လက်တလောမောင်ဝေယံ၁ယောက်

သေလောက်အောင် အလုပ်များနေပါတယ်
အလုပ်သစ် နေရာသစ်မှာ ဟိုတယ်အသစ်၁လုံးမှာလုပ်နေပါတယ်
ဟိုတယ်ကအခုမှစဖွင့်မှာပါ လူရော ဦးနှောက်ပါချောင်ကျနေပါတယ်
မီးဖိုချောင်ကိုဆောက်လက်စကနေစပြီး ဟင်းချက်လို့ရအောင်အထိ
သုညကနေစပြီးလုပ်နေရတာပါ ကျနော့်ရဲ့ ပထမဆုံးအတွေ့အကြုံပါ
ဘလောက်တွေလည်း မဖတ်နိုင်ပါဘူး တနေ့ ၁၅နာရီ အလုပ်ထဲမှာပါ
အားရင်အားသလိုရေးသွားပါ့မယ် အင်တာနက်ရတာမကြာသေးပါဘူး
လာလည်တာကျေးဇူးတင်ပါတယ်....အိမ်မလည်ဖြစ်တာကိုလည်းခွင့်လွှတ်ပါ
တကယ့်တကယ်မအားလို့ပါ ကျေးဇူးအများကြီးတင်ပါတယ်.......

Tuesday, November 3, 2009

ပျော်စရာကောင်းတဲ့ ဒူဘိုင်း......

ကျနော် ယူအေအီး ပြည်ထောင်စုရဲ့ ဒူဘိုင်းမြို့ကိုရောက်တာ
၂လခွဲရှိသွားပါပြီ ရောက်ကာစကတော့
မျက်စိကလေး နားကလေး :P (သူငယ်မဟုတ် ကလေး) နဲ့
အလုပ်ကလည်း အသစ်....ဟိုတယ်ကလည်းအသစ် အဆောင်ကလည်းအသစ်
ဘာဆိုဘာမှမရှိပါဘူး....အရင်ကနေခဲ့တဲ့ ကာတာမြေက ကျဉ်းပါတယ်
မြို့ကသိပ်မကျယ်ပါဘူး ဟိုတယ်ကလည်း အရင်ကတည်းက အလုပ်လုပ်ပီးသား
အသစ်မဟုတ်ဘူး ကိုယ်က အလိုက်သင့်ဝင်လုပ်လိုက်ရုံပဲ...
ခု ဒူဘိုင်းက မြို့ကလည်းကြီး ဟိုတယ်ကလည်း ဆောက်လက်စ...
တော်တော်ဖြုံသွားပါတယ်.....ပိုဆိုးတာ အသိတစ်ယောက်မှ မရှိတာပါ...
ရှိတဲ့အသိတွေကလည်း မြို့ ဟိုဘက်အစနဲ့ ဒီဘက်အစ ဖြစ်နေပါတယ်..
ုခုတော့ အိုကေမှာ စိုပြေသွားပါပြီ......ဒူဘိုင်းမြန်မာ နက်ဝက်ကိုဝင်ကြည့်အဲ့ကနေ
မနှင်းနဲ့မာယာ ဆီကိုအလည်ရောက်........
ဒူဘိုင်းမှာရှိတဲ့ ဘလော့ဂ်ဂါ အစ်ကို အစ်မတွေကို သိခွင့်ရပါတယ်
ကာတာမှာတုန်းက ကျနော်က အိမ်ထဲကအပြင်သိပ်မထွက် အင်တာနက်ဆိုလည်းသိပ်မသုံး :P
အဲ့တော့ ကာတာမှာ (ရှိလားမရှိလား မသိဖူးနော်)ရှိတဲ့ ဘလော့ဂ်ဂါတွေကိုမသိပါဘူး....
ခုမှ တော်တော်လေးကိုအဆင်ပြေသွားပါပီ...အရင်လို အိမ်ပြန်ရောက်တာနဲ့ ငိုင်တိုင်တိုင်
ယိုင်တိုင်တိုင်ဖြစ်ရမယ့်ဘေးဝေးပါပြီ... :D.....ကျနော့်ကို သိတဲ့ မနှင်း မအိန်ဂျယ်....မသိသေးတဲ့အစ်ကိုတွေ အစ်မတွေကို ဒီပိုစ့်ရေးပြီးနှတ်ဆက်တာပါ... :D......ဟင်းချက်နည်းတွေနောက်မှရေးတော့မယ်.
ကျနော်က စာရေးမကောင်းဘူး....မီးဖိုချောင်က လည်း အရင်ကလို ဓါတ်ပုံရိုက်လို့မရတာရယ်
စိတ်နည်းနည်းပင်ပန်းတာရယ် ဘာမှမစဉ်းစားနိုင်ဖြစ်နေတာပါ.... :D ပြောချင်တာတွေပြောလိုက်ရတော့
ပျော်သွားပြီ..... :D .... :P အခုမှပဲ ပျော်စရာကောင်းတဲ့ ဒူဘိုင်းဖြစ်တော့တယ်......

2 အဲ့လိုပြောထားတယ်:

mysterysnow said...

ပျော်စရာ ကောင်းလွန်းလို့ မပြန်ချင်တော့ဘူး ဖြစ်သွားမယ်နော်...
ခုလောလောဆယ် ဒီက ဘလော့ဂါမောင်နှမတွေက သိပ်မအားကြသေးလို့ပါ...
စနေနေ့မှတွေ့မယ်နော်...

မနှင်း

desertraindrops said...

ကြိုဆိုတယ်နော်။ မနှင်း ပြောသလို ပျော်စရာကောင်းလို့ အိမ်မပြန်ချင်ဖြစ်နေမယ်နော့။ ဒီက ဒူဘိုင်း ဘလော့ဂ်ဂါတွေက ဟိဟိ မလွယ်ဘူး။