ကြာဇံသုတ်မယ်
မရေးတာတော်တော်ကြာသွားပါတယ်
အကိုတွေ အမတွေဆီလည်း မလည်တာကြာပါပြီ
မောင်ဝေယံတစ်ယောက် ဘာတွေဖြစ်နေမှန်းမသိပါဘူး
ရှုပ်နေတာပါပဲ အခုပြန်ရေးပါတော့မယ် ကြာဇံသုတ်လေး
ကြာဇံကို ပင်လယ်စာနဲ့သုတ်တာပါ ထိုင်း style လို့ပြောတာပဲ
စားလို့တော့ကောင်းတယ်ဗျ စားချင်စားနိုင်အောင်လို့
လိုအပ်တာကတော့
- ကြာဇံ အနည်းငယ်
- ပင်လယ်စာများ အနည်းငယ်(ပြုတ်ပြီး အတုံးလေးတွေတုံးထားပါ)
- ခရမ်းချဉ်သီး ၁လုံး အစေ့ထုတ် ပါးပါးလှီး
- ကြက်သွန်နီ ၁လုံး ပါးပါးလှီး
- ကြက်သွန်မြိတ် ၁ပင် လက်နှစ်ဆစ်ခန့်ဖြတ်ပါ
- ငံပြာရည် စားပွဲဇွန်း ၂ဇွန်း
- သကြား လက်ဘက်ရည်ဇွန်း ၁ဇွန်း
- သံပုရာရည် စားပွဲဇွန်း ၁ဇွန်း
လွယ်ပါတယ် ကြာဇံကို ပြုတ်ပါ ကတ်ကြေးလေးနဲ့ ဖြတ်ပေးပါ
ရှည်နေရင်သုတ်လို့မကောင်းပါဘူး ကျန်တာအားလုံးကိုရောပြီး
ဇလုံ တလုံးမှာ နယ်ပေးပါ အစပ်ကြိုက်ရင် ငရုတ်ဆီထည့်ပါ
ငရုတ်သီးစိမ်းလေးကိုဒါးပြားရိုက်ပြီး ပါးပါးလှီးထည့်လိုက်ပါ
ရိုးရိုးရှင်းရှင်းလေးပါပဲ စားလို့ကောင်းပါတယ် အသားနှစ်သက်ရာသုံးပါ
သတ်သတ်လွတ်စားမယ်ဆို အသားမပါဘဲ ပဲငံပြာရည်နဲ့သုတ်ပါ
ပဲငံပြာရည်ကတောင်ပိုကောင်းပါတယ် ပျော်ရွှင်ပါစေ
2 အဲ့လိုပြောထားတယ်:
စားချင်တယ် စားချင်တယ်
ကြာဇံသုပ် လာစားသွားတယ်။ အရမ်းကြိုက်တာပဲ။
Post a Comment