လက်တလောမောင်ဝေယံ၁ယောက်

သေလောက်အောင် အလုပ်များနေပါတယ်
အလုပ်သစ် နေရာသစ်မှာ ဟိုတယ်အသစ်၁လုံးမှာလုပ်နေပါတယ်
ဟိုတယ်ကအခုမှစဖွင့်မှာပါ လူရော ဦးနှောက်ပါချောင်ကျနေပါတယ်
မီးဖိုချောင်ကိုဆောက်လက်စကနေစပြီး ဟင်းချက်လို့ရအောင်အထိ
သုညကနေစပြီးလုပ်နေရတာပါ ကျနော့်ရဲ့ ပထမဆုံးအတွေ့အကြုံပါ
ဘလောက်တွေလည်း မဖတ်နိုင်ပါဘူး တနေ့ ၁၅နာရီ အလုပ်ထဲမှာပါ
အားရင်အားသလိုရေးသွားပါ့မယ် အင်တာနက်ရတာမကြာသေးပါဘူး
လာလည်တာကျေးဇူးတင်ပါတယ်....အိမ်မလည်ဖြစ်တာကိုလည်းခွင့်လွှတ်ပါ
တကယ့်တကယ်မအားလို့ပါ ကျေးဇူးအများကြီးတင်ပါတယ်.......

Sunday, November 15, 2009

အစ်မ အိန်ဂျယ်အတွက်..

ကျနော် ဒူဘိုင်းကိုရောက်မှသိတဲ့ အစ်ကိုတွေအစ်မတွေရှိပါတယ်
အစ်မ၁ယောက်က ပြန်တော့မှာပါ....သိတာမကြာပေမယ့် အမြဲတမ်း စလိုက်နောက်လိုက်
ခင်တတ်တဲ့အစ်မအတွက်...နှတ်ဆက်ပိုစ့်လေးရေးပေးချင်ပါတယ်...
ကျနော့်အစ်မ၁ယောက် ဒူဘိုင်းကနေ ဒီ့ထက်ပိုကောင်း ပို အဆင့်မြင့်တဲ့နိုင်ငံကို
အမြန်ဆုံး ရောက်နိုင်ပါစေ...ပျော်ရွှင်ပါစေ...ဒ က သယ်ရင်းတွေကို မမေ့ပါနဲ့နော်
ရေခဲမုန့်ဝယ်မကျွေးလိုက်ရလို့ ဘလော့မှာ ရေခဲမုန့်တွေတင်လိုက်တယ်
Forward Mail ကလာတာတွေပါ.. ကျန်တဲ့ အစ်ကိုအစ်မတွေလည်း
အားမနာနဲ့နော်.... အ၀စားကြ.....ခုတလော အလုပ်ရော ကိုယ်ရေးကိုယ်တာပါ
မောစရာတွေရှိလို့ ဧည့်ဝတ်မကျေတာခွင့်လွှတ်ပါ....










4 အဲ့လိုပြောထားတယ်:

Angel Shaper said...

အားးးးးးပါးးးးးးးးးးးးးးးးး ကောင်းလိုက်တဲ့ ရေခဲမုန့်တွေ။
အားလုံးးးးးးကို အ၀စားသွားတယ်ဟာ။
ကျေးဇူးတင်လိုက်တာ ဝေယံရေ...

Angel Shaper said...

နှုတ်ဆက်ဆုတောင်းအတွက်ရော
ရေခဲမုန့်တွေအတွက်ပါ ကျေးဇူးကြီးကြီး တင်ပါတယ်။
အားလုံး တို့မရှိတော့လဲ အရင်လိုပဲ စည်းစည်းလုံးလုံး ပျော်ပျော်ပါပါး တွေ့ ဆုံပွဲတွေ လုပ်ကြပေါ့။ အဝေးးးးကနေ ၀မ်းသာဂုဏ်ယူလို့ အားကျနေမယ်နော်။
အားလုံးလဲ အဆင်ပြေပါစေဟာာာာာာာ

mysterysnow said...

ထင်တော့ထင်သာ..
သူက အရင်ရောက်ပီး အရင်စားသွားတာကိုး....
ရှိပါစေတော့လေ...
သူ့ကိုကျွေးတာဆိုတော့လဲ...
ဒေါ်အိမ်ကျယ် တော်တော်ဆိုး..


မနှင်း

rose of sharon said...

ရေခဲမုန့်လေးတွေက ချစ်စရာကောင်းလိုက်တာ... စားရက်စရာတောင် မရှိဘူး