လက်တလောမောင်ဝေယံ၁ယောက်
သေလောက်အောင် အလုပ်များနေပါတယ်
အလုပ်သစ် နေရာသစ်မှာ ဟိုတယ်အသစ်၁လုံးမှာလုပ်နေပါတယ်
ဟိုတယ်ကအခုမှစဖွင့်မှာပါ လူရော ဦးနှောက်ပါချောင်ကျနေပါတယ်
မီးဖိုချောင်ကိုဆောက်လက်စကနေစပြီး ဟင်းချက်လို့ရအောင်အထိ
သုညကနေစပြီးလုပ်နေရတာပါ ကျနော့်ရဲ့ ပထမဆုံးအတွေ့အကြုံပါ
ဘလောက်တွေလည်း မဖတ်နိုင်ပါဘူး တနေ့ ၁၅နာရီ အလုပ်ထဲမှာပါ
အားရင်အားသလိုရေးသွားပါ့မယ် အင်တာနက်ရတာမကြာသေးပါဘူး
လာလည်တာကျေးဇူးတင်ပါတယ်....အိမ်မလည်ဖြစ်တာကိုလည်းခွင့်လွှတ်ပါ
တကယ့်တကယ်မအားလို့ပါ ကျေးဇူးအများကြီးတင်ပါတယ်.......

မလေးနာမည်ကိုလူပိုသိပါတယ် အင်ဒိုနီးရှားကနေဆင်းသက်လာတဲ့ အစားအစာ၁ခုပါပဲ
ကျနော်လည်း ခုတလော စာမရေး အကိုအမတွေကိုလိုက်မနှတ်ဆက်နိုင်တာကြာပါပြီ
ခုတော့ အားမရှိတဲ့ကြားကနေ ၁ခုရေးလိုက်ပါတယ် တို့ဟူးကြော်လေးပါ
ကျနော်အရှေ့မှာရေးခဲ့တဲ့ Peanut Sauce လေးနဲ့တွဲစားမယ်ဆိုလည်းလိုက်ပါတယ်
အင်ဒိုနီးရှားတွေကတော့ အဲလိုစားတယ်ဗျ တို့ဟူးဆိုပေမယ့် အမှန်တော့ ပဲပြားပါပဲ Bean curds
သူတို့ကတော့ တို့ဟူးလို့ခေါ်တာပေါ့ ကျနော်တို့သုတ်စားတဲ့တို့ဟူးလိုမျိုးတော့မဟုတ်ဘူး
ပြောရင်းနဲ့တို့ဟူးသုတ်တောင်စားချင်လာပြီ ထားပါလေ ကဲချက်ပါပြီ စပြီးတော
စကားမစပ် သူက ပဲပြားအစာသွပ်လိုပါပဲ concept ချင်းတော့ အတူတူပါပဲ နိုင်ငံမတူလို့
လုပ်ပုံလုပ်နည်းကွာသွားတာပါပဲ့
လိုအပ်တာ
- ပဲပြား ၁တုံး(၂ခြမ်းခြမ်းပါ)
- သခွားသီး အနည်းငယ်(ပါးပါးလှီး)
- ဂေါ်ဖီထုတ် အနည်းငယ်(ပါးပါးလှီး)
အချဉ်အတွက်
- ငရုတ်သီးစိမ်း အနည်းငယ်(ဒါးပြားရိုက် ပါးပါးလှီး)
- ကြက်သွန်ဖြူ အနည်းငယ်(ဒါးပြားရိုက် ပါးပါးလှီး)
- ပဲငံပြာရည် စားပွဲဇွန်း ၃ဇွန်း(Shouyu ကိုညွှန်းပါတယ်ကျနော်ကတော့)
- သံပုရာရည် စားပွဲဇွန်း ၁ဇွန်းခွဲ (၂ဆ ၁ဆ)
- နံနံပင် အနည်းငယ်နှတ်နှတ်စဉ်း
- အရသာမှုန့် အနည်းငယ်
ပြုလုပ်ပုံ
လွယ်ပါတယ် တော်တော့်ကိုလွယ်တာပါ
ပဲပြားကို ဆီပူပူမှာ ကြော်ပါ ဆီက ပဲပြားနစ်ရပါမယ်
အပေါ်ယံကျောတင်းပြီး အရောင်ရလာပြီကျက်လာပြီဆို ရပါပြီ
ပဲပြားကို ဆယ်လိုက်ပါ
အနည်းငယ်အေးအောင်စောင့်ပေးပါ
အလယ်ကနေခွဲလိုက်ပါ သခွားသီးနဲ့
ဂေါ်ဖီထုတ်ကိုအစာသွပ်ပါ
အပေါ်က ငရုတ်သီးအနီကတော့ ကျနော်တို့ အလှဆင်ထားတာပါ
အချဉ်လေးနဲ့တို့ပြီးစား တော်တော်ကောင်းပါတယ် သုံးဆောင်ကြပါဗျာ

DimSum ကနာမည်ကြီးတရုတ်စာ၁မျိုးပါခံတွင်းလိုက်စာစာရင်းဝင်
အမျိုးပေါင်းမြောက်မြားစွာရှိပါတယ် နာမည်ကြီးတာကတော့
ပေါက်ဆီ အသားပေါင်း ကော်ပြန့် ဖက်ထုတ် အများကြီးပါ
ကော်ပြန့်လည်း DimSum စာရင်းဝင်ပါ ခုရေးမှာလုပ်ရလွယ်တဲ့
အသားပေါင်းပါ ပုဇွန်,ကြက်သား,ကြိုက်တာသုံးနိုင်ပါတယ်
ရောသုံးလည်းရတယ်တရုတ်လို SiewMai လို့ခေါ်တယ်
Chicken and Prawn SiewMai
ကြက်သား(ကြိတ်ထားပါ)................၂၀၀ဂရမ်
Wanton Skin................................၁ထုတ်
ကြက်သွန်မြိတ်(နုတ်နုတ်စဉ်း).........၂ပင်
ကြက်ဥ...........................................၁လုံး
ကြက်သွန်ဖြူ/နီ(နုတ်နုတ်စဉ်း).......စားပွဲဇွန်း၁ဇွန်းစီ
ပဲငံပြာရည်အကြည်.......................စားပွဲဇွန်း၂ဇွန်း
နှမ်းဆီ..........................................စားပွဲဇွန်း၁ဇွန်း
ကော်မှုန့်(corn flour)................စားပွဲဇွန်း၃ဇွန်း
ဆား,ငရုတ်ကောင်း,အချိုမှုန့်.......လက်ဘက်ရည်ဇွန်း၁ဇွန်း
အရသာကိုလိုသလိုပြင်ပါအပေါ့ကြိုက်ရင်အနေတော်ပါ
ပြုလုပ်ပုံ
ဇလုံအကြီး၁လုံးတွင် ပါဝင်ပစ္စည်းများရောထည့်ပါ
သမအောင်သေချာမွှေပါ ဖက်ထုတ်ဖတ် ကို အနားများဖြတ်ပါ
လေးဒေါင့်မှ ၈ဒေါင့်ဖြစ်လာမည် အလယ်တွင် အစာသွပ်ပါ
လက်ဘက်ရည်ဇွန်း ၁ဇွန်းအနားသားလေးများကိုလိုက်ပိတ်ပါ
လက်နှင့်အနည်းငယ်ညှိပေးပါ ၁၅မိနစ်ပေါင်းပြီးလျင်စားသုံးနိုင်ပါပြီ
ဓါတ်ပုံများနဲ့ထပ်ပြပါမယ်

ထိုင်းငါးဖယ်ဆုပ်ပါ စားလို့ကောင်းပါတယ်ခံတွင်းမြိန်တယ်
အားလုံးလုပ်နိုင်အောင်လို့ရေးပေးလိုက်တယ်
ငါး(အတုံးသေးများ)...............၃၀၀ဂရမ်(အရိုးလွတ်)
Red Curry Paste................စားပွဲဇွန်း၂ဇွန်း
ပဲသီး......................................၅၀ဂရမ်(နုတ်နုတ်စဉ်း)
ရှောက်ရွက်(ပါးပါးလှီးပါ)........၃-၄ရွက်
ငရုတ်သီးနီ...............၂တောင့်(အစေ့ထုတ်နုတ်နုတ်စဉ်း)
ငံပြာရည်.................စားပွဲဇွန်း၂ဇွန်း
ကြက်ဥ....................၁လုံး
ပြောင်းဖူးကော်မှုန့်....စားပွဲဇွန်း၂ဇွန်း
သကြား..........လက်ဘက်ရည်၁ဇွန်း
ပြုလုပ်ပုံ
ဇလုံ၁ခုတွင်
ငါးနှင့်RedCurryPasteကိုရောနယ်ပါပြီးလျှင်
Blender ထဲတွင်Paste ဖြစ်အောင်ကြိတ်ပါ
ပဲသီးငရုတ်သီးနီရှောက်ရွက်အရသာထည့်ပါ
သမအောင်နှင့်ကျစ်လစ်အောင်အနည်းငယ်အားသုံးပြီး
နယ်ပေးပါ သမလျင် လက်၁ဖက်တွင်ဆီသုတ်ပြီး
ကျန်လက်၁ဖက်မှ အလုံးလေးများလုံးပြီး
ဆီသုတ်ထားသောလက်မှ ညီညာအောင်ဆုပ်ပေးပါ
ပန်းကန်တွင်ဆီသုတ်ပြီးငါးဆုပ်လုံးလေးများအားညီညီညာညာစီပါ
ထမင်းပေါင်းအိုးတွင်၇မိနစ်ပေါင်းပါပြီးလျင်ကြော်ရန်အသင့်ဖြစ်ပါပြီ
ကြော်ရန်
ဆီအိုးတည်ပါ..ကြက်ဥခေါက်ထားပါ,ကော်မှုန့်အနည်းငယ်လိုပါသည်
ငါးဆုပ်များကိုကြက်ဥတွင်နှစ်ပါပြီးလျင်ကောင်မှုန့်ကပ်ပါ..
ဆီပူလျင်ကြော်နိုင်ပါပြီ
Sweet Chilli Sauce နှင့်တွဲဘက်စားနိုင်ပါတယ်
*Red Curry Paste နှင့် Sweet Chilli Sauce
Super Markets များတွင်ဝယ်နိုင်ပါသည်

အားလပ်ရက်တွေမှာဆာတေးစားချင်သူတွေစားနိုင်အောင်ပါ
ထိုင်းstyle အရင်ရေးပါမယ်
စပါးလင်၃ချောင်း,ကြက်သွန်နီ၁ဥ,နနွင်းမှုန့်,
နံနံမှုန့်,သကြား,ငံပြာရည်,ဆီ,၀ါးချောင်း
အစရှိတာတွေလိုပါတယ်..အနည်းငယ်ဆီပေါ့
စပါးလင်ရယ်ကြက်သွန်နီရယ်ကနှတ်နှတ်စင်းပါ
ဆီထဲမှာအားလုံးအနှစ်ဖြစ်အောင်နယ်ပါခရုဆီ
ထည့်ရင်ပိုစားကောင်းပါတယ်..
ကြက်သားနဲ့စားမယ်ဆိုရင်ကြက်သား
အမဲသားဆိုအမဲသားပေါ့
အနေတော်အတုံးလေးတွေတုံးပါ..
အနှစ်ထဲထည့်နယ်ပါ မိနစ်၃၀ကြာအောင်နှပ်ပါ
တုတ်ထိုးပြီရင်ကင်စားလို့ရပါပြီ..ကင်မစားချင်ရင် Omelet Pan
မှာဆီပါးပါးသုတ်ပြီးShallowFryလို့ရပါတယ်မီးအနေတော်နဲ့