လက်တလောမောင်ဝေယံ၁ယောက်

သေလောက်အောင် အလုပ်များနေပါတယ်
အလုပ်သစ် နေရာသစ်မှာ ဟိုတယ်အသစ်၁လုံးမှာလုပ်နေပါတယ်
ဟိုတယ်ကအခုမှစဖွင့်မှာပါ လူရော ဦးနှောက်ပါချောင်ကျနေပါတယ်
မီးဖိုချောင်ကိုဆောက်လက်စကနေစပြီး ဟင်းချက်လို့ရအောင်အထိ
သုညကနေစပြီးလုပ်နေရတာပါ ကျနော့်ရဲ့ ပထမဆုံးအတွေ့အကြုံပါ
ဘလောက်တွေလည်း မဖတ်နိုင်ပါဘူး တနေ့ ၁၅နာရီ အလုပ်ထဲမှာပါ
အားရင်အားသလိုရေးသွားပါ့မယ် အင်တာနက်ရတာမကြာသေးပါဘူး
လာလည်တာကျေးဇူးတင်ပါတယ်....အိမ်မလည်ဖြစ်တာကိုလည်းခွင့်လွှတ်ပါ
တကယ့်တကယ်မအားလို့ပါ ကျေးဇူးအများကြီးတင်ပါတယ်.......

Monday, May 18, 2009

အမဲသား ငရုတ်ချဉ်လောင်း



အမဲသား ငရုတ်ချဉ်လောင်းဆိုတာ မြန်မာလိုခေါ်လိုက်တာပါ
Kitchen ထဲမှာ Hong Kong Beef လို့ပဲခေါ်ပါတယ်
အစပ်ကြိုက်သူတွေ အဆင်ပြေမယ်လို့ထင်ပါတယ်
တော်တောလူကြိုက်များလို့ညွှန်းတာပါ
Chilly Beef လို့ခေါ်လည်းရပါတယ် Hong Kong ဆိုတော့ နာမည်လှလို့ပေးတာပါ
လိုအပ်တာက

  • အမဲသား မိုးခိုသား ပါးပါး(အင်မတန်ပါးအောင်လှီးပါ) ၂၀၀ ဂရမ်
  • ငရုတ်သီးအနီ အခြောက်တောင့် ၂၀ဂရမ်ခန့်(ရေစိမ်ထားပါ )
  • ပဲပင်ပေါက် အနည်းငယ်
  • ကြက်သွန်ဖြူ ၃မွှာခန့်(နုတ်နုတ်စဉ်း)
  • နံနံပင် အနည်းငယ် နှတ်နှတ်စဉ်း
  • ပဲငံပြာရည်(အကြည်) စားပွဲဇွန်း ၃ဇွန်း
  • နှမ်းဆီ လက်ဘက်ရည်ဇွန်း၁ဇွန်း
  • ကြက်သားမှုန့် လက်ဘက်ရည်ဇွန်းတ၀က်
  • ခရုဆီ စားပွဲဇွန်း ၁ဇွန်း
  • Custard Powder လက်ဘက်ရည်ဇွန်း ၁ဇွန်း
  • Corn Flour လက်ဘက်ရည်ဇွန်း ၁ဇွန်း
  • ဆီ စားပွဲဇွန်း ၁ဇွန်း
  • ကြက်ဥ ၁လုံး
ပြုလုပ်ပုံ
အမဲသားပါးပါးလှီးထားတာကို Custard Powder Corn Flour ဆီ ကြက်ဥ စတာတွေနဲ့ အရင်နယ်ပါ
ခဏထားပါ Sauce စပ်ပါမယ် ငရုတ်သီးရေစိမ်ထားတာကို ကြိတ်ပါ မညက်တညက်လေးကြိတ်ပါ
အိုးတစ်လုံးမှာ ရေနည်းနည်းထည့်ပါ နှမ်းဆီ ခရုဆီ ပဲငံပြာရည် ကြက်သားမှုန့် စတာတွေကို ထည့်ပါ
သမအောင်မွှေပေးပါ နည်းနည်း ဆူလာပြီဆိုရပါပြီ အရသာမြည်းပြီး ချလိုက်ပါ
ရေနွေးပြန်တည်ပါ ဆူလာရင် ပဲပင်ပေါကိ ထည့်ပါ ၃မိနစ်လောက်ဆို ပြန်ဆယ်ပါ
အမဲသားနယ်ထားတာကိုပြုတ်ပါ အကျက်စားချင်ရင် ၅မိနစ်လောက်
Medium ဆို ၃မိနစ်လောက်ဆိုရပါတယ် ပြီးရင်တော့ ပန်းကန်မှာပြင်ပါ
အလှဆင်တာ ဘာဘာညာညာက ကျနော် ဓါတ်ပုံရိုက်မှာ မို့လို့ပါ

2 အဲ့လိုပြောထားတယ်:

မိုးကောင်းသူ said...

ဒါလဲ စားချင်စရာပဲ။ တကယ်လုပ်ကျွေးတော့။

leomark said...

အင်း..တရက်လောက် လုပ်ကြည့်အုံးမယ်