လက်တလောမောင်ဝေယံ၁ယောက်

သေလောက်အောင် အလုပ်များနေပါတယ်
အလုပ်သစ် နေရာသစ်မှာ ဟိုတယ်အသစ်၁လုံးမှာလုပ်နေပါတယ်
ဟိုတယ်ကအခုမှစဖွင့်မှာပါ လူရော ဦးနှောက်ပါချောင်ကျနေပါတယ်
မီးဖိုချောင်ကိုဆောက်လက်စကနေစပြီး ဟင်းချက်လို့ရအောင်အထိ
သုညကနေစပြီးလုပ်နေရတာပါ ကျနော့်ရဲ့ ပထမဆုံးအတွေ့အကြုံပါ
ဘလောက်တွေလည်း မဖတ်နိုင်ပါဘူး တနေ့ ၁၅နာရီ အလုပ်ထဲမှာပါ
အားရင်အားသလိုရေးသွားပါ့မယ် အင်တာနက်ရတာမကြာသေးပါဘူး
လာလည်တာကျေးဇူးတင်ပါတယ်....အိမ်မလည်ဖြစ်တာကိုလည်းခွင့်လွှတ်ပါ
တကယ့်တကယ်မအားလို့ပါ ကျေးဇူးအများကြီးတင်ပါတယ်.......

Tuesday, December 16, 2008

ဟင်းချက်သူရဲ့ခံစားချက်

ဟင်းချက်နည်းတွေပဲလေရှည်နေရတာမကောင်းပါဘူး
ချက်တဲ့စိတ်နေစိတ်ထားလေးလည်းပြောချင်ပါတယ်
လူတိုင်းနီးပါးဟင်းချက်ကြပါတယ် ဒါပမဲ့အရသာတွေမတူပါဘူး
ချက်နည်းတူတူပဲ ထည့်တဲ့ပစ္စည်းချင်းလည်းတူတူပဲ
ဘာတွေကွာပါသလည်း......စိတ်နေစိတ်ထားလေးပါ
ကျွန်တော်ပြောတာစိတ်ထားမကောင်းဘူးလို့မဟုတ်ဘူးနော်
အမေတွေချက်တဲံဟင်းတော်တော်များများစားဘူးမှာပါ
စားလို့ကောင်းကြတယ်ဟုတ်........မစားရတာကြာရင်လွမ်းကြမှာပါ
ဘာလို့လည်းဆိုတော့ အမေရဲ့မေတ္တာ စေတနာက ဟင်းထဲမှာပါလို့ပါ
သားသမီးတွေစားဖို့ချက်တဲ့အမေရဲ့စေတနာကစားကောင်းတာပါ
ကျွန်တော်တို့ဟင်းချက်ရင်စေတနာမထည့်နိုင်တောင်မှပျော်ပျော်ရွှင်ရွှင်
ချက်မယ်ဆိုတော်တော်စားကောင်းမှာပါ
လူတိုင်းဟင်းကိုအချိန်ပေးမချက်နိုင်ပါဘူး အလုပ်ကိုသွားဖို့ကျောင်းသွားဖို့
အများကြီးရှိပါတယ် ဒါပေမဲ့ချက်ခါနီးလေးမှာပျော်စရာလေးဖြစ်ဖြစ်တွေးပြီး
ချက်ကြည့်ပါ ပိုစားကောင်းမှာပါ အကြံပေးတာပါ ကျွန်တော်ကိုယ်တိုင်လည်း
အဲ့ဒီ့နည်းအတိုင်းပဲချက်ပါတယ်

0 အဲ့လိုပြောထားတယ်: