လက်တလောမောင်ဝေယံ၁ယောက်

သေလောက်အောင် အလုပ်များနေပါတယ်
အလုပ်သစ် နေရာသစ်မှာ ဟိုတယ်အသစ်၁လုံးမှာလုပ်နေပါတယ်
ဟိုတယ်ကအခုမှစဖွင့်မှာပါ လူရော ဦးနှောက်ပါချောင်ကျနေပါတယ်
မီးဖိုချောင်ကိုဆောက်လက်စကနေစပြီး ဟင်းချက်လို့ရအောင်အထိ
သုညကနေစပြီးလုပ်နေရတာပါ ကျနော့်ရဲ့ ပထမဆုံးအတွေ့အကြုံပါ
ဘလောက်တွေလည်း မဖတ်နိုင်ပါဘူး တနေ့ ၁၅နာရီ အလုပ်ထဲမှာပါ
အားရင်အားသလိုရေးသွားပါ့မယ် အင်တာနက်ရတာမကြာသေးပါဘူး
လာလည်တာကျေးဇူးတင်ပါတယ်....အိမ်မလည်ဖြစ်တာကိုလည်းခွင့်လွှတ်ပါ
တကယ့်တကယ်မအားလို့ပါ ကျေးဇူးအများကြီးတင်ပါတယ်.......

Friday, May 1, 2009

တို့ဟူးနွေး စားချင်တယ်

ကျနော်တော်တော်ကြိုက်တာပြောရရင်တို့ဟူးနွေးပါ
ရှီးတို့ဖိန့် ပေါ့ :D ကျနော်တို့ခေါ်တာပြောတာနော်
ရေရေလည်လည်ကြိုက်တာပါ မနက်စောစော ဆောင်းတွင်းဘက်ဆိုလို့ကတော့
ဘာပြောကောင်းမလည်း အဲ့တာလေးစားလိုက်မှ အာသီသ ပြေတာ :D
ကဲကဲ လေပေါတာရပ်လို့ တို့ဟူးကျိုကြပါစို့ဗျာ ကျနော်ကတော့ ကုလားပဲကိုပဲ သုံးပါတယ်

လိုတာတွေက

  • ပဲအစိမ်း
  • ကြာညို့(ပဲငံပြာရည်)
  • နှမ်းဆီကျက်
  • ငရုတ်ဆီကျက်
  • ချောက်ကော့ပါကော့(Chisnese spices)ဆီကျက်
  • နံနံပင်နည်းနည်း
  • ကြက်သွန်ဖြူဆီကျက်
တို့ဟူးကျိုမယ်ဆိုရင် ပဲအစိမ်းမှုန့် လိုပါတယ်
ပဲအစိမ်းမှုန့် မရှိရင် ကုလားပဲကို သုံးပါ
ကုလားပဲ ၅၀၀ ဂရမ် ၁ထုတ်ဆို မိသားစု ၁စုကောင်းကောင်းစားနိုင်ပါတယ်
ကုလားပဲ အစိမ်းကိုရေစိမ်ပါ ၁နာရီလောက်ကြာရင်ကြိတ်ပါ
ဇကာစိတ်စိတ်လေးမှာ အရည်စစ်ယူလိုက်ပါ အိုး ၁လုံးမှာ မီးအေးအေးနဲ့ကြိုပါဒီလိုမျိုးပေါ့ ဆား အချိုမှုန့်ဆနွင်းလေးထည့်ကျိုရင်တော့ကောင်းပါတယ်
ဆနွင်းမကြိုက်ရင်မထည့်လို့ရပါတယ်
ပျစ်လာပြီ မွှေပေးတဲ့ whisk မှာ တို့ဟူးလေးတွေ ညောင်စေးတန်းလာပြီဆိုရပါပြီ
ပန်းကန်၁လုံးမှာ ခေါက်ဆွဲထည့်ပါ ခေါက်ဆွဲမကြိုက်ဘူး တို့ဟူးနွေးသီးသန့်စားမယ်ဆိုစားပါ
ကျနော်ကတော့ ဆန်စေးကြိုက်ပါတယ် ဆန်စေးနဲ့စားမယ်ပန်းကန်ထဲမှာပြင်ပြီးရင် လိုအပ်တာတွေထည့် နယ်ပြီးသုံးဆောင်နိုင်ပါပြီ
ပြင်ပြီးဆင်ပြီးတော့ဗိုက်ဆာလို့စားလိုက်တာ နောက်ဆုံးပုံလေးမရှိတော့ဘူး
:D အကိုအမတွေ အားမနာနဲ့ စားနော် တို့ဟူးနွေးက ပူတုန်းစားမှကောင်းတာ
ပျော်ရွှင်ကြပါစေ ကိုသံလွင်လည်းစားနော် ကြိုက်မှာပါ တို့ဟူးနွေး
လိုအပ်တာရှိရင် ကျနော့်အားနည်းချက်မို့လို့ ခွင့်လွှတ်ပါဗျာ

3 အဲ့လိုပြောထားတယ်:

Anonymous said...

ဘယ်လိုခေါ်တယ်???????????
သိပါဘူးမြူးတို့ မြစ်ကြီးနားမှာတော့
တိုဖူးပျော့လို့ ခေါ်တယ်။။
ပါးပါးနဲ့ စားရတာကြိုက်တယ်။
ပါးပါးဆိုတာခေါးပုတ်ပါးပါးလေးတွေပါ။
ဝေယံသိလား??မီးကင်ပြီးညှပ်ထည့်တာပါ။

Anonymous said...

အကိုဝေယံ သတိမေ့ပြီး အကုန်တွယ်လိုက်တာ စားဖို့တောင် ကျန်တော့ဘူး :((
ဒီဒီလည်း ကြိုက်တယ်။ မာမားကလည်း အရင်တုန်းက ခဏ ခဏလုပ်ကျွေးတတ်တယ်။ သတိတရနဲ့ စားသွားလိုက်ပီ.. ကျေးဂျူးးးးး

ဖြိုးဇာနည် said...

ရှလွတ့်သွားရည်ယိုလာပီ
စားချင်နေတာကြာလှပေါ့
ကိုယ့်မြို့ကိုပြန်ရောက်ရင်တော့
မောင်တင်ထားပြီးသားပဲ
အီကြာကွေးလေးနဲ့တိုဟူးနွေးလေး
လိုက်မှလိုက့်