လက်တလောမောင်ဝေယံ၁ယောက်

သေလောက်အောင် အလုပ်များနေပါတယ်
အလုပ်သစ် နေရာသစ်မှာ ဟိုတယ်အသစ်၁လုံးမှာလုပ်နေပါတယ်
ဟိုတယ်ကအခုမှစဖွင့်မှာပါ လူရော ဦးနှောက်ပါချောင်ကျနေပါတယ်
မီးဖိုချောင်ကိုဆောက်လက်စကနေစပြီး ဟင်းချက်လို့ရအောင်အထိ
သုညကနေစပြီးလုပ်နေရတာပါ ကျနော့်ရဲ့ ပထမဆုံးအတွေ့အကြုံပါ
ဘလောက်တွေလည်း မဖတ်နိုင်ပါဘူး တနေ့ ၁၅နာရီ အလုပ်ထဲမှာပါ
အားရင်အားသလိုရေးသွားပါ့မယ် အင်တာနက်ရတာမကြာသေးပါဘူး
လာလည်တာကျေးဇူးတင်ပါတယ်....အိမ်မလည်ဖြစ်တာကိုလည်းခွင့်လွှတ်ပါ
တကယ့်တကယ်မအားလို့ပါ ကျေးဇူးအများကြီးတင်ပါတယ်.......

Wednesday, May 6, 2009

ဖြစ်ရမယ်လေ

ဖြစ်ပါတယ် မောင်ဝေယံ၁ယောက် တော်တော် ဒွတ်ခရောက်ပါတယ်
ဒီနေ့ပေါ့ မှတ်ထားလိုက်ပါတယ် Blog မှာ
တော်တော် စိတ်ညစ်ရတဲ့နေ့ပါ
အသိ ၁ယောက် အဆောင်ပြောင်းတာ လိုက်ကူညီတယ်
ပြီးတော့ စကားတွေပြော ပစ္စည်းတွေရွှေ့ အားလုံးအိုကေ
ပြန်လာတော့ တက္ကစီ စီးပြီးပြန်လာတယ်
ကားပေါ်ကဆင်းတယ် ပိုက်ဆံရှင်းတယ်
အဆောင်ပေါ်တတ်တယ် အခန်းရှေ့ရောက်တော့ စတွေ့တာပါပဲ
သော့က ကားပေါ်ပါသွားတယ်လေ သေရော
ကားဆရာက အိန္ဒိယ လူမျိုးပါ
ကျနော့်အဆောင်ကို ကားပေါ်ကဆင်းခါနီးပြဘူးပါတယ်
လာများပြန်ပေးမလားလို့ စောင့်ပါတယ်
မိုးသာချုပ်သွားတယ် ပေါ်မလာပါဘူး
ပေါ်မလာဇတ်ကားရိုက်သွားပါတယ်
ကျနော်ပေါ့လျော့တာပါ
ပိုက်ဆံအိတ် နဲ့သော့ ဘောင်းဘီအိတ်ခွဲထည့်လိုက်တာ
ခံလိုက်ရပါတယ်
မြန်မာပြည်မှာဆိုရင်တော့ ပြန်ရရင်ရမယ်ထင်ပါတယ်
၁ညနေလုံး ဘေးက အခန်းမှာထိုင် အခန်းဖော်အလုပ်က ပြန်လာတာစောင့်
ည ၁၁ နာရီမှ အခန်းထဲပြန်ရောက်တာပါ
ဘာမှမချက်နိုင်လို့ ထိုင်းဆိုင်မှာသွားစားလိုက်ရတယ်(ကြွားတာ ကြွားတာ :D )
နောက်နေ့တွေမှ ဟင်းချက်နည်းရေးတော့မယ် ဒီနေ့တော့ အကို အမတွေ
မောင်ဝေယံ့အဖြစ်ကို ရီချင်ရီရအောင် ပြောပြတာ :D

3 အဲ့လိုပြောထားတယ်:

Anonymous said...

အဲမောင်ဝေယံ..
ဒရ၀မ်လုတ်လိုက်ရတာပေါ့နော်
သနားပါတယ်မရီပါဘူးကွယ်
ကျွတ်ကျွတ်ကျွတ်

Thant said...

ဒါပထမဆုံးလား ။ တို့ကတော့ ၃ကြိမ်မြောက်မှာ spare key ၃စုံတောင်ပွားထားလိုက်တယ်။ သွားလေရာသယ်တဲ့ကျောပိုးအိပ်ထဲမှာတစ်စုံ၊အိမ်အပြင်မှာတစ်စုံ ၊ ရုံးမှာတစ်စုံ...အေးရော ။ ဟိ ။

ဆည်းဆာသံစဉ် said...

တော်သေးတာပေါ့ သော့ပဲကျန်ခဲ့လို့  ကျနော်ဆို ပိုက်ဆံအိတ် ထွက်ကျခဲ့တာ...။ ပိုက်ဆံအိတ် ထွက်ကျခဲ့တာ မသိပဲ ဆိုင်တဆိုင်မှာ ၀င်စားပြီး ပိုက်ဆံရှင်းမယ် ဆိုတော့မှသိတာ..။ တော်သေးတာပေါ့ ဖုန်းလေးကျန်နေခဲ့လို့ .....နောက်ဆို ပုဂံ ၀င်ဆေးပေးရမလား...စခန်းရောက်မှ ရှင်းရမလားတောင်မသိဘူး..:D...။