ပုဇွန်ဆီပြန်
ပုဇွန်အချိုဆီပြန်ချက်လေးပါ......ရေချိုပုဇွန်ဆိုတော်တော်ကောင်းပါတယ်
ပုဇွန်ရယ် ကြက်သွန်နီရယ်နနွင်းရယ်အချိုချက်တာပါ
လိုအပ်တာကတော့ရေချိုပုဇွန်(ကြိုက်ရာသုံးပါ)
ကြက်သွန်နီ၂ဥ,ကြက်သွန်ဖြူအနည်းငယ်
နနွင်းမှုန့်,ဆီ,နံနံပင်(သို့)ပင်စိမ်း,ဆား,အချိုမှုန့်
ကြက်သွန်နီ/ဖြူကိုနှတ်နှတ်စဉ်းပါ
ပုဇွန်ကိုဆားဆနွင်းနယ်ပါ
အိုး၁လုံးမှာဆီတည်ပါ ကြက်သွန်ဆီသတ်ပါ
ပုဇွန်ထည့်ပါ လုံးပေးပါ အရသာထည့်ပါ
ရေလေးနည်းနည်း(ဇွန်းခွက်အသေး၁ခွက်)ထည့်ပါ
မီးအေးအေးနဲ့တည်ပါ ကွေးရင်ကျက်ပါပြီ နံနံပင် သို့ ပင်စိမ်းအုပ်ပါ
သုံးဆောင်နိုင်ပါပြီ ဒါကအချိုကြိုက်သူတွေအတွက်ပါ
ချဉ်စပ်ကြိုက်မယ်ဆိုခရမ်းချဉ်သီးရယ်အရောင်တင်မှုန့်
ထည့်ချက်နိုင်ပါတယ်
1 အဲ့လိုပြောထားတယ်:
a ya tharr htae so dar bar dway ko pyaw der lal hin? sarr doe barr doe lar?
Post a Comment