်သိမ်းထားတိုင်ပါပြီ

Friday, December 12, 2008

ခရမ်းချဉ်သီးငပိချက်

ဗမာပြည်ကထွက်လာရင်ဗမာစာတော့လွမ်းမှာပဲ
ကျွန်တော်ကတော့လွမ်းတယ်
တော်တော်များများလည်းကြိုက်မယ်ထင်ပါတယ်
ခရမ်းချဉ်သီးငပိချက်ပါ
ခရမ်းချဉ်သီး..............၃,၄လုံး
မျှင်ငပိ.......................စားပွဲဇွန်း၂ဇွန်း
ကြက်သွန်နီ...............၁လုံး
ကြက်သွန်ဖြူ..............အနည်းငယ်
ပုဇွန်ခြောက်..............အနည်းငယ်
ငရုတ်သီးစိမ်း.............၂တောင့်
နံနံပင်........................အနည်းငယ်
နနွင်းမှုန့်...................အနည်းငယ်
အချိုမှုန့်..................အနည်းငယ်
ဆီ........................စားပွဲဇွန်း၎ဇွန်း

ကြက်သွန်နီ,ကြက်သွန်ဖြူ ကို နှတ်နှတ်စင်းပါ
ခရမ်းချဉ်သီးကိုလည်းအတုံးသေးသေးလေးတွေတုံးပါ
ပုဇွန်ခြောက်ကိုရေစိမ်ပါ.ညက်နေအောင်ကြိတ်ပါ
ဒယ်အိုး၁လုံးမှာကြက်သွန်ဖြူ,နီ ဆီသတ်ပါ
နနွင်းမှုန့်ထည့်ပါကြက်သွန်နွမ်းရင် ငပိ,ပုဇွန်ခြောက်ထည့်ပါ
မီးအေးအေးလေးနဲ့ အားလုံးနွမ်းအောင်ဆီသတ်ပါ
ပြီးရင်ခရမ်းချဉ်သီးထည့်ပါ ရေနည်းနည်းထည့်ပါ
ခရမ်းချဉ်သီးအနှစ်ဖြစ်အောင်တည်ပါ
မီးအေးအေးလေးနဲ့ နာရီဝက်လောက်ဆိုရပါပြီ
ကျက်ရင်ငရုတ်သီစိမ်းလေးဒါးရိုက်ပြီးထည့်ပါ
နံနံပင်အုပ်လိုက်ရင် အရသာကောင်းတဲ့ ငပိချက်ရပါပြီ

Thursday, December 4, 2008

Peanut Sauce


မြေပဲဆော့စ်လေးကတော်တော်စားကောင်းပါတယ်
ဆာတေးဆိုသူပါမှ..ရှယ်တာစားစေချင်လို့
မြေပဲဆောစ့်(Peanut Sauce)
မြေပဲ...................................၅၀၀ဂရမ်
ငရုတ်သီး(အစို,အနီ)............၃၀ဂရမ်
ငရုတ်သီး(အခြောက်)..........၂၀ဂရမ်
စပါးလင်...............................၁ချောင်း
ဂျင်း.....................................၅ဂရမ်
ကြက်သွန်နီ.........................၃၀ဂရမ်
သကြား...............................၇၅ဂရမ်
ဆား......................လက်ဘက်ရည်ဇွန်း၁ဇွန်း
ဆီ....................................၁၀၀မီလီလီတာ
မြေပဲကိုကြိတ်ပါ,ကျန်ပါဝင်ပစ္စည်းတွေလဲကြိတ်ပါ
မြေပဲကလွဲလို့ကျန်တာတွေဆီသတ်ပါမီးအေးအေးနဲ့အနံပျောက်ရင်
မြေပဲထည့်ပါနော်ကဆုံးအရသာထည့်ပါမြေပဲမတူးအောင်သတိထားပါ
ခဏမွှေပြီးလို့မြေပဲနွမ်းရင်သုံးဆောင်ပါ ၁ပတ်လောက်အထားခံပါတယ်
ဆီအုပ်ပြီးchiller ထဲထည့်ထားရင်...၀ယ်စားလို့လည်းရပါတယ်အလုပ်မရှုပ်ချင်ရင်
အသင့်စားအထုပ်လေးတွေရှိပါတယ်

Monday, December 1, 2008

မလေးရှားအုန်းထမင်းနှင့်တွဲဘက်စားသုံးရန်..

ဒါကိုရေးမယ်ရေးမယ်နဲ့မရေးဖြစ်တာကြာပါပြီ......
တောင်းပန်ပါတယ်...
အလုပ်သမားလေးမို့ခွင့်လွတ်ကြပါ
(လာကြည့်တဲ့လူကဖြင့်မရှိ)
ခုတကယ်ရေးပါပြီ...လာကြည့်သူရှိရှိမရှိရှိရေးမှာပဲ.....
မလေးလို Samble လို့ခေါ်ပါတယ်..
.အင်ဒိုနီးရှားကဆင်းသက်လာတာပါ..
အားလုံးကတော့ Samble Chilliလို့ပဲခေါ်ကြပါတယ်..
အမှန်ကတော့ Samble ဆိုတာငရုတ်သီးကိုပြောတာပါ.
.Samble chilli ဆိုတော့ တူတူပဲပေါ့
ထားပါလျာရှည်တာပါ...
အုန်းထမင်းကိုငရုတ်သီးငပိချက်နဲ့စားရတာအလွန်လိုက်ပါတယ်..
ခုပေးမှာ ၁ခါချက်စာနည်းနည်းလေးရဲ့အချိုးပါ
အင်ဒို/မလေးငရုတ်သီးငပိချက်
ကြက်သွန်နီ......................၅၀ဂရမ်
ကြက်သွန်ဖြူ....................၃၀
ဂရမ်
မျှင်ငပိ.............................၁၀
ဂရမ်
ပုဇွန်ခြောက်(ရေစိမ်).......၁၀
ဂရမ်
ငရုတ်သီးခြောက်(ပြုတ်)..၃၀
ဂရမ်
ဆီ...................................၅၀၀လီတာ
သကြား...........................၇ဇွန်း(လက်ဘက်ရည်ဇွန်း)
အချိုမှုန့် .........................၃ဇွန်း(လက်ဘက်ရည်ဇွန်း)
သကြား...အချိုမှုန့်....ငပိ...ဆီ..ကလွဲလို့ ကျန်တာအားလုံးကြိတ်ပါ
ပြီးရင်ဆီသတ်ပါ..
မီးအေးအေးနဲ့ ဆီမပေါက်အောင်သတိထားပါ.
အားလုံးနွမ်းပြီဆိုအရသာထည့်ပါ..
ဆီများနေရင်ဖယ်ထားပါ..
အုန်းထမင်းရယ် ငရုတ်သီးငပိချက်ရယ်..ကြက်သားကြော်လေးရယ်
သုံးဆောင်ကြပါ.
ကျေးဇူးတင်ပါတယ်....


Wednesday, October 29, 2008

ကြက်ဆီထမင်းနှင့်တွဲဘက်စားသုံးရန်...




ကြက်ဆီထမင်းနဲ့တွဲစားရမယ့်Saucesလေးတွေပါ....
ထမင်းကြီးပဲဆိုအီနေမှာပေါ့....
ခက်တာက.ကျွန်တော်ကပျင်းနေလို့...
မအားတာလဲပါပါတယ်...ခုစရေးပါပြီ..
၁..ငရုတ်သီးအချဉ်..
လွယ်ပါတယ်...ငရုတ်သီးအနီ..အတောင့်ရှည်..၂၀၀ဂရမ်..
အစေ့ထုတ်(စပ်လို့)ပြီးရင်..
ကြက်သွန်ဖြူ..၂၅ဂရမ်နဲ့ရောကြိတ်ပါ...
သကြားစားပွဲဇွန်း၂ဇွန်း...ဆားလက်ဘက်ရည်ဇွန်း၁ဇွန်းခွဲ..
သံပုရာရည်လက်ဘက်ရည်ဇွန်း၁ဇွန်း..
ထည့်ပြီးသမအောင်မွှေလိုက်ပါ...စားလို့ရပါပြီ....
၂.ဂျင်းအချဉ်..
ဂျင်း..၂၀၀ဂရမ်...သကြားစားပွဲစားဇွန်း၃ဇွန်း...
ကြက်သွန်ဖြူ..၂၅ဂရမ်နဲ့ရောကြိတ်ပါ..
အဆင်သင့်စားနိုင်ပါပြီ...
၃.ကြက်သားပေါ်လောင်းရန်
နှမ်းဆီ..စားပွဲတင်ဇွန်း..၂ဇွန်း...
ပဲငံပြာရည်အချို...စားပွဲတင်ဇွန်း..၁ဇွန်း...
ပဲငံပြာရည်အငံ....စားပွဲတင်ဇွန်း
၁ဝက်...မီးအေးအေးနှင့်ဆူအောင်ကြိုပါ..
ပြီးလျှင်စားသုံးနိုင်ပါပြီ...
ကျေးဇူးတင်ပါတယ်.....
လာလည်သူတွေရောလာမလည်သူတွေရော