ချင်းမိုင်ကြက်သားသုတ်
ကဲ ချင်းမိုင်ရဲ့ သင်္ကေတ ၁ခု ပဲဗျ သူတို့တော်တော်ကြိုက်ကြတယ်
ဒီမှာလည်းတော်တော်ရောင်းကောင်းတယ် Larb Gai တဲ့
ကြက်သားကိုကြိတ်(စဉ်းကော) သုတ်ထားတာပါ
စားလို့ကောင်းပါတယ် ခံတွင်းမြိန်တယ်ဗျ လုပ်စားကြည့်
လိုအပ်တာတွေ
- ကြက်သား(ကြိတ်သား မရှိလျှင်နုတ်နုတ်စဉ်းပါ ရင်ပုံသားပိုကောင်းပါတယ်)
- ကြက်သွန်နီ(နုတ်နုတ်စဉ်း) အနည်းငယ်
- စပါးလင် နုတ်နုတ်စဉ်း ၁ပင်
- ပဒဲကော(galangal) အနည်းငယ် များလျှင်ခါးသည်
- ကြက်သွန်မြိတ်(ပါးပါးလှီး) ၂ပင်ခန့်
- ရှေက်ရွက်(ပါးပါးလှီး) အနည်းငယ်
- ပူစီနံ(mint) အနည်းငယ်
- သံပုရာရည် စားပွဲဇွန်း၂ဇွန်း
- သကြား လက်ဘက်ရည်ဇွန်း၁ဇွန်း
- ငံပြာရည် စားပွဲဇွန်း ၁ဇွန်းခွဲ
- ကောက်ညှင်းဆန်လှော်မှုန့် အနည်းငယ်
- ငရုတ်သီးမှုန့် အနည်းငယ်
- နံနံပင် အနည်းငယ်(အလှဆင်ရန်နှင့်သုတ်ရန်)
စားကြည့်နော် အိမ်မှာ
0 အဲ့လိုပြောထားတယ်:
Post a Comment