လက်တလောမောင်ဝေယံ၁ယောက်

သေလောက်အောင် အလုပ်များနေပါတယ်
အလုပ်သစ် နေရာသစ်မှာ ဟိုတယ်အသစ်၁လုံးမှာလုပ်နေပါတယ်
ဟိုတယ်ကအခုမှစဖွင့်မှာပါ လူရော ဦးနှောက်ပါချောင်ကျနေပါတယ်
မီးဖိုချောင်ကိုဆောက်လက်စကနေစပြီး ဟင်းချက်လို့ရအောင်အထိ
သုညကနေစပြီးလုပ်နေရတာပါ ကျနော့်ရဲ့ ပထမဆုံးအတွေ့အကြုံပါ
ဘလောက်တွေလည်း မဖတ်နိုင်ပါဘူး တနေ့ ၁၅နာရီ အလုပ်ထဲမှာပါ
အားရင်အားသလိုရေးသွားပါ့မယ် အင်တာနက်ရတာမကြာသေးပါဘူး
လာလည်တာကျေးဇူးတင်ပါတယ်....အိမ်မလည်ဖြစ်တာကိုလည်းခွင့်လွှတ်ပါ
တကယ့်တကယ်မအားလို့ပါ ကျေးဇူးအများကြီးတင်ပါတယ်.......

Saturday, June 6, 2009

နှတ်ဆက် Post

လောလောဆယ် ဘာမှမရေးဖြစ်ပါဘူး
နောက်လကုန် ရန်ကုန်ပြန်ဖို့ ပြင်ဆင်နေပါတယ်
အလုပ်ကနေထွက်စာတင်ဖို့ လေယာဉ်လက်မှတ်ဝယ်ဖို့
ရန်ကုန် ပြန်ရောက်ရင်လုပ်ရမယ့်အလုပ်တွေအတွက်ပြင်ဆင်
နောက်ပြီး ဘာတွေလည်းမသိတော့ပါဘူး
သိတာတစ်ခုက ကျနော် နောက်လဆို ရန်ကုန်ပြန်ပါပြီ
လိုအပ်တဲ့ သင်တန်းတွေတတ် ပြီး နောက်ဟိုတယ်တစ်လုံးကိုပြောင်းပါမယ်
အချိန်တော့ပေးရမှာပေါ မြန်မာပြည်ရောက်ရင် အိမ်လည်လာနိုင်တော့မှာမဟုတ်ပါဘူး
စောတော့စောသေးပါတယ် ဒါပေမယ့် အခုကတည်းက ကြိုနုတ်ဆက်ထားတာပါ
အနားနီးမှဆို အချိန်မလောက်မှာကြောက်လို့
အချိန်ရရင် ရသလို ရေးပါမယ် လာမလည်နိုင်တာကိုလည်းခွင့်လွတ်ပါ
တာ့တာ့ ခင်မင်ရသော အစ်ကို အစ်မများ
ကျနော့် Post ၁၀၀ မြောက်လေးကို အားပေးတာကျေးဇူးပါ
ကျနော် မရပ်ပါဘူး ဆက်ရေးမှာပါ
အလုပ်ကိစ္စတွေစီစဉ်ပြီးရင် ပြန်ရေးပါမယ်

7 အဲ့လိုပြောထားတယ်:

Anonymous said...

ဟေ့းးးးးးးးးး
မျှော်နေမယ်နော်မောင်လေး
အားလုံးအဆင်ပြေပါစေကွယ်
ဆုတောင်းပေးနေမယ်နော်
တ့တာ သိလား

မင်းပျို said...

ဘာလို.အလုပ်ကထွက်တာလဲ..ရန်ကုန်ပြန်ရောက်လို.အားရင် ၊ သတိရရင်လာလည်ဦးနော်..ဘလောဂ်ကသူငယ်ချင်းတွေက အမြဲသတိရနေမှာပါ..

နွေးနေခြည် said...

ဝေယံ အစစအရာရာ အဆင်ပြေပါစေနော်

khin oo may said...

ပြန်ပါမယ်ဆိုမှ သိရတာ စိတ်မကောင်းပါဘူး. ရန်ကုန်ကနေ လဲဘလော့လုပ်လို့ရပါတယ။် အချိန်တော့နဲနဲပေးရတာပေါ ကြိုးစားပါလေ.တစ်ခါတစ်လေတော့လည်းမြင်ချင်ပါသေးတယ။် အစ်မက လွမ်းတတ်တယ်။ မပြန်ခင်က လွမ်းမိပြိးသီလဲမသိဘဲနဲ့။

yehtutnaung said...

အစစအရာရာ အဆင်ပြေပါစေဗျာ..။

မိုးကောင်းသူ said...

အဆင်ပြေတဲ့အချိန် ပြန်ရေးအုံးနော်။ မျှော်နေမယ် မေဝေယံရေ။

ဆောင်း said...

တရွာမပြောင်းသူကောင်းမဖြစ်ဆိုသလိုပေါ့ သင်တန်း တက်ပြီး နောက်ပြန်လာ အလုပ် အသစ်မှာ ရာထူး ကောင်းကောင်းရပါစေလို့ ဆုတောင်းပေးတယ်။