လက်တလောမောင်ဝေယံ၁ယောက်

သေလောက်အောင် အလုပ်များနေပါတယ်
အလုပ်သစ် နေရာသစ်မှာ ဟိုတယ်အသစ်၁လုံးမှာလုပ်နေပါတယ်
ဟိုတယ်ကအခုမှစဖွင့်မှာပါ လူရော ဦးနှောက်ပါချောင်ကျနေပါတယ်
မီးဖိုချောင်ကိုဆောက်လက်စကနေစပြီး ဟင်းချက်လို့ရအောင်အထိ
သုညကနေစပြီးလုပ်နေရတာပါ ကျနော့်ရဲ့ ပထမဆုံးအတွေ့အကြုံပါ
ဘလောက်တွေလည်း မဖတ်နိုင်ပါဘူး တနေ့ ၁၅နာရီ အလုပ်ထဲမှာပါ
အားရင်အားသလိုရေးသွားပါ့မယ် အင်တာနက်ရတာမကြာသေးပါဘူး
လာလည်တာကျေးဇူးတင်ပါတယ်....အိမ်မလည်ဖြစ်တာကိုလည်းခွင့်လွှတ်ပါ
တကယ့်တကယ်မအားလို့ပါ ကျေးဇူးအများကြီးတင်ပါတယ်.......

Saturday, December 6, 2008

ချိုချဉ်ကြော်လေးပါ


အများစုကြိုက်ကြတဲ့ဟင်းလေးပါစားလို့လည်းကောင်းပါတယ်
နောက်ပြီးအရေးကြီးပုဂ္ဂိုလ်ကတောင်းတာလည်းပါပါတယ် :D
စာရေးမကောင်းတော့သည်းခံဖတ်ကြပါနော်
ချိုချဉ်ကြော် ကနာမည်ကြီးဟင်းလျာ၁မျိုးပါ ဒါပေမဲ့
ပုံစံတွေကနေရာဒေသကိုလိုက်ပြီးကွာပါတယ်
ကဲ..ကဲ..ရေးပါမယ်.ကြက်သားကိုနမူနာပြပါတယ်
ချိုချဉ်ကြော်...
လိုအပ်သည်များ
၁.အသား(မိမိနှစ်သက်..........၄၅၀ဂရမ်)
၂.ကော်မှုန့်. .........................၁၀၀ဂရမ်
၃.Tomato Kechep..........စားပွဲဇွန်း၃ဇွန်း
၎.ဆီ....................(deep fry ကြော်ရန်)
၅.ရှာလကာရည်.............စားပွဲဇွန်း၁ဇွန်း
၆.ပြောင်းကော်မှုန့်..........စားပွဲဇွန်း၁ဇွန်း
၇.သကြား......................စားပွဲဇွန်း၁ဇွန်း
၈.ပဲငံပြာရည်အကြည်....စားပွဲဇွန်း၁ဇွန်း
၉.ကြက်ပြုတ်ရည်........၂၅၀မီလီလီတာ
၁၀.ဆား............လက်ဘက်ရည်ဇွန်းဝက်
၁၁.ကြက်ဥ...................၁လုံး(ခေါက်ပြီး)
၁၂.ပန်းငရုတ်ပွ(အနီနှင့်အစိမ်း)၁ပွင့်ဆီနှစ်သက်သလိုခုတ်ပါ
၁၃.နာနတ်သီးအတုံးလေးများအနည်းငယ်
၁၄.ခရမ်းချဉ်သီးအတုံးလေးများအနည်းငယ်
ချက်ပြုတ်နည်း
အသားကိုဆားကြက်ဥကော်မှုန့်ပဲငံပြာရည်နဲ့နယ်ပါ
ဆီအိုးတည်ပါပူလာလျင်နယ်ထားသောအသားများ
ဖြေးဖြေးချင်းထည့်ပါပြီးလျင်ကျွတ်အောင်ကြော်ပါ
နောက်ဒယ်၁လုံးမှာဟင်းသီးဟင်းရွက်တွေဆီသတ်ပါ
ပြောင်းကော်မှုန့်မှလွဲပြီးအားလုံးထည့်ပါဆီသတ်ပါ
ကြက်ပြုတ်ရည်ထည့်ပါပြီးလျှင် ပစ်လာအော်ပြောင်ကော်
ကိုအရည်ဖျော်ပြီးဖြေးဖြေးလောင်းထည့်ပြီးမွှေပါ
ဒါကချိုချဉ်ဆော့စ်ရပါပြီ
ကြော်ထားတဲ့အသားကိုချိုချဉ်ဆောစ့်နဲ့မွှေကြော်လိုက်ပါ
သုံးဆောင်လို့ရပါပြီ
နှမ်းစေ့,ကြက်သွန်မြိတ်,နံနံပင်လေးတွေ
အပေါ်ကနေအလှဆင်လို့ရပါတယ်

0 အဲ့လိုပြောထားတယ်: