လက်တလောမောင်ဝေယံ၁ယောက်

သေလောက်အောင် အလုပ်များနေပါတယ်
အလုပ်သစ် နေရာသစ်မှာ ဟိုတယ်အသစ်၁လုံးမှာလုပ်နေပါတယ်
ဟိုတယ်ကအခုမှစဖွင့်မှာပါ လူရော ဦးနှောက်ပါချောင်ကျနေပါတယ်
မီးဖိုချောင်ကိုဆောက်လက်စကနေစပြီး ဟင်းချက်လို့ရအောင်အထိ
သုညကနေစပြီးလုပ်နေရတာပါ ကျနော့်ရဲ့ ပထမဆုံးအတွေ့အကြုံပါ
ဘလောက်တွေလည်း မဖတ်နိုင်ပါဘူး တနေ့ ၁၅နာရီ အလုပ်ထဲမှာပါ
အားရင်အားသလိုရေးသွားပါ့မယ် အင်တာနက်ရတာမကြာသေးပါဘူး
လာလည်တာကျေးဇူးတင်ပါတယ်....အိမ်မလည်ဖြစ်တာကိုလည်းခွင့်လွှတ်ပါ
တကယ့်တကယ်မအားလို့ပါ ကျေးဇူးအများကြီးတင်ပါတယ်.......

Saturday, May 9, 2009

Buffet



မောင်ဝေယံက Buffet ချက်ရပါတယ် အရင်ကတည်းကချက်တာပါ
ဘာရယ်မဟုတ်ဘူး စိတ်ကူးပေါ်လာလို့တင်လိုက်တာ
ကျနော်တို့ဘယ်လိုချက်လည်းသိစေချင်လို့ပါ
ကြည့်ကြည့်နော် ဝေဖန်ကြည့် အပေါ်က ခေါက်ဆွဲကြော်
အောက်က Sziechum Beef နည်းနည်းချဉ်စပ်လေး
အမြဲတမ်း ဒီလို ဒယ်အိုးတွေနဲ့ချက်တာပါ ပင်ပန်းတယ်
A La Carte လောက်ပဲ ဒယ် အသေးလေးနဲ့ ကြော်တာပါ
Buffet ကတော့ ဒီဒယ်နဲ့ပဲသုံးတယ် ထမင်းဆိုလည်းဒါနဲ့ကြော်တယ်
ဘယ်လိုနေလည်း ကျနော့်ဘလောက်လာဖတ်တဲ့ အစ်ကို အစ်မတွေ
အကုန်လုံးကို ဒီဒယ်နဲ့ချက်ကျွေးရင်လောက်မယ်ထင်တယ်နော် :D
ပျော်ရွှင်ကြပါစေဗျာ

5 အဲ့လိုပြောထားတယ်:

Anonymous said...

မောင်လေးဝေယံရေ..........
ချက်ကျွေးကြည့်လေ.
ဒါမှသိမှာပေါ့ဟုတ်ဖူးလား?
မြူးတော့အရင်ဆုံးခေါ်နော်

နွေးနေခြည် said...

ပင်ပန်းတယ်ဆိုလို့ စိတ်မကောင်းဖြစ်သွားတယ်။ စားတောင် မစားရက်တော့ဘူး။
ဒါပေမယ့်လည်း စာဖိုမှုးဆိုတာ သူတို့ချက်တာကို မြိန်ရည်ယှက်ရည်စားနေရင် သဘောတွေကျနေတတ်တာ မဟုတ်လား။ buffet ဆိုတော့ တန်အောင် အ၀တီးသွားပြီး)
တော်တယ် ဒီလောက်ချက်နိုင်တာ

မိုးကောင်းသူ said...

ဘူးဖေးဆိုလို့ အ၀ဆွဲသွားတယ်။

ဖြိုးဇာနည် said...

စားမယ်ဝါးမယ်ဝေ့ဗိုက်ချာလာတယ်
ဟဲဟဲ့ရှိတာအကုန်ထုတ်

Thinzar said...

asian kitchen ရောက်နေတယ်ဆိုလို့ မေးကြည့်တာ။ ထိုင်းတွေချက်တဲ့ tomyam ဟင်းချို ချက်တတ်မှာပေါ့နော်။ အချိန်ရတဲ့အခါ ချက်နည်းလေး ရေးပေးပါလား။ thanks :)