လက်တလောမောင်ဝေယံ၁ယောက်

သေလောက်အောင် အလုပ်များနေပါတယ်
အလုပ်သစ် နေရာသစ်မှာ ဟိုတယ်အသစ်၁လုံးမှာလုပ်နေပါတယ်
ဟိုတယ်ကအခုမှစဖွင့်မှာပါ လူရော ဦးနှောက်ပါချောင်ကျနေပါတယ်
မီးဖိုချောင်ကိုဆောက်လက်စကနေစပြီး ဟင်းချက်လို့ရအောင်အထိ
သုညကနေစပြီးလုပ်နေရတာပါ ကျနော့်ရဲ့ ပထမဆုံးအတွေ့အကြုံပါ
ဘလောက်တွေလည်း မဖတ်နိုင်ပါဘူး တနေ့ ၁၅နာရီ အလုပ်ထဲမှာပါ
အားရင်အားသလိုရေးသွားပါ့မယ် အင်တာနက်ရတာမကြာသေးပါဘူး
လာလည်တာကျေးဇူးတင်ပါတယ်....အိမ်မလည်ဖြစ်တာကိုလည်းခွင့်လွှတ်ပါ
တကယ့်တကယ်မအားလို့ပါ ကျေးဇူးအများကြီးတင်ပါတယ်.......

Showing posts with label Noodles. Show all posts
Showing posts with label Noodles. Show all posts

Monday, October 26, 2009

ဖက်ထုတ်ဆီကျက်



တီတီဆွိရေ မအားလို့ခုမှပြန်ဖြေတာ ခွင့်လွတ်ပါ
ကျနော်တို့ကိုမီးဖိုချောင်ထဲ တနေ့ ၁၅နာရီခေါ်ထားလို့
ဘလောက်ကိုလှည့်မကြည့်နိုင်ဘူးဖြစ်နေလို့
ဖက်ထုတ်ဆီကျက် လုပ်ဖို့ သိပ်မခက်ပါဘူး

  • ခေါက်ဆွဲ
  • ဖက်ထုတ်
  • ကြက်သွန်ဖြူ ကြော်(မွှမွှလေးထောင်းထားပါ အပေါ်ကနေဖြူးဖို့)
  • ကြက်သွန်မြိန်ပါးပါးလှီး
  • မုန်ညှင်းစိမ်း(နှစ်သက်လျှင်ထည့်ပါ)
  • နှမ်းဆီ
  • ပဲငံပြာရည်အကြည့်(Light Soya Sauce)
  • ပဲငံပြာရည်အချို (ABC Sweet Soya Sauce)အနည်းငယ်ချိုတာကြိုက်လျှင်

ခေါက်ဆွဲပြုတ်ပါ နူးလာပြီဆို ဇကာထဲမှာရေစစ်ပါ နှမ်းဆီ စားပွဲဇွန်း ၁ဇွန်းနဲ့နယ်ပါ
သမအောင်မွှေပေးပါ ခေါက်ဆွဲမကပ်အောင် အနံမွှေးအောင်လို့ပါ
ပဲငံပြာရည်အကြည် စားပွဲဇွန်း ၁ဇွန်းခွဲ အချို ဇွန်းဝက် နဲ့သမအောင်နယ်ပေးပါ
ဖက်ထုတ်ပြုတ် မုန်ညှင်းရွက်ပြုတ်ကိုဘေးကနေတွဲဖက်စားနိုင်ပါတယ်
အပေါ်ကနေကြက်သွန်မြိတ် ပါးပါးလှီး ကြက်သွန်ဖြူကြော်ဖြူးပြီးရင် သုံးဆောင်နိုင်ပါပြီ
ဖက်ထုတ်ကို အိမ်မှာလုပ်မယ်ဆို အစာသွပ်ဖို့ အချိုးရေးပေးပါမယ်
  • ပုဇွန် ၁၂၀၀ဂရမ် (အသားကိုနှစ်သက်ရာသုံးနိုင်ပါတယ်)
  • ဆား ၈ဂ၇မ်
  • ကြက်သားမှုန့် ၁၆ဂရမ်
  • သကြား ၂၉ဂရမ်
  • ကော်မှုန့် ၁၉ဂရမ်
  • ငရုတ်ကောင်းမှုန့် ၁၀ဂရမ်
  • နှမ်းဆီ ၁၅ဂရမ်
  • ကြက်သွန်မြိတ် ၁ပင်(ပါးပါးလှီး)
  • နံနံပင်အမြစ် အနည်းငယ်(နှစ်သက်လျှင်)
  • ဖက်ထုတ်ဖက် စတာတွေလိုပါတယ်
ပုဇွန် နဲ့ ပါဝင်ပစ္စည်းတွေကိုရောမွှေပါ ကြိတ်စက်(Blender)
ဖက်ထုတ်ဖက်ကတော့ အလွယ်တကူဝယ်နိုင်ပါတယ် ခဲထားပြီးသား အထုတ်လေးတွေပါ
ထုတ်ပုံထုတ်နည်းကိုတော့ နောက်မှ ပုံနဲ့တင်ပေးပါမယ်... ရပြီဆိုရင် ဖက်ထုတ်ထုတ်ပါ
ပြုတ်ဖို့ရေနွေး ၁အိုးတည်ထားပါ ဆူလာပြီဆို ဆီအနည်းငယ်ထည့်ပါ မကပ်အောင်လို့
ဖက်ထုတ်တွေကို ရေနွေးထဲမှာပြုတ်ပါ ပုဇွန်ဆို ၃မိနစ်ကနေ ၅မိနစ်ဆိုကျက်ပါတယ်
အသားအနည်းအများပေါ်မူတည်ပါတယ် ကျနော်တို့ဆိုင်မှာတော့ ၁ခုကို
လက်ဘက်ရည်ဇွန်းနဲ့ ၁ဇွန်းကော်ထည့်ပါတယ်

မှတ်ချက် ပုံကို ဂူးဂဲလ်ကနေပဲရှာတင်ပေးလိုက်ပါတယ် ကျနော်ကိုယ်တိုင်မအားသေးလို့မလုပ်နိုင်သေးပါ update လုပ်ပြီးပြန်ပြင်ပေးပါမယ် Credits To Original Photo Uploader

Tuesday, May 26, 2009

ကော်ရည်ခေါက်ဆွဲ











ကော်ရည်ခေါက်ဆွဲကျွေးချင်ပါတယ် နည်းနည်းတော့အလုပ်ရှုပ်ပါတယ်
မိသားစုနဲ့ ဒါမှမဟုတ် သယ်ရင်းတွေစုံချိန်ချက်စားရင်ကောင်းပါတယ်
Horfan လို့ခေါ်တယ် Kwat-Teow ခေါက်ဆွဲဖတ်သုံးတာ ဒီမှာ မသုံးလို့
အသေးနဲ့ပဲရေးလိုက်တယ် ခေါက်ဆွဲကိုဒယ်အိုးမှာ ဆီနည်းနည်းနဲ့ လှိမ့်ပါ
ပဲငံပြာရည် အချို နည်းနည်းထည့်ပါ ပုံမှာပြသလိုမျိုးရလာပါမယ်
ခေါက်ဆွဲက နည်းနည်း မာလာမယ် တူးလာမယ် တူးအောင်တော့မကြော်ပါနဲ့
ခေါက်ဆွဲတွေလုံးသွားရင်ရပါပြီ အသီးအရွက်တွေပြင်ထားပါ ပုံမှာပြထားတဲ့အရွက်တွေပါ
စာနဲ့ဆိုရှုပ်လို့ ကျနော်ပုံနဲ့ပြတာပါ အိုး၁လုံးမှာ အသီးအရွက်တွေကိပြုတ်ပါ အသားက ကြက်သား
ကြိုက်တာသုံးပါ ကျနော်က ကြက်သားနဲ့နမူနာပြတာပါ Seafood လည်းသုံးနိုင်ပါတယ်
ပြီးရင် ပန်းကန်မှာစီထည့်ပါ မစီချင်လည်းရပါတယ် ဆိုင်မှာဆိုတော့ လှအောင်စီတာပေါ့ :D
ကော်ရည်ကြိုပါမယ် ကြက်ပြုတ်ရည်မှာ ပဲငံပြာရည် အချို ၁ဇွန်းခွဲ အကြည် ၁ဇွန်း ခရုဆီ ၂ဇွန်း
ဆား သကြား အချိုမှုန့်က လက်ဘက်ရည်ဇွန်း ၀က်စီလောက်ထည့်ပေးပါ နှမ်းဆီ နည်းနည်း
ပြီးရင်ဆူအောင်တည်ပါ ဆူလာရင် ကော်မှုန့်ကိုရေဖျော်တာထည့် ကော်ဆွဲပါ ပျစ်လာအောင်ဆွဲပါ
ကော်မှုန့်ရေဖျော်ကိုလောင်းထည့်နေတဲ့အချိန် ယောက်မနဲ့မွှေပေးပါ ၁နေရာထဲမပျစ်နေအောင်
ကော်မှုန့်ငိုလည်းဘာသုံးရမယ်ဆိုတာပြထားပါတယ် လုပ်စားကြည့်နော် ခက်နေရင်လည်းခွင့်လွှတ်
စာရေးမကောင်းတဲ့မောင်ဝေယံလေးကို :D

Friday, April 24, 2009

စင်ကာပူက လာလည်သူများအတွက်









































Laksa က စင်ကာပူရဲ့နာမည်ကြီးခေါက်ဆွဲ၁မျိုးပါပဲ
အုန်းနို့ခေါက်ဆွဲနဲ့ဆင်ပါတယ် ပုဇွန်သုံးပြီးချက်တာပါ
Laksa ချက်ဖို့ Laksa Paste လိုပါတယ် Laksa နဲ့ဆင်တာက
မလေးက curry mee ပါ သူလည်းအုန်းနို့နဲ့ငါးနဲ့ သုံးပြီးချက်တာပါပဲ
ကျနော်တော့ အုန်းနို့ခေါက်ဆွဲ လွမ်းရင် အဲ့တာစားတာပဲ
အုန်းနို့ခေါက်ဆွဲစားဖို့ ပဲမှုန့်မှမရှိတာလေ ပဲအစိမ်း နဲ့ချက်ရအောင်လည်း
Kitchen ထဲမှာအချိန်မရှိဘူးလေ အဲ့တာ အလွမ်းပြေ ဒါလေးပဲစားရတာပေါ့ :D
စကားတွေရပ်ပြီး အလုပ်တွေစလိုက်ရအောင်

လိုအပ်တာတွေက

  • Udon Noodle(Laksa ခေါက်ဆွဲက Udon နဲ့တူပါတယ် နန်းလုံးပုံစံမျိုး)
  • အုန်းနို့ ၁၅၀ဂရမ်
  • ပုဇွန် ၃၀၀ ဂရမ်(အသားသီးသန့်)
  • ပဲပြားကြော် အတုံးလေးများ အနည်းငယ်
  • ကြက်ဥပြုတ် ၁လုံး
  • ကြက်သားပြုတ်ရည် လီတာဝက်
  • ငံပြာရည် စားပွဲဇွန်း ၁ဇွန်း
  • အရသာမှုန့် အနည်းငယ်
  • ပဲပင်ပေါက် အနည်းငယ်(ရေနွေးဖျော)
  • သံပုရာရည် လက်ဘက်ရည်ဇွန်း ၂ဇွန်း
  • ရှောက်ရွက် အနည်းငယ် ၃ရွက်ခန့်
  • Laksa Paste စားပွဲဇွန်း ၂ဇွန်း
  • ဟင်းချက်ဆီ စားပွဲဇွန်း ၃ဇွန်း

ပြုလုပ်ပုံ
ပထမဆုံး ခေါက်ဆွဲကိုအရင်ပြုတ်ပါ ဆီအနည်းငယ်ထည့်ပါမကပ်စေရန်
ခေါက်ဆွဲနူးလာလျှင် ဇကာထဲတွင်ဆယ်၍ရေစစ်ထားပါ ခဏဖယ်ထားပါ
အိုး၁လုံးတွင် Laksa Paste ကိုဆီသတ်ပါ အနည်းငယ်ညိုလာလျှင် ရှောက်ရွက်ထည့်ပါ
အုန်းနို့နှင့်သံပုရာရည် ထည့်ပါ မီးအေးအေးနှင့်မွှေးလာသည်အထိမွှေပေးပါ
ပုဇွန်များကိုထည့်၍ဆီသတ်ပါ ပုဇွန်အရောင်ရလာသည်အထိစောင့်ပါ
ပုဇွန်များအရောင် ရလာလျှင် ကြက်ပြုတ်ရေထည့်ပါ မီးအေးအေးနှင့်တည်ပါ
ဆူလာလျှင် အမြုပ်များ အပေါ်ဆီများကိုဖယ်ပေးပါ အရသာကောင်းမွန်စေရန်
မိနစ် ၂၀ ခန့်တည်ပြီူလျှင် အရသာထည့်ပါ အပေါ့အငန်မြည်းကြည့်ပါ
အရသာ အနေတော်လျှင် သုံးဆောင်နိုင်ပါပြီ ခေါက်ဆွဲကို ပန်းကန်ထဲထည့်ပါ
ပဲပင်ပေါက်ရေနွေးဖျော ကြက်ဥပြုတ် ပုဇွန်တို့ကိုသေချာပြင်ဆင်ပြီး စားနိုင်ပါပြီ
ကျနော် နမူနာပြထားတာ ကြက်သားနဲ့ပါ ပန်းကန်ကလည်းသေးပါတယ်
ကိုယ်ပုံစံနဲ့ကိုယ်ပြင်ဆင်နိုင်ပါတယ် ပဲသီးကိုကြိုက်ရင်ထည့်နိုင်ပါတယ်
Laksa Paste ချက်နည်းကို နောက်မှာရေးပေးထားပါတယ်
ဆိုင်တွေမှာ အလွယ်တကူဝယ်နိုင်ပါတယ် အိမ်မှာလုပ်ပြီးရေခဲသေတ္တာထဲသိမ်းထားလို့ရပါတယ်

Wednesday, April 15, 2009

အမဲသားခေါက်ဆွဲ



မောင်ဝေယံ၁ယောက် ဟင်းမချက်တာကြာပါပြီ အလုပ်တွေပိနေလို့ပါ
တောင်းပန်ပါတယ် အခုချက်ပါပြီ စားဖို့ပြင်ထားကြပါဗျာ :D အမဲသားခေါက်ဆွဲလေးပြောချင်ပါတယ်
ဗီယက်နမ်ပုံစံပါ ဗီယက်နမ်မှာ နာမည်ကြီးတယ်ဗျ Pho တဲ့ ကျနော်တို့ခေါ်တာကတော့ PhoBo လို့ခေါ်တယ်
အမဲသားအလေလွင့်တွေကိုသုံးပြီးချက်တာ အလေအလွင့်ကနေ အသုံးတဲ့တာပေါ့ဗျာ
Pho အတွက်
အမွှေးအကြိုင်

  • နံနံစေ့
  • သစ်ဂျပိုးခေါက်
  • နာနတ်ပွင့်
  • ဖာလာစေ့
  • လေးညှင်း
  • ကြက်သွန်နီ မီးဖုတ်
  • ဂျင်းမီးဖုတ်
အသား
  • အမဲသားအရိုး
  • အသားပိုအစများ
  • မိုးခိုသားပါးပါးလှီး(စားခါနီးမှထည့်ရန်)
ဟင်းရွက်
  • ပူစီနံ
  • မုန်ညှင်းရွက်
  • သံပုရာစိတ်
  • ပဲပင်ပေါက်
  • ငရုတ်သီးအနည်းငယ်
ခေါက်ဆွဲ
  • Rice Stick Noodle(ဆန်ပြား)
ပြုလုပ်ပုံ အမွှေးအကြိုင်များကို ပိတ်ပါးနှင့်ထုတ်ထားပါ
အိုး၁လုံးယူပါ အမဲရိုးနှင့်အသားစများကိုပြုတ်ပ
အမွှေးအကြိုင်ထုတ်ကိုထည့်ပြုတ်ပါ မီးအေးအေးနှင့်တည်ပါ ၁နာရီခန့် (အမှန်အကန်ကောင်းကောင်းမွန်မွန်စားချင်လျှင် ၃နာရီခန့်တည်ပါ)
အရသာကို ဆားအနည်းငယ်နှင့် ငံပြာရည်သုံးပါ သင့်တော်သလိုစပ်ပါ

Pho ကအင်မတန်မွှေးပါတယ် အရသာက နာနတ်ပွင့်ပါလို့ နည်းနည်းချိုတယ
တည်လို့ပြီးရင်အရည်သပ်သပ်ကျန်အောင်စစ်လိုက်ပါ
ပြီးလျှင် မိုးခိုသားပါးပါးလှီးထားသောအသားများထည့်ပါ
အသားကျက်အောင်တည်ပါ
အသားကျက်လျှင် Pho ရပါပြီ
စားသုံရန်အတွက်ကတော့ခေါက်ဆွဲကိုပြုတ်ပါ
ပန်းကန်ထဲထည့်ပါ
မုန်ညှင်းရွက်နှင့်ပဲပင်ပေါက်ကိုရေနွေးဖျောပါ
ခေါက်ဆွဲနှင့်အတူတူပြင်ထားပါ
Pho ဟင်းရည်ကိုလောင်းထည့်ပါ
လှပစွာပြင်ပြီးလျင် သုံးဆောင်နိုင်ပါပြီ

ပူစီနံ သံပုရာစိတ် ငရုတ်သီးက ဘေးကနေတွဲစားဖို့ပါ အမဲသားကိုတော့
Sriracha Chilli Sauce Hoisin Sauce နဲ့တို့စားနိုင်ပါတယ် လောလောဆယ်ဓါတ်ပုံကို
Site ၁ခုကပုံတင်ထားတာပါ ကျနော့်ဆိုင်ကပုံကိုနောက်ပြန်တင်ပေးပါမယ် ကျနော်တို့ဆိုင်မှာဆိုရင်တော့
အမဲသားလုံးလေးတွေပါတယ်(beef balls) လေးတွေပါပါတယ်ပိုစားကောင်းတာပေါ့

Tuesday, March 24, 2009

မုန့်ဟင်းခါး



မြန်မာပြည်ရဲ့ အဓိက စားဖွယ်ရာပါ မနက်စာဆို မုန့်ဟင်းခါးဆိုင်တွေမှာ လူတွေ အပြည့်ပါပဲ
တော်တော်များများကြိုက်ကြပါတယ် ဒီမှာဆို နိုင်ငံခြားသားတွေလည်းကြိုက်ပါတယ်
ကျွန်တော်တို့အတွက်ဂုဏ်ယူစရာပါ ချက်ရတာတော့နည်းနည်းလက်ဝင်ပါတယ်
လွယ်တာကြိုက်ရင် Ready To Eat အထုတ်တွေရှိပါတယ် မြောင်းမြဒေါ်ချို တို့ဆိုချက်ရတာလွယ်ပါတယ်
ကျွန်တော်တို့အလုပ်မှာတော့ မရပါဘူး ကိုယ့်ဟာကိုယ်ချက်ရတာပါ နည်းနည်းတော့ အချိန်ယူတာပေါ့ဗျာ
ကဲ....လေမရှည်တော့ဘူး ပြောမယ်
မုန့်ဟင်းခါးချက်တာ ငါးဆီသတ်တာအရေးကြီးပါတယ် ဆီသတ်တာခြောက်မှ ကောင်းမှာပါ
နောက်ငါးပြုတ်တာလည်းလိုပါတယ်ငါးပြုတ်တာသေချာပြုတ်ရပါမယ် ငါးကိုတော့ ငါးခူ ရယ် ငါးမြစ်ချင်း
၂မျိုးရော သုံးတာကောင်းပါတယ် ငါးခူကချိုပါတယ် ငါးမြစ်ချင်းက အရသာလေးပါတယ် ၂မျိုးပေါင်းတော့
ရှယ်ပေါ့ဗျာ ကဲပါလေ စချက်ကြရအောင်
မုန့်ဟင်းခါး ချက်ရန်

  • ငါး ၅၀သား (၁ကီလိုနီးနီး ၁ကီလို=၆၅ကျပ်သား)
  • ကြက်သွန်နီ ၅၀သား
  • ကြက်သွန်ဖြူ ၅ဥ
  • ဂျင်းတက် ၂လက်မအရွယ်
  • စပါးလင် ၄ချောင်း(၂ချောင်းကိုနှတ်နှတ်စဉ်းရန်)
  • ကုလားပဲ ၂၅ကျပ်သား(ပဲမှုန့်အကျက်ရှိလျင်သုံးနိုင်သည်)
  • ဆီ ၂၀သား (၃၀၀ဂရမ်ခန့်)
  • ဆန်လှော်မှုန့်(အချို့သုံးကြသည်)
၁....ငါးပြုတ်ပါ အိုး၁လုံးတွင် ငါးနှင့် စပါးလင်ကို ရော၍ပြုတ်ပါ ဂျင်းအနည်းငယ်ထည့်လျင်ပိုကောင်းပါသည်ငါးကို ဆားဆနွင်းနယ်ထားပြီးမှပြုတ်ပါ
၂....ငါးပြုတ်ထားချိန်တွင် တဖက်မှ ကြက်သွန်နီ,ကြက်သွန်ဖြူ,ဂျင်း,စပါးလင်ကို နှတ်နှတ်စဉ်းထားပါ ထောင်းရန်ဆုံရှိလျင် ညက်အောင်ထောင်းလျင်ပိုကောင်းပါတယ်
၃....ငါးပြုတ်ရည်ရလျှင် ငါးကိုဆယ်ပါ အရည်ကိုသတ်သတ်ဖယ်ထားပါ ကုလားပဲ အနည်းငယ်ကို ပြုတ်ပါ
၎....ကုလားပဲပြုတ်ထားချိန်တွင် ငါးကိုအရိုးနွင်ထားပါ နောက် အိုးတစ်လုံးတွင် ဆီတည်ထားပါ
၅....ကြက်သွန်ဖြူနီ,ဂျင်း,စပါးလင် ကိုဆီသတ်ပါ ငါးအသားနွှင်ထားသည်များကိုပါဆီသတ်ပါ ဆီသတ်တာအရေးကြီးပါတယ် ကြာကြာနဲ့သေချာသတ်ပါ
အနှစ်ဖြစ်သွားတဲ့အထိသတ်ပါ အနှစ်ရရင်ကျွန်တော်တို့ မုန့်ဟင်းခါး စချက်နိုင်ပါပြီ ငါးအနှစ်ထဲကို ငါးပြုတ်ရည်ထည့်ပါ
မီးအနေတော်နဲ့တည်ထားပါ ပဲအနှစ်ထည့်ပါ အရသာကိုတော့ ဟင်းချိုမှုန့် ရယ် ငံပြာရည်ရယ်သုံးပြီး မြည်းကြည့်ပါ မပျစ်မကျဲ နဲ့ အရသာလည်းအနေတော်ပြီဆိုရင်မုန့်ဟင်းရည်ရပါပြီ ဘဲဥပြုတ်တွေထည့်တည်ထားရင် အိုးဘဲဥရပါတယ်
မုန့်ဖတ်ကိုတော့ မြန်မာပြည်မှာဆို လွယ်ပါတယ် နိုင်ငံခြားမှာက လူကြုံရှိမှပါ မရှိရင် Somen ဆိုတဲ့ဂျပန်ခေါက်ဆွဲက မုန့်ဖတ်လိုပါပဲ ဒါမှမဟုတ်ရင်လည်း Thai Rice Flat Noodle သုံးနိုင်ပါတယ် Kway Teow ခေါက်ဆွဲဖတ်လည်းရပါတယ် ညှပ်ခေါက်ဆွဲပေါ့ဗျာ တွဲဘက်စားတာတွေကတော့ နံနံပင် ငရုတ်သီးမှုန့် ကြက်သွန်ဆီကျက် သံပုရာသီးစိတ် ပဲကြော် ရှိရင်ပဲကြော် အစရှိတာတွေတွဲပြီးစားနိုင်ပါတယ်ကဲ အားရင် ချက်စားနိုင်ကြပါစေဗျာ ပုံကတော့ကျွန်တော်တို့ဆီမှာရောင်းတဲ့ပုံလေး မြန်မာပြည်အပြင်မှာမြန်မာစာတွေရောင်းနေတယ် ကြော်ငြာတာ

Friday, January 30, 2009

Long Life Noodle

တရုတ်နှစ်ကူးမှာတော်တော်ရောင်းကောင်းပါတယ်
Long Life Noodle တဲ့ အယူအဆလေးနဲ့ပါ
မွှေးနေ့တို့နှစ်ကူးတို့မှာစားတာပါ ဖိလစ်ပိုင်မှာလည်းစားကြပါတယ်
သူ့ကိုသုံးတဲ့ခေါက်ဆွဲလေးက သေးသေးရှည်ရှည်လေးပါ
အယူအဆရဆိုရင် ဒီခေါက်ဆွဲစားတဲ့လူက
အသက်ရှည်ကျန်းမာပါတယ်လို့ယူဆကြပါတယ်
ပါဝင်ပစ္စည်းတွေကတော့
EggNoodle အမျှင်သေးသေး ၉၀ဂရမ်(၁ပွဲစာ)
ကြက်သွန်နီ/ဖြူ နှတ်နှတ်စဉ်း အနည်းငယ်
ဂျင်း နှတ်နှတ်စဉ်း အနည်းငယ်
ကြက်သား(နှစ်သက်ရာ) အမျှင် ပါးပါး
မုန်ညှင်းဖြူအမျှင်ပါးပါး အနည်းငယ်
မုန်လာဥနီ အမျှင်ပါးပါး အနည်းငယ်
ဝက်သားကင်(တရုတ်) အနည်းငယ်
ရွှေပဲသီး အနည်းငယ်
ပဲငံပြာရည်(အကြည်) စားပွဲဇွန်း ၁ဇွန်းခွဲ
ပဲငံပြာရည်(အနောက်အချို) စားပွဲဇွန်း၁ဇွန်း
ငရုတ်ကောင်း အနည်းငယ်
ဆား လက်ဘက်ရည်ဇွန်းဝက်
အရသာမှုန့် လက်ဘက်ရည်၁ဇွန်း(အချိုမှုန့်စားလျှင်)
ခရုဆီ စားပွဲဇွန်း၁ဇွန်း
နှမ်းဆီအနည်းငယ်
မြေပဲဆီ(နှစ်သက်ရာသုံးပါ) စားပွဲဇွန်း၂ဇွန်း
ကြက်ပြုတ်ရည်အနည်းငယ်
ပြုလုပ်ပုံ
ဒယ်အိုး၁လုံးကိုအပူပေးပါ ကြက်သွန် ဂျင်းဆီသတ်ပါ
ကြက်သားအမျှင်လေးများထည့်ပါ ကျက်ခါနီးလျင်
ဟင်းသီးဟင်းရွက်များထည့်ပါ အနည်းငယ်မွှေပေးပါ
ကြက်ပြုတ်ရည်ထည့်ပါ မီးအေးအေးသုံးပါ သမအောင်မွေပါ
ဟင်းရွက်များနွမ်းလျင် ခေါက်ဆွဲထည့်ပါ ၀က်သားကင်ထည့်ပါ
အရသာထည့်ပါ
အနည်းငယ် မွေပေးပါ(ခေါက်ဆွဲမကျေစေရ)မီးပြင်းပြင်းသုံး၍
သမအောင်ကြော်ပြီး မီးဖိုပေါ်မှချပါ
နှမ်းဆီ ဖြူးပြီးသုံးဆောင်နိုင်ပါပြီ
ကျွန်တော်ဒီကောင်ကိုရေးချင်တာကြာပါပြီ
နှစ်ကူးကတည်းကပါ
မရေးဖြစ်တာနဲ့ကျော်သွားတာ
ခုမှပြန်ရေးတာ :D ဓါတ်ပုံတော့နောက်မှထည့်တော့မယ်
လောလောဆယ်မရှိသေးလို့ Kitechen ထဲမှာကြော်ပြီးရိုက်လိုက်မယ်
ကွာတာကမီးဖိုပါ ခေါက်ဆွဲကြော်ဖြစ်ဖြစ် ထမင်းကြော်ဖြစ်ဖြစ်
ဆိုင်ကမီးဖိုကပြင်းပါတယ် အဲ့ဒီတော့မီးနံ ပါတယ် မွှေးတယ်
အဲ့တာကစားကောင်းစေတာပါ နောက်မှဆက်ပိုစ့်တော့မယ်

Saturday, December 6, 2008

ကိုရီးယားပဲခေါက်ဆွဲ


ဒါကစီဗုံးက အာကျူပါ
ကိုရီးယားခေါက်ဆွဲက ချိုပါတယ်
လူတွေကြိုက်ကြမယ်လို့ထင်ပါတယ်
ကျွန်တော်တော့၁ခါ၁လေစားပါတယ်
ကြိုက်လည်းကြိုက်ပါတယ်
ကိုရီးယာပဲခေါက်ဆွဲ
၁.Udon Noodle ..................၁၅၀ဂရမ်
၂.Black Bean(ပဲငပိ)..............၃၀ဂရမ်
၃.သကြား.....................စားပွဲဇွန်း၂ဇွန်း
၎.ကြက်သွန်ဆီကျက်........အနည်းငယ်
၅.နှမ်းဆီ..........................အနည်းငယ်
Udon noodle ကိုပြုတ်ပါ ပျော့အောင် Udon
မရှိရင်လည်းအဆင်ပြေတဲ့ခေါက်ဆွဲသုံးပါ
ပြီးရင်သပ်သပ်ထားပါ
ဒယ်အိုး၁လုံးမှာပဲငပိရယ်သကြားရယ်မီးအေးအေးသုံးပြီး
သမအောင်မွှေပေးပါ ပဲငပိကျေရင်ရပါပြီ
ခေါက်ဆွဲရယ်ဆီကျက်တွေရယ်ပဲငပိကိုမွှေပါ
ပြီးရင်နှမ်းစေ့လေးတွေဖြူးပြီးစားလို့ရပါပြီ
စီဘောက်ကလိမ္မော်သီးကျေးဇူးတင်ပါတယ်
အခုလိုတောင်းတဲ့အတွက်
အာလုံးစားချင်တာရှိရင်စီဘောက်မှာတောင်းနိုင်ပါတယ်