အုန်းနို့ကျောက်ကျော
မရေးတာကြာလို့ အုန်းနို့ကျောက်ကျောကျွေးမယ်နော်
:D နှစ်လွှာ ထိုးထားတာ ကြိုက်မယ်ထင်ပါတယ်
လိုတာတွေ
အုန်းနို့ ၁လီတာ(၆၅ကျပ်သား)
ရေ ၁လီတာ
သကြား ၃၅၀ဂရမ်(အချိုကြိုက်ရင် ၄၀၀ထည့်ပါ)
ကျောက်ကျော ၅၀ဂရမ်
ပြုလုပ်ပုံ
ကျောက်ကျောကိုရေစိမ်ထားပါ
ကျနော်ပြောတာ အချောင်းလေးတွေ အမှုန့်ဆို လွယ်ပါတယ်
ကျောက်ကျောရေစိမ်ထားတဲ့အချိန် အုန်းနို့ ရေ သကြားကို ကျိုထားပါ
ကျောက်ကျော ပျော့လာပြီဆိုရေထဲကနေဆယ်ပါ
အုန်းနို့နဲ့ ရောကျိုပါ ပြီးရင် ဘန်းထဲကိုထည့်ပါ အအေးထားလိုက်ပါ
နည်းနည်းအေးပြီဆို နောက်၁လွှာထပ်ထည့်လို့ရပါပြီ
အရောင်ကို ကျနော်က ဆွမ်းမွှေးရွက်ထည့်ပါတယ်
ဆွမ်းမွှေးရွက် ကိုကြိုက်ပါ အဖတ်တွေ စစ်လိုက်ပါ ရတဲ့အရည်ကိုရောကြိုပါ
ပထမအလွှာနည်းနည်းတင်းလာမှ ဒုတိယအလွှာထည့်ပါ သုံးဆောင်ကြပါနော် :D
2 အဲ့လိုပြောထားတယ်:
ခုဏကတျိုးပါ အခုကတမျိုးဖြစ်သွားပြီ
မျက်လှည့်ပြနေတာလားမောင်လေး
ကြိုက်တယ် ကြိုက်တယ်။ များများကျွေးပါ။
Post a Comment