လက်တလောမောင်ဝေယံ၁ယောက်

သေလောက်အောင် အလုပ်များနေပါတယ်
အလုပ်သစ် နေရာသစ်မှာ ဟိုတယ်အသစ်၁လုံးမှာလုပ်နေပါတယ်
ဟိုတယ်ကအခုမှစဖွင့်မှာပါ လူရော ဦးနှောက်ပါချောင်ကျနေပါတယ်
မီးဖိုချောင်ကိုဆောက်လက်စကနေစပြီး ဟင်းချက်လို့ရအောင်အထိ
သုညကနေစပြီးလုပ်နေရတာပါ ကျနော့်ရဲ့ ပထမဆုံးအတွေ့အကြုံပါ
ဘလောက်တွေလည်း မဖတ်နိုင်ပါဘူး တနေ့ ၁၅နာရီ အလုပ်ထဲမှာပါ
အားရင်အားသလိုရေးသွားပါ့မယ် အင်တာနက်ရတာမကြာသေးပါဘူး
လာလည်တာကျေးဇူးတင်ပါတယ်....အိမ်မလည်ဖြစ်တာကိုလည်းခွင့်လွှတ်ပါ
တကယ့်တကယ်မအားလို့ပါ ကျေးဇူးအများကြီးတင်ပါတယ်.......

Tuesday, April 28, 2009

ဒီလိုဒီလို

အကိုအမတွေခင်ဗျားး ဟီးးးးး ကျနော်မောင်ဝေယံ ပေါက်ကရ တွေတင်မိတာခွင့်လွတ်ပါဗျာ
ကျနော်ဒီရက်ပိုင်း အလုပ်မှာ လူပိနေလို့(ဟိုတယ်မှာလူပြည့်)နေလို့ ဘလောက်မရေးနိုင်ပါ
အကိုအမတို့ကိုဧည့်ဝတ်မကျေတာ ရှိရင် ခွင့်လွတ်ပါ ကျနော် လာမလည်တာကိုလည်းခွင့်လွတ်ပါ
ဘယ်လိုမှမတတ်သာလို့ပါ ဧည့်သည်တွေက သမဆိုင်ထက်တောင်များနေပါတယ်
အလှူလိုလာစားနေတာပါ ပင်ပန်းလို့ ဘာမှမလုပ်နိုင်ပါဘူး ဘာမှလည်းမလုပ်ချင်ပါဘူး
ပိနေတဲ့လူတွေ ပြန်သွားရင် ပြန်လာခဲ့ပါမယ် နှူတ်ဆက်ပါတယ် ၁ရက် ၂ရက်လောက်
ခွင့်ပေးပါ :D

3 အဲ့လိုပြောထားတယ်:

Anonymous said...

အဲလိုဘယ်ရမလဲ။။။
လူကြီးတွေကိုနောက်တုန်းကနောက်ပြီးတော့။
အခုတော့သိသွားပြီမောင်ဝေယံဘယ်သူလဲဆိုတာ။
၇-၈လပိုင်းလောက်ထိုင်းလာလည်ဖို့ ရှိတယ်။
လွတ်အောင်သာပြေးပေတော့...တွေ့ လို့ ကတော့
မောင်ဝေယံဆိုတာသူပဲလားလို့ ပဲမေးမှာပါ။

မိုးကောင်းသူ said...

ခွင့်လွတ်ပါတယ် မောင်လေးဝေယံ။ အစ်မလဲ မြူးနဲ့အတူလာမည်။ လွတ်အောင်သာပေးပေတော့။ :D

ဆည်းဆာသံစဉ် said...

အဲလောက်လူတွေများနေရင် ကျွန်တော် အကြံတခုပေးမယ် ကိုဝေယံ...။ နံပတ်(၁) ဒုတ်တချောင်းလောက်ဆောင်ထားပါလား...မင်းတို့ လား ဒီလောက်လာစားချင်တာဆိုပြီး မေးမေးပြီး ဂေါင်းကိုတီးလိုက်ဗျာ...ဟီးဟီး...။ စတာနော်.. ပျော်ရွှင်ပါစေဗျာ..။ ပြန်လာတော့မှ အသစ်တွေဖတ်ရတော့မှာပေါ့..။ အားပေးနေတယ်ဗျာ..။