လက်တလောမောင်ဝေယံ၁ယောက်

သေလောက်အောင် အလုပ်များနေပါတယ်
အလုပ်သစ် နေရာသစ်မှာ ဟိုတယ်အသစ်၁လုံးမှာလုပ်နေပါတယ်
ဟိုတယ်ကအခုမှစဖွင့်မှာပါ လူရော ဦးနှောက်ပါချောင်ကျနေပါတယ်
မီးဖိုချောင်ကိုဆောက်လက်စကနေစပြီး ဟင်းချက်လို့ရအောင်အထိ
သုညကနေစပြီးလုပ်နေရတာပါ ကျနော့်ရဲ့ ပထမဆုံးအတွေ့အကြုံပါ
ဘလောက်တွေလည်း မဖတ်နိုင်ပါဘူး တနေ့ ၁၅နာရီ အလုပ်ထဲမှာပါ
အားရင်အားသလိုရေးသွားပါ့မယ် အင်တာနက်ရတာမကြာသေးပါဘူး
လာလည်တာကျေးဇူးတင်ပါတယ်....အိမ်မလည်ဖြစ်တာကိုလည်းခွင့်လွှတ်ပါ
တကယ့်တကယ်မအားလို့ပါ ကျေးဇူးအများကြီးတင်ပါတယ်.......

Tuesday, December 16, 2008

ငါးဖယ်သုတ်


ငါးဖယ်သုတ်လေးကတော်တော်ကောင်းမယ့်ပုံပဲ
ခံတွင်းမြိန်တာပေါ့စားလို့ကောင်းမှာပါ လိုအပ်တာတွေက
ငါးဖယ်လုံး........အနည်းငယ်
ကြက်သွန်နီ......အနည်းငယ်(ပါးပါးလှီး)
ဂေါ်ဖီ................အနည်းငယ်(ပါးပါးလှီး)
ခရမ်းချဉ်သီး.....အနည်းငယ်(ပါးပါးလှီး)
ကြက်သွန်ဆီကျက်......၂ဇွန်း
ဆား,အချိုမှုန့်.........အနည်းငယ်
ငရုတ်သီးမှုန့်..........အနည်းငယ်
ကြက်သွန်ကြော်(ကြိုက်လျင်)
နံနံပင်
ပြုလုပ်ပုံ
ဇလုံ၁လုံးယူပါ,ငါးဖယ်လုံးကိုပါးပါးလှီးပါ
ငါးဖယ်နှင့်ကျန်သောအရာများဇလုံထဲသို့ထည့်ပါ
ဆီကျက် အရသာ ငရုတ်သီးမှုန့်ထည့်ပါ
အရသာနှံအောင်နယ်ပေးပါ
အားလုံးပြီးရင်နံနံပင်လေး,ကြက်သွန်ကြော်
အုပ်ပြီးစားလို့ရပါပြီ
ဓါတ်ပုံကိုမကျူတီဆီကယူထားတာပါ

0 အဲ့လိုပြောထားတယ်: