လက်တလောမောင်ဝေယံ၁ယောက်

သေလောက်အောင် အလုပ်များနေပါတယ်
အလုပ်သစ် နေရာသစ်မှာ ဟိုတယ်အသစ်၁လုံးမှာလုပ်နေပါတယ်
ဟိုတယ်ကအခုမှစဖွင့်မှာပါ လူရော ဦးနှောက်ပါချောင်ကျနေပါတယ်
မီးဖိုချောင်ကိုဆောက်လက်စကနေစပြီး ဟင်းချက်လို့ရအောင်အထိ
သုညကနေစပြီးလုပ်နေရတာပါ ကျနော့်ရဲ့ ပထမဆုံးအတွေ့အကြုံပါ
ဘလောက်တွေလည်း မဖတ်နိုင်ပါဘူး တနေ့ ၁၅နာရီ အလုပ်ထဲမှာပါ
အားရင်အားသလိုရေးသွားပါ့မယ် အင်တာနက်ရတာမကြာသေးပါဘူး
လာလည်တာကျေးဇူးတင်ပါတယ်....အိမ်မလည်ဖြစ်တာကိုလည်းခွင့်လွှတ်ပါ
တကယ့်တကယ်မအားလို့ပါ ကျေးဇူးအများကြီးတင်ပါတယ်.......

Monday, December 22, 2008

လွမ်းမိတာတွေ

ဒီနေ့အလုပ်မရှုပ်ဘူးလေ
Kitchen ထဲမှာရှမ်းခေါက်ဆွဲလုပ်စားတယ်
မစားတာကြာတော့တော်တော်စားကောင်းတယ်
နောက်ပြီးတော့ရှောက်ချိုသီးသုတ်စားကြတယ်
ဘာရယ်မဟုတ်ပါဘူးဗမာပြည်ကိုလွမ်းတယ်
လှည်းကလေးနဲ့ရောင်းတဲ့ရေခဲစိမ်ရှောက်ချိုသီး
သစ်တော်သီးကိုလွမ်းတယ် ရှမ်းခေါက်ဆွဲကိုလွမ်းတယ်
ဗမာရိုးရာအစားအစာတွေလွမ်းတယ်
personnal တွေပါလာတာခွင့်လွှတ်ပါ
blogspot ၂ခုခွဲမရေးနိုင်တော့လို့ပါ

0 အဲ့လိုပြောထားတယ်: