လက်တလောမောင်ဝေယံ၁ယောက်

သေလောက်အောင် အလုပ်များနေပါတယ်
အလုပ်သစ် နေရာသစ်မှာ ဟိုတယ်အသစ်၁လုံးမှာလုပ်နေပါတယ်
ဟိုတယ်ကအခုမှစဖွင့်မှာပါ လူရော ဦးနှောက်ပါချောင်ကျနေပါတယ်
မီးဖိုချောင်ကိုဆောက်လက်စကနေစပြီး ဟင်းချက်လို့ရအောင်အထိ
သုညကနေစပြီးလုပ်နေရတာပါ ကျနော့်ရဲ့ ပထမဆုံးအတွေ့အကြုံပါ
ဘလောက်တွေလည်း မဖတ်နိုင်ပါဘူး တနေ့ ၁၅နာရီ အလုပ်ထဲမှာပါ
အားရင်အားသလိုရေးသွားပါ့မယ် အင်တာနက်ရတာမကြာသေးပါဘူး
လာလည်တာကျေးဇူးတင်ပါတယ်....အိမ်မလည်ဖြစ်တာကိုလည်းခွင့်လွှတ်ပါ
တကယ့်တကယ်မအားလို့ပါ ကျေးဇူးအများကြီးတင်ပါတယ်.......

Monday, May 4, 2009

ပဲပင်ပေါက် ပဲပြား


စားချင်တာလေးရေးလိုက်တာပါ ပဲပင်ပေါက် ပဲပြားကို စားချင်နေတယ်
တကယ်မချက်စားဖြစ်လိုက်ပါဘူး Chef ကြီးရောက်လာလို့ မီးဖိုချောင်ထဲကို
ပြင်ပြီး ပုံပဲယူလိုက်ရတယ် :D သနားစရာကောင်းတာ

လိုအပ်တာ
ပဲပင်ပေါက် ၁ကီလို
ပဲပြား ၁ထုတ်(အထုတ်နဲ့လာရင်)
ကြက်သွန်နီ အနည်းငယ်
ခရမ်းချဉ်သီး အစေ့ထုတ် လေးခြမ်းစိတ်
တရုတ်နံနံ အနည်းငယ်
ဆီ စားပွဲဇွန်း ၃ဇွန်း
ဆား/အချိုမှုန့် အနည်းငယ်
ပဲငံပြာရည် စားပွဲဇွန်း ၁ဇွန်း
ခရုဆီ စားပွဲဇွန်း ၁ဇွန်း
ဆီ(ပဲပြားကြော်ရန်) ၅၀၀လီတာ(၃၀သားခန့်)

ပြုလုပ်ပုံ
ပထမဆုံး ပဲပြားကို အတုံးလေးတွေတုံးပြီး ဆီပူပူမှာကြော်လိုက်ပါ
အရောင်ရလာရင်ဆယ်လိုက်ပါ သပ်သပ်ထားထားပါ
လွယ်လွန်းတော့ စိတ်များဆိုးသွားမလားမသိဘူး :D
အိုးတစ်လုံးမှာ ကြက်သွန်ဆီသတ်ပါ ပဲပင်ပေါက် ပဲပြားထည့်ပါ
မီးပြင်းပြင်းနဲ့ကြော်ပါ အရည်လေးနဲ့စားချင်ရင် ရေ နည်းနည်းလေးထည့်ပါ
သတိထားပါ ပဲပင်ပေါက်မှာ ရေပါပြီးသားပါ ကြော်ရင်ရေထွက်လာပါတယ်
ရေထည့်လိုက်ရင် ပိုများလာပါတယ် အရေသောက်လေးစားချင်ရင်ရေထည့်ပေါ့ဗျာ
နည်းနည်းနွမ်းပြီးရေထွက်လာရင် ခရမ်းချဉ်သီး နံနံပင်ထည့်လိုက်ပါ အရသာမြည်းကြည့်ပါ
အားလုံးပြီးရင် ပူပူနွေးနွေးလေး စားနော်
ကြော်ထားတဲ့ပုံ မတင်နိုင်တာ Chef ကြီးကိုစိတ်ဆိုးပါ
မောင်ဝေယံ ကကြော်ချင်ပါတယ် သူကမျက်စောင်းကြီးထိုးနေတော့
ကြောက်တယ်လေ သူက စားဖိုချုပ်မှုးကြီးလေ :D

2 အဲ့လိုပြောထားတယ်:

Anonymous said...

မောင်လေးရေ....
ဘယ်နှစ်မျိုးတောင်ချက်ကျွေးနေတာလဲ

Ven. Dhammapala said...

ဒကာကြီးရေ..... ဦးဇင်းလဲပဲပင်ပေါက်ကြော်ဘုဉ်းချင်တာနဲ. အင်တာနက်မှာရှာလိုကတာ... ဘုန်းကြီးဆိုတော့ စားချင်တယ်လို.ဒကာတွေကို ပြောရမှာရှက်လို. အင်တာနက်က ဒကာကြီး တင်ထားတဲ့ပုံနဲ.ဘဲ ဓါတ်ပုံထည်းကနေ ဘုဉ်းလိုက်ဲပီ... သာဓု သာဓု သာဓု