လက်တလောမောင်ဝေယံ၁ယောက်

သေလောက်အောင် အလုပ်များနေပါတယ်
အလုပ်သစ် နေရာသစ်မှာ ဟိုတယ်အသစ်၁လုံးမှာလုပ်နေပါတယ်
ဟိုတယ်ကအခုမှစဖွင့်မှာပါ လူရော ဦးနှောက်ပါချောင်ကျနေပါတယ်
မီးဖိုချောင်ကိုဆောက်လက်စကနေစပြီး ဟင်းချက်လို့ရအောင်အထိ
သုညကနေစပြီးလုပ်နေရတာပါ ကျနော့်ရဲ့ ပထမဆုံးအတွေ့အကြုံပါ
ဘလောက်တွေလည်း မဖတ်နိုင်ပါဘူး တနေ့ ၁၅နာရီ အလုပ်ထဲမှာပါ
အားရင်အားသလိုရေးသွားပါ့မယ် အင်တာနက်ရတာမကြာသေးပါဘူး
လာလည်တာကျေးဇူးတင်ပါတယ်....အိမ်မလည်ဖြစ်တာကိုလည်းခွင့်လွှတ်ပါ
တကယ့်တကယ်မအားလို့ပါ ကျေးဇူးအများကြီးတင်ပါတယ်.......

Friday, April 24, 2009

မလေးတို့ဟူးကြော်(Tofu Goreng)


မလေးနာမည်ကိုလူပိုသိပါတယ် အင်ဒိုနီးရှားကနေဆင်းသက်လာတဲ့ အစားအစာ၁ခုပါပဲ
ကျနော်လည်း ခုတလော စာမရေး အကိုအမတွေကိုလိုက်မနှတ်ဆက်နိုင်တာကြာပါပြီ
ခုတော့ အားမရှိတဲ့ကြားကနေ ၁ခုရေးလိုက်ပါတယ် တို့ဟူးကြော်လေးပါ
ကျနော်အရှေ့မှာရေးခဲ့တဲ့ Peanut Sauce လေးနဲ့တွဲစားမယ်ဆိုလည်းလိုက်ပါတယ်
အင်ဒိုနီးရှားတွေကတော့ အဲလိုစားတယ်ဗျ တို့ဟူးဆိုပေမယ့် အမှန်တော့ ပဲပြားပါပဲ Bean curds
သူတို့ကတော့ တို့ဟူးလို့ခေါ်တာပေါ့ ကျနော်တို့သုတ်စားတဲ့တို့ဟူးလိုမျိုးတော့မဟုတ်ဘူး
ပြောရင်းနဲ့တို့ဟူးသုတ်တောင်စားချင်လာပြီ ထားပါလေ ကဲချက်ပါပြီ စပြီးတော
စကားမစပ် သူက ပဲပြားအစာသွပ်လိုပါပဲ concept ချင်းတော့ အတူတူပါပဲ နိုင်ငံမတူလို့
လုပ်ပုံလုပ်နည်းကွာသွားတာပါပဲ့
လိုအပ်တာ

  • ပဲပြား ၁တုံး(၂ခြမ်းခြမ်းပါ)
  • သခွားသီး အနည်းငယ်(ပါးပါးလှီး)
  • ဂေါ်ဖီထုတ် အနည်းငယ်(ပါးပါးလှီး)
အချဉ်အတွက်
  • ငရုတ်သီးစိမ်း အနည်းငယ်(ဒါးပြားရိုက် ပါးပါးလှီး)
  • ကြက်သွန်ဖြူ အနည်းငယ်(ဒါးပြားရိုက် ပါးပါးလှီး)
  • ပဲငံပြာရည် စားပွဲဇွန်း ၃ဇွန်း(Shouyu ကိုညွှန်းပါတယ်ကျနော်ကတော့)
  • သံပုရာရည် စားပွဲဇွန်း ၁ဇွန်းခွဲ (၂ဆ ၁ဆ)
  • နံနံပင် အနည်းငယ်နှတ်နှတ်စဉ်း
  • အရသာမှုန့် အနည်းငယ်
ပြုလုပ်ပုံ
လွယ်ပါတယ် တော်တော့်ကိုလွယ်တာပါ
ပဲပြားကို ဆီပူပူမှာ ကြော်ပါ ဆီက ပဲပြားနစ်ရပါမယ်
အပေါ်ယံကျောတင်းပြီး အရောင်ရလာပြီကျက်လာပြီဆို ရပါပြီ
ပဲပြားကို ဆယ်လိုက်ပါ
အနည်းငယ်အေးအောင်စောင့်ပေးပါ
အလယ်ကနေခွဲလိုက်ပါ သခွားသီးနဲ့
ဂေါ်ဖီထုတ်ကိုအစာသွပ်ပါ
အပေါ်က ငရုတ်သီးအနီကတော့ ကျနော်တို့ အလှဆင်ထားတာပါ
အချဉ်လေးနဲ့တို့ပြီးစား တော်တော်ကောင်းပါတယ် သုံးဆောင်ကြပါဗျာ

Tuesday, April 21, 2009

ပြုံးရုံလေးပြုံးပေးပါ



အကြံကုန်တော့ဆားချက်တာပါ ဟင်းချက်နည်းစဉ်းစားမရလို့ ကျနော်လုပ်တဲ့ decoration လေတွေတင်လိုက်တာပါ အကိုအမတွေ ပြုံးရုံလေးပြုံးပေးပါ မရီပါနဲ့နော်အဟီး

Monday, April 20, 2009

ချင်းမိုင်ကြက်သားသုတ်


ကဲ ချင်းမိုင်ရဲ့ သင်္ကေတ ၁ခု ပဲဗျ သူတို့တော်တော်ကြိုက်ကြတယ်
ဒီမှာလည်းတော်တော်ရောင်းကောင်းတယ် Larb Gai တဲ့
ကြက်သားကိုကြိတ်(စဉ်းကော) သုတ်ထားတာပါ
စားလို့ကောင်းပါတယ် ခံတွင်းမြိန်တယ်ဗျ လုပ်စားကြည့်
လိုအပ်တာတွေ

  • ကြက်သား(ကြိတ်သား မရှိလျှင်နုတ်နုတ်စဉ်းပါ ရင်ပုံသားပိုကောင်းပါတယ်)
  • ကြက်သွန်နီ(နုတ်နုတ်စဉ်း) အနည်းငယ်
  • စပါးလင် နုတ်နုတ်စဉ်း ၁ပင်
  • ပဒဲကော(galangal) အနည်းငယ် များလျှင်ခါးသည်
  • ကြက်သွန်မြိတ်(ပါးပါးလှီး) ၂ပင်ခန့်
  • ရှေက်ရွက်(ပါးပါးလှီး) အနည်းငယ်
  • ပူစီနံ(mint) အနည်းငယ်
  • သံပုရာရည် စားပွဲဇွန်း၂ဇွန်း
  • သကြား လက်ဘက်ရည်ဇွန်း၁ဇွန်း
  • ငံပြာရည် စားပွဲဇွန်း ၁ဇွန်းခွဲ
  • ကောက်ညှင်းဆန်လှော်မှုန့် အနည်းငယ်
  • ငရုတ်သီးမှုန့် အနည်းငယ်
  • နံနံပင် အနည်းငယ်(အလှဆင်ရန်နှင့်သုတ်ရန်)
သုတ်တာကတော့လွယ်ပါတယ် အရသာနှံအောင်နယ်လိုက်ရုံပါပဲ
စားကြည့်နော် အိမ်မှာ

နှတ်ဆက်ခြင်း

မင်္ဂလာပါခင်ဗျာ နညိးနည်းလျှာရှည်ပါရစေ
ကျနော်မောင်ဝေယံ၁ယောက် နှစ်သစ်ကူးပြီးကတည်းက
Blog ရေးတာကိုခဏနားရပါတယ် ဘာလို့လည်းဆိုတော့
ကျနော်တို့ မီးဖိုဆောင်မှာလုပ်တဲ့လူတွေရဲ့ဘ၀က သနားဖို့ကောင်းပါတယ်
အိမ်တွေမှာလို ဈေးဝယ် ချက်ပြုတ် ရုံနဲ့မပြီးပါဘူး
မဆီမဆိုင်အလုပ်တွေလည်းလုပ်ရပါတယ်
ဥပမာဆို မီးဖိုဆောင်မှာရှိတဲ့ စားဖိုချုပ်မှူးကြီး (Executive Chef :D)
ဒုတိယ စားဖိုချုပ်မှူးကြီး(Executive Sous Chef) တွေ ခိုင်းတာတွေလုပ်ရပါတယ်
စားဖိုချုပ်မှူးကြီးရဲ့ မီးဖိုချောင် လမ်းစဉ် ၇ ရပ်(HACCP) ကိုလိုက်နာရပါတယ်
ဟင်းချက်ရာမှာ သန့်ရှင်းမှု ရှိ မရှိ
စည်းမျဉ်းစည်းကမ်းတွေနဲ့ ညီ မညီ
စတာတွေကို ရှောင်တခင်ဝင်ရောက်စစ်ဆေးမှုတွေကို
ပိပိရိရိ လိမ်ပေးရပါတယ် :D ပေါက်ကရတွေလျောက်ပြောနေတာပါ
စိတ်မဆိုးပါနဲ့ ခုတလောမှာ စစ်ဆေးရေးဝင်ပါတယ်
ကျနော်တို့တွေချက်ပြုတ်တာဟာ
သူတို့ရဲ့စည်းကမ်းတွေကို လိုက်လိုက်နာနာ နဲ့ချက်ပြုတ်တာလား
ပေါက်ကရတွေ လျောက်လုပ်နေတာလား စစ်တာပါ :D
ဟင်းချက်တဲ့ အပူချိန်တွေ (Cooking Temperature)
ကျွှေးမွှေးတဲ့အချိန်မှာရှိတဲ့ ဟင်းပွဲအပူချိန်(Serving Temperature)
မီးဖိုချောင်သန့်ရှင်းရေး (Kitchen Cleaning)
ရေခဲသေတ္တာများသန့်ရှင်းရေး(Chillers Cleaning)
တစ်ကိုယ်ရေသန့်ရှင်းရေး(Personal Hygiene)
ဟင်းပွဲများအပူချိန်မှတ်တမ်း(Temperature records)
စည်းမျဉ်းစည်းကမ်းတွေ အလွတ်ရမရ စုံနေအောင်စစ်တာပါ
ကျနော်တို့မှာချက်ပြုတ်ရေးသာမက
အဲ့ဒီ့ စစ်ဆေးရေးအတွက်ပါ ပြင်ဆင်နေရတဲ့အတွက်
မောင်ဝေယံ Blog စာမျက်နှာပေါ်တတ်မလာနိုင်ဖြစ်တာပါ
ဟင်းချက်နည်းမရေးခင် အကို အမ များကို အရင်ရှင်းပြတာပါ :D
ပေါက်ကရတွေလည်း ရေးချင်တာပါတာပေါ့နော် အဟီး

အညွှန်း
Executive Chef=စားဖိုမှူးကြီး kitchen ထဲတွင်သူ့ထက်ကြီးသည်မှာဆင်ပဲရှိသည်
Executive Sous Chef=လက်ထောက်စားဖိုမှူးကြီး
HACCP=Hazard Analysis Critical Control Points
(အစားအစာ သန့်ရှင်းလုံခြုံစေရန်ထိန်းသိမ်းရသည့်အချက်များ)
Cooking Temperature=75'C and above
Serving Temperature=63'C
Chillers=စားသောက်ဆိုင်သုံးရေခဲသေတ္တာများ
Personal Hygiene=တစ်ကိုယ်ရေသန့်ရှင်းမှူ
Temperature Records=ကျနော်တို့ချက်တဲ့ဟင်းပွဲများ၏အပူချိန်
(ရှူပ်နေတာပဲ သိလား ခေါင်းကိုမူးရော :D)

Friday, April 17, 2009

ရွှေကြည်


ရွှေကြည်ထိုးကြမယ်လေ မကောင်းဘူးလား ဒူဘိုင်းမှာ မျက်နှာရခဲ့တဲ့မြန်မာ့အချိုပွဲတွေပါဗျာ
ကျနော့်ဆရာ ကိုထူးကိုသေချာမေးထားတာ တိတိကျကျ
လုပ်နည်းလေး ကျနော်က မုန့်ဖုတ်တာသေချာမသိတော့ :D
ရွှေကြည်အတွက်လိုတာက

  • ရွှေကြည်မှုန့်(ှSemolina flourအင်္ဂလိပ်လို) ၁ကီလို
  • နွားနို့ ၂.၅ကီလို(လီတာ)
  • အုန်းနို့ ၃၀၀ ဂရမ်(ကြိုက်လျှင် ၄၀၀)
  • သကြား ၉၀၀ဂရမ်
  • ထောပတ် ၂ကီလို
  • စပျစ်ခြောက် ၅၀၀ဂရမ်
  • သီဟို၌စေ့ ၁ကီလို
  • ဆား အနည်းငယ်
ပြုလုပ်ပုံ
ရွှေကြည်ကိုလှော်ပါ(Roastလျှင်လည်းရပါသည်)
အိုး၁လုံးတွင် နွားနို့ အုန်းနို့ သကြားထောပတ် တို့ကိုရောကျိုပါ
ထို့နောက် ရွှေကြည်မှုန့်ကိုထည့်ပါ ပျစ်လာပါမည်
ပျစ်လာလျှင် စပျစ်ခြောက် သီဟို၌စေ့ထည့်ပါ
ဘမ်း ၁ဘမ်းတွင်ထည့်၍ ၁၅မိနစ် မိနစ်၂၀ခန့်ဖုတ်ပါ
ဘိန်းစေ့ရှိလျှင်ထည့်ဖုတ်နိုင်ပါသည်

Wednesday, April 15, 2009

အမဲသားလုံးနည်း

အမဲသားကိုကိုယ်တိုင်လုံးချင်တယ်ဆိုပြောတာပါ
အမဲသားလုံးတွေကတော့ ready to eat ၀ယ်လို့ရပါတယ်
Frozen တွေလေ
မ၀ယ်ချင်ဘူးကိုယ်တိုင်မှလုံးချင်တယ်ဆိုရင်တော့
အမဲသားလုံးရန်အတွက်

  • အသား(ကြိတ်ထားပါ)................၂၀၀ဂရမ်
  • ကြက်သွန်မြိတ်(နုတ်နုတ်စဉ်း).........၂ပင်
  • ကြက်ဥ...........................................၁လုံး
  • ကြက်သွန်ဖြူ/နီ(နုတ်နုတ်စဉ်း).......၁၀၀ဂရမ်စီ
  • ပဲငံပြာရည်အကြည်.......................စားပွဲဇွန်း၂ဇွန်း
  • နှမ်းဆီ..........................................စားပွဲဇွန်း၁ဇွန်း
  • ကော်မှုန့်(corn flour)................စားပွဲဇွန်း၃ဇွန်း
  • ဆား,ငရုတ်ကောင်း,အချိုမှုန့်.......လက်ဘက်ရည်ဇွန်း၁ဇွန်း
အရသာကိုလိုသလိုပြင်ပါ
အပေါ့ကြိုက်ရင်ဒီအချိုးကအနေတော်ပါ
အိုး၁လုံးမှာရေနွေးတည်ပါဆူရင်မီးလျော့ထားပါ
ရေခဲရေဇလုံ၁လုံးဘေးမှာထားပါ
အသားကိုလက်နဲ့ကျစ်နေအောင်နယ်ပေးပါ
လက်ထဲမှာဆုပ်ပြီးညှစ်လိုက်ပါ
ထွက်လာတဲ့အနှစ်ကိုဇွန်းလေးနဲ့ခြစ်ပြီးအလုံးလေးတွေလုံးပါ
ရေနွေးအိုးထဲကိုထည့်ပြုတ်ပါ အပေါ်တတ်လာရင်ကျက်ပါပြီ
ဆည်ပြီးရေခဲရေထဲကိုစိမ်လိုက်ပါ ရေခဲရေထဲကနေထုတ်ပြီးပြီဆို
ရေစစ်ထားလိုက်ပါ လိုသလောက်ချက်စားဖို့ဖယ်ပြီးကျန်တာကို
ခဲ(frozen)ထားနိုင်ပါတယ်ဗျာ လုပ်စားကြည့်နော်
ကျနော်ကတော့ kitchen ထဲမှာ ခဏခဏလုံးရတယ် :D
ဒါကအမဲသားမှမဟုတ်ဘူးနော် ကြက်သားလည်းလုံးလို့ရတယ်

အမဲသားခေါက်ဆွဲ



မောင်ဝေယံ၁ယောက် ဟင်းမချက်တာကြာပါပြီ အလုပ်တွေပိနေလို့ပါ
တောင်းပန်ပါတယ် အခုချက်ပါပြီ စားဖို့ပြင်ထားကြပါဗျာ :D အမဲသားခေါက်ဆွဲလေးပြောချင်ပါတယ်
ဗီယက်နမ်ပုံစံပါ ဗီယက်နမ်မှာ နာမည်ကြီးတယ်ဗျ Pho တဲ့ ကျနော်တို့ခေါ်တာကတော့ PhoBo လို့ခေါ်တယ်
အမဲသားအလေလွင့်တွေကိုသုံးပြီးချက်တာ အလေအလွင့်ကနေ အသုံးတဲ့တာပေါ့ဗျာ
Pho အတွက်
အမွှေးအကြိုင်

  • နံနံစေ့
  • သစ်ဂျပိုးခေါက်
  • နာနတ်ပွင့်
  • ဖာလာစေ့
  • လေးညှင်း
  • ကြက်သွန်နီ မီးဖုတ်
  • ဂျင်းမီးဖုတ်
အသား
  • အမဲသားအရိုး
  • အသားပိုအစများ
  • မိုးခိုသားပါးပါးလှီး(စားခါနီးမှထည့်ရန်)
ဟင်းရွက်
  • ပူစီနံ
  • မုန်ညှင်းရွက်
  • သံပုရာစိတ်
  • ပဲပင်ပေါက်
  • ငရုတ်သီးအနည်းငယ်
ခေါက်ဆွဲ
  • Rice Stick Noodle(ဆန်ပြား)
ပြုလုပ်ပုံ အမွှေးအကြိုင်များကို ပိတ်ပါးနှင့်ထုတ်ထားပါ
အိုး၁လုံးယူပါ အမဲရိုးနှင့်အသားစများကိုပြုတ်ပ
အမွှေးအကြိုင်ထုတ်ကိုထည့်ပြုတ်ပါ မီးအေးအေးနှင့်တည်ပါ ၁နာရီခန့် (အမှန်အကန်ကောင်းကောင်းမွန်မွန်စားချင်လျှင် ၃နာရီခန့်တည်ပါ)
အရသာကို ဆားအနည်းငယ်နှင့် ငံပြာရည်သုံးပါ သင့်တော်သလိုစပ်ပါ

Pho ကအင်မတန်မွှေးပါတယ် အရသာက နာနတ်ပွင့်ပါလို့ နည်းနည်းချိုတယ
တည်လို့ပြီးရင်အရည်သပ်သပ်ကျန်အောင်စစ်လိုက်ပါ
ပြီးလျှင် မိုးခိုသားပါးပါးလှီးထားသောအသားများထည့်ပါ
အသားကျက်အောင်တည်ပါ
အသားကျက်လျှင် Pho ရပါပြီ
စားသုံရန်အတွက်ကတော့ခေါက်ဆွဲကိုပြုတ်ပါ
ပန်းကန်ထဲထည့်ပါ
မုန်ညှင်းရွက်နှင့်ပဲပင်ပေါက်ကိုရေနွေးဖျောပါ
ခေါက်ဆွဲနှင့်အတူတူပြင်ထားပါ
Pho ဟင်းရည်ကိုလောင်းထည့်ပါ
လှပစွာပြင်ပြီးလျင် သုံးဆောင်နိုင်ပါပြီ

ပူစီနံ သံပုရာစိတ် ငရုတ်သီးက ဘေးကနေတွဲစားဖို့ပါ အမဲသားကိုတော့
Sriracha Chilli Sauce Hoisin Sauce နဲ့တို့စားနိုင်ပါတယ် လောလောဆယ်ဓါတ်ပုံကို
Site ၁ခုကပုံတင်ထားတာပါ ကျနော့်ဆိုင်ကပုံကိုနောက်ပြန်တင်ပေးပါမယ် ကျနော်တို့ဆိုင်မှာဆိုရင်တော့
အမဲသားလုံးလေးတွေပါတယ်(beef balls) လေးတွေပါပါတယ်ပိုစားကောင်းတာပေါ့