လက်တလောမောင်ဝေယံ၁ယောက်

သေလောက်အောင် အလုပ်များနေပါတယ်
အလုပ်သစ် နေရာသစ်မှာ ဟိုတယ်အသစ်၁လုံးမှာလုပ်နေပါတယ်
ဟိုတယ်ကအခုမှစဖွင့်မှာပါ လူရော ဦးနှောက်ပါချောင်ကျနေပါတယ်
မီးဖိုချောင်ကိုဆောက်လက်စကနေစပြီး ဟင်းချက်လို့ရအောင်အထိ
သုညကနေစပြီးလုပ်နေရတာပါ ကျနော့်ရဲ့ ပထမဆုံးအတွေ့အကြုံပါ
ဘလောက်တွေလည်း မဖတ်နိုင်ပါဘူး တနေ့ ၁၅နာရီ အလုပ်ထဲမှာပါ
အားရင်အားသလိုရေးသွားပါ့မယ် အင်တာနက်ရတာမကြာသေးပါဘူး
လာလည်တာကျေးဇူးတင်ပါတယ်....အိမ်မလည်ဖြစ်တာကိုလည်းခွင့်လွှတ်ပါ
တကယ့်တကယ်မအားလို့ပါ ကျေးဇူးအများကြီးတင်ပါတယ်.......

Friday, May 29, 2009

Post ၁၀၀ မြောက် အကျွေးအမွေး

အခု Post လေးက ၁၀၀မြောက် Post လေးပါ
လာလည်တဲ့လူတွေကို ရှယ်ကျွေးမယ် အ၀စားနော် :D
အမျိုးစုံလင် ရသာပေါင်းစုံ ရှယ် အီသွားစေရမယ်
မောင်ဝေယံ ဟင်းတွေပြင်နေတုန်း အချိန်ဖြုန်းဖို့
အပေါ့စား စားစရာလေးတွေ အဆာပြေစားထားနှင့်နော်



ကော်ပြန့်ကြော်လေးရယ် ပုဇွန်လုံးလေးတွေရယ် ပီကင်းဘဲကင်ရယ်
သုံးမျိုးပေါင်းထားတာပါ Chef ' Special Combo ပေါ့ဗျာ :D

ကြက်သားလုံးကြော်လည်းရှိတယ် အားမနာနဲ့ စားသာစား
ဒါက ဘဲဆီဖတ်ကြော် ကော်မှုန့်ကပ်ပြီး အကြွပ်ကြော်ထားတာ သတ်သတ်လွတ်သမားတွေကတော့ ဗီယက်နမ်ကော်ပြန့်စားသွား
သတ်သတ်လွတ် သခွားသီး မုန်လာဥနီ ပူစီနံ ကြာဇံ ဆလပ်ရွက် အစာသွပ်ထားတယ်
ဟင်းချိုမတိုက်တော့ဘူး တစ်ခါတည်း အရည်ပါပါတယ် Hot Pot (Steam Boat) ကျွေးမယ်ဗျာ
စိတ်ဆိုးမလားမသိဘူး :Dအမဲသား ဘဲသား ကြက်သား ငါး ပုဇွန် ပြည်ကြီးငါး ဟင်းသီးဟင်းရွက်စုံစုံလင်လင်ပြင်ထားတယ်
အ၀စား မ၀ရင်လည်းထပ်မတောင်းနဲ့နော် :D စတာ
သတ်သတ်လွတ်စားမယ်ဆိုရင် ပဲပြားကြော်မုန်ညှင်းရိုးပေါင်းကို မှိုနဲ့ ကော်ရည်လောင်းထားတယ်

ထမင်းမပါမပြီးဆိုသူတွေ ထမင်းကြော်စား


အချိုပွဲက မပါမပြီး ငှက်ပျောကြော်ကိုနှမ်းစေ့ကပ်ထားတယ် စားကောင်းတယ် ရေခဲမုန့်ကလက်ဆောင်

သီးစုံ ဆူရှီး Fruit Nigiri ပေါ့ ဆူရှီးထမင်းကို သကြားများများထည့်ပြီးနယ်ထားတယ်
ချိုချဉ်လေး အအီပြေတယ်


အားလုံးပြီးလို့ ရေမတိုက်တော့ဘူးဆို ကျနော့်ကိုစိတ်ဆိုးမှာပေါ့နော်
ရေရှိပါတယ် ရေကျက်အေးပါ စပါးလင်လေးနဲ့ သကြားနည်းနည်းလေးထည့်ကျိုထားတယ်
ချိုချိုမွှေးမွှေးလေး အဆင်ပြေမယ်ထင်ပါတယ်
အားလုံး စားပြီးလို့ ဗိုက်တင်းပြီး မပြန်နိုင်ရင် တာဝန်မယူဘူးနော် :D
မောင်ဝေယံ ခဏနှတ်ဆက်ပါတယ် အွန်လိုင်းကို မတတ်နိုင်သေးပါဘူး
အိမ်လည်မလာနိုင်ရင်ခွင့်လွတ်ပါ ဒီဟင်းပွဲတွေပြင်တာ အကြံခဏကုန်သွားပါတယ်
နားရက်ယူသွားပါတယ် ပြန်လာရင်ပြန်တွေ့ပါမယ် ပျော်ရွှင်ကြပါစေ

15 အဲ့လိုပြောထားတယ်:

Anonymous said...

ဟယ်ဒီလောက်ကြိးများတောင်
နေအုံးမိသားစုတွေသွားခေါ်အုံးမယ်
ဘာအရင်စားရမှာလဲမောင်လေး
အော် အခုမှကြည့်မိတယ်
ပိုစ့် 100 မှသည် ပို့ စ်10000000000000000000000000000000000000000000000000000000000000000000000000000000000000000000000000000000000000000000000000000000000000000000000000000000000000000000000000000000000000000000000000000000တိုင်ပါစေရှင်

maydecer said...

WoWooo... တစ်ကယ်ကို ရှယ်ကျွေးတာပဲ ဒို့ကိုကြီးတော့...း)
ဘယ်ဒူ့မှကို ကျွေးချင်တော့ဘူး။ ဒီဒီတစ်ယောက်ထဲပဲ စားပစ်လိုက်ပြီ... ဟိ :P

Unknown said...

မနက်စာ လာရောက်သုံးဆောင်သွားပါတယ်...။

ရှေးမြန်မာ said...

ကောင်းကွာ ၊ သိပ်ကောင်းတယ်
ရှေ့ဆက်ပြီး များများ တင်နိုင်ပါစေ။
စားဖိုမှူးအလုပ်က သိပ်အလုပ်များတယ်။
အချိန်လုပြီး ပိုစ်တင်ရမယ်လို့ ထင်ပါတယ်။

အမျိုးအမယ် စုံလင်လှတဲ့ ဟင်း၊ထမင်းတွေ ကို နတ်တွေလို စားပါတယ်။
ထိထက် ပိုလုပ်နိုင်ပါစေဗျာ။

ကျွန်တော်ငယ်ငယ် ကအမေ နတ်ပွဲတင်တဲ့နေ့ဆို ဝါးတီးဖွင့် ခွင့်ရတယ်။
အမေကသာ နတ်တင်တယ်ဆိုပြီး စားစရာတွေ ပြင်ဆင်ပြီးတင်နေတာ အမေ့နတ်တွေကဖြင့် စားရောစားရဲ့လားလို့ ကျွန်တော်က မေးတော့၊
" ဟဲ့နတ် တွေက မတို့မထိပေမယ့် အငွေ့လေးဘဲစားတာ ဟဲ့" လို့ဖြေတယ်။

မှတ်ချက်။ ။ ကျွန်တော်လည်း အမေပြောသလို နတ်စား စားပြီးပြန်သွားတယ်ဗျာ။

နှင်းဆီနက် said...

အမလေး အများကြီးစားသွားတာထလို့တောင်မရတော့ဘူးး) ပို့စ်၁၀၀မြောက်မှသည် ................... သို့ ရေးနိုင်ပါစေလို့ စားပြီးမှဆုတောင်းပေးသွားပါတယ်

ခင်တဲ့

နှင်းဆီနက်

မိုးကောင်းသူ said...

အများကြီးပါပဲလား။ ဘယ်ကနေ စပြီး စားရမလဲတောင်မသိတော့ဘူး။ ရတယ် ဖြည်းဖြည်းချင်းစားမယ်။ နောက်လဲ များများကျွေးနိုင်ပါစေ။

WWKM said...

အယ်..မောင်ဝေယံ ကိုယ်တိုင်လုပ်ထားတာတွေလားးး
စူဂဲးးးးးးးးးးးးးးးးးးးးး
အစ်မတော့ ပီကင်းဘဲကင်မသွားပြီနော်..း))))
ပို့ ၁၀၀ ပြည့်မှသည်. ပို့စ် ၁၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀ တိုင်အောင် ပျော်ရွှင်စွာဘလော့ဂင်နိုင်ပါစေ.

WWKM

yehtutnaung said...

ငိုချင်လိုက်တာဗျာ...။
အသိနောက်ကျလို့ .....................။
အခုမှ အားရပါးရ စားရတယ်။ အပေါ်က ၇ ယောက် ဆွဲထားလို့  သိပ်တောင် မကျန်တော့ဘူး..ဟီးဟီး (ငိုသံ)။
ကဲ ပလုပ်ပလောင်းနဲ့  ဆုတောင်းပေးဖို့  မေ့နေတယ်။
".........ပို့ စ် ၁၀၀ မြောက်မှသည် သိန်းသန်းချီ အထိ ရေးနိုင်ပါစေဗျာ။ ..........."
်facebook မှာ ကျွန်တော့် account က yhnaung@gmail.com ပါ..။

T T Sweet said...

ဝါးတီးဆိုလို့ ၀မ်းသာအားရလာတီးသွားပါသည်။ ပို့စ်တွေ အကုန်လျှောက်မဖတ်ရသေးလို့ ။ ကိုဝေယံက ကိုယ်ပိုင် restaurant ဖွင့်ထားတာလား။

Anonymous said...

ကိုဝေယံ ... မနက်ကရုံးမှာမို့မန့်လို့ရဘူး ... စားလို့၇တာငမ်း ... အဲလေ ယောင်လို့ ... စားသွားပါတယ် ... အားရပါးရစားသွားပါတယ် ... ပို့စ် ၁၀၀ မှ ပို့စ်ပေါင်းများစွာတိုင်စေသော်ဝ် ...

ဆည်းဆာသံစဉ် said...

ဝါးးးးးးးးးးးး..ရှယ်တွေကြီးပါပဲလား...ရှလွတ်!!! :P။ အ၀တီးချင်တာ ကိုဝေယံရာ..ဒါပေမယ့် လာတာနောက်ကျလို့  ကုန်သလောက်တောင်ဖြစ်နေပါလား..။ ဒါပေမယ့် လက်ကျန်အ၀တီးမယ်နော်...:D ။ အားမနာတော့ဘူး...။ နောက်လူတွေအတွက်တော့ နည်းနည်း ချန်ထားပေခဲ့မယ်..တော်ကြာအစားပုတ်လို့  အပြောခံရမှာစိုးလို့ ...:D။ ကဲ...စားပီးတော့လည်း ပြောရပီပေါ့ဗျာ..။ ဒီပို့ စ် ၁၀၀ မှ စပြီး နောက်ပို့ စ်ပေါင်းများစွာကို အောင်မြင်စွာ တင်ဆက်နိုင်ပါစေဗျာ..။ ခင်မင်စွာဖြင့်....အားပေးနေလျှက်..

Anonymous said...

လာစားတယ်ဗျာ။
မဖိတ်ပေမယ့်လည်း။
အစားအသောက်ဆို
အသံကြားတာနဲ့လာတာ။
ပီားပီား

သီဟသစ် said...

ညီေးဝေယံရေ...

ရှယ်တွေချည်းပဲ၊ အ၀လာစားသွားပြီ...

ပို့စ် ၁၀၀ မှသည် ထောင်သောင်းသိန်းသန်း....ထိရေးနိုင်ပါစေကွာ...

good luck

နွေးနေခြည် said...

ပိုစ့်တရာမှသည် စိတ်သွားတိုင်းရေးနိုင်သည်အထိ တိုးပွားနိုင်ပါစေရှင်
အ၀လည်းစားသွားတယ် ပိုတာတွေလည်း ပါဆယ်ယူသွားပြီးး) ဟီးးးး

မဆုမွန် said...

ပို့စ်၁၀၀မှသည် ပို့စ် ထောင်သောင်းချီပါစေလို့ ဆုတောင်းသွားတယ် သကြားရည်ပဲ တိုက်လို့ စိတ်ဆိုးတယ်