လက်တလောမောင်ဝေယံ၁ယောက်

သေလောက်အောင် အလုပ်များနေပါတယ်
အလုပ်သစ် နေရာသစ်မှာ ဟိုတယ်အသစ်၁လုံးမှာလုပ်နေပါတယ်
ဟိုတယ်ကအခုမှစဖွင့်မှာပါ လူရော ဦးနှောက်ပါချောင်ကျနေပါတယ်
မီးဖိုချောင်ကိုဆောက်လက်စကနေစပြီး ဟင်းချက်လို့ရအောင်အထိ
သုညကနေစပြီးလုပ်နေရတာပါ ကျနော့်ရဲ့ ပထမဆုံးအတွေ့အကြုံပါ
ဘလောက်တွေလည်း မဖတ်နိုင်ပါဘူး တနေ့ ၁၅နာရီ အလုပ်ထဲမှာပါ
အားရင်အားသလိုရေးသွားပါ့မယ် အင်တာနက်ရတာမကြာသေးပါဘူး
လာလည်တာကျေးဇူးတင်ပါတယ်....အိမ်မလည်ဖြစ်တာကိုလည်းခွင့်လွှတ်ပါ
တကယ့်တကယ်မအားလို့ပါ ကျေးဇူးအများကြီးတင်ပါတယ်.......

Saturday, December 6, 2008

ကိုရီးယားပဲခေါက်ဆွဲ


ဒါကစီဗုံးက အာကျူပါ
ကိုရီးယားခေါက်ဆွဲက ချိုပါတယ်
လူတွေကြိုက်ကြမယ်လို့ထင်ပါတယ်
ကျွန်တော်တော့၁ခါ၁လေစားပါတယ်
ကြိုက်လည်းကြိုက်ပါတယ်
ကိုရီးယာပဲခေါက်ဆွဲ
၁.Udon Noodle ..................၁၅၀ဂရမ်
၂.Black Bean(ပဲငပိ)..............၃၀ဂရမ်
၃.သကြား.....................စားပွဲဇွန်း၂ဇွန်း
၎.ကြက်သွန်ဆီကျက်........အနည်းငယ်
၅.နှမ်းဆီ..........................အနည်းငယ်
Udon noodle ကိုပြုတ်ပါ ပျော့အောင် Udon
မရှိရင်လည်းအဆင်ပြေတဲ့ခေါက်ဆွဲသုံးပါ
ပြီးရင်သပ်သပ်ထားပါ
ဒယ်အိုး၁လုံးမှာပဲငပိရယ်သကြားရယ်မီးအေးအေးသုံးပြီး
သမအောင်မွှေပေးပါ ပဲငပိကျေရင်ရပါပြီ
ခေါက်ဆွဲရယ်ဆီကျက်တွေရယ်ပဲငပိကိုမွှေပါ
ပြီးရင်နှမ်းစေ့လေးတွေဖြူးပြီးစားလို့ရပါပြီ
စီဘောက်ကလိမ္မော်သီးကျေးဇူးတင်ပါတယ်
အခုလိုတောင်းတဲ့အတွက်
အာလုံးစားချင်တာရှိရင်စီဘောက်မှာတောင်းနိုင်ပါတယ်

0 အဲ့လိုပြောထားတယ်: