လက်တလောမောင်ဝေယံ၁ယောက်

သေလောက်အောင် အလုပ်များနေပါတယ်
အလုပ်သစ် နေရာသစ်မှာ ဟိုတယ်အသစ်၁လုံးမှာလုပ်နေပါတယ်
ဟိုတယ်ကအခုမှစဖွင့်မှာပါ လူရော ဦးနှောက်ပါချောင်ကျနေပါတယ်
မီးဖိုချောင်ကိုဆောက်လက်စကနေစပြီး ဟင်းချက်လို့ရအောင်အထိ
သုညကနေစပြီးလုပ်နေရတာပါ ကျနော့်ရဲ့ ပထမဆုံးအတွေ့အကြုံပါ
ဘလောက်တွေလည်း မဖတ်နိုင်ပါဘူး တနေ့ ၁၅နာရီ အလုပ်ထဲမှာပါ
အားရင်အားသလိုရေးသွားပါ့မယ် အင်တာနက်ရတာမကြာသေးပါဘူး
လာလည်တာကျေးဇူးတင်ပါတယ်....အိမ်မလည်ဖြစ်တာကိုလည်းခွင့်လွှတ်ပါ
တကယ့်တကယ်မအားလို့ပါ ကျေးဇူးအများကြီးတင်ပါတယ်.......

Thursday, April 9, 2009

အမဲသားပင်စိမ်း


အချိန်တော့မရပါဘူး
သူများအခန်းက ကွန်ကိုဆွဲပြီးရေးတာပါ
ကျနော့် အခန်းက ကွန်ကတော့ဖြုတ်သွားပါပြီ
ရေးချင်တယ်လေ စိတ်က
အမဲသားပင်စိမ်းကြော်ပါ ယိုးဒယားကနာမည်ရှိတဲ့ ဟင်း၁မျိုးပါပဲ
လိုအပ်တာတွေ

  • အမဲသားကြိတ်သား ၁၅၀ဂရမ်
  • ပဲသီး(လက်၁ဆစ်အရွယ်ဖြတ်ထားပါ) ၁၀၀ဂရမ်
  • ဆီ
  • ကော်မှုန့်(ပြောင်းမှုန့်ကိုညွှန်းချင်ပါတယ်)
  • ငံပြာရည် ၁ဇွန်း(ထမင်းစားဇွန်း)
  • ပဲငံပြာရည် ဇွန်းဝက်(ထမင်းစားဇွန်း)
  • သကြား လက်ဘက်ရည်ဇွန်း၁ဇွန်းခွဲ
  • အရသာမှုန့် လက်ဘက်ရည်ဇွန်းဝက်
  • ကြက်သွန်ဖြူအနည်းငယ်နုတ်နုတ်စဉ်းထားပါ
  • ငရုတ်သီးအနည်းငယ်နုတ်နုတ်စဉ်းထားပါ
  • ပင်စိမ်းရွက်အနည်းငယ်
  • ကြက်သားပြုတ်ရည်အနည်းငယ်(သို့)ရေ
ပြုလုပ်ပုံ
ဒယ်အိုး၁လုံးမှာ ဆီတည်ပါ
ဆီပူလာရင် ကြက်သွန်ဖြူ ငရုတ်သီး ပင်စိမ်းရွက်ကို ဆီသတ်ပါ
နောက် အမဲသားထည့်ပါ မွှေပေးပါ
အမဲသားကျက်လာတဲ့အထိ မီးအနေတော်နဲ့မွှေပေးပါ
အမဲသားကျက်ခါနီး အရောင်ရလာရင်အရသာထည့်ပါ
မြည်းကြည့်ပါ အနေတော်ဖြစ်ပြီဆို
ကြက်ပြုတ်ရည်ထည့်ပါ မီးပြင်းပြင်းတင်ပြီးကော်မှုန့်ကိုရေဖျော်ပြီးထည့်လိုက်ပါ
ကျက်ပြီဆိုရင်တော့ သုံးဆောင်နိုင်ပါပြီဗျာ
အသားကိုကြိုက်တာသုံးနိုင်ပါတယ် ယိုးဒယားလို
PHAD GRA PROW NAUR လို့ခေါ်တယ်ဗျာ

Wednesday, April 8, 2009

ဂုဏ်ယူစရာ

ကျနော်တို့မြန်မာတွေအတွက်ဂုဏ်ယူစရာပါ Dubai မှာ မြန်မာစားစရာ အချိုပွဲတွေ ပြပွဲလုပ်ပါတယ်
Dubai Traders Hotel ကပါ ကျနော့်အကို(ဆရာလည်းဆရာ)ကိုထူး သူအပင်ပန်းခံပြီးမြန်မာအချိုပွဲတွေတင်ဆက်ခဲ့ပါတယ် ကျနော်ပုံလေးတွေပြချင်ပါတယ် ပြုလုပ်ပုံတွေနောက်မှတင်ပါမယ် ကွန်အဆင်မပြေသေးလို့ပါ ကျနော် ဒီအချိုပွဲတွေကိုရေးပါမယ်
ကိုထူးကိုလည်းပြောပြီးသားပါ သူ့ဆီကနေ ချက်နည်းတွေယူပါမယ် အချိန်ရရင်ရသလိုလေးရေးသွားပါမယ်
စောင့်မျော်အားပေးကြပါခင်ဗျာ လိုချင်တဲ့လူတွေ ရှယ်နိုင်ပါတယ်ဗျာ ကြိုက်သလိုသာစားပါတော့(စကားချပ်)

Saturday, April 4, 2009


အချိန်မရတဲ့ကြားက post ၁ခု ရေးပါမယ် အခုဆို အထုတ်တွေအပိုးတွေနဲ့ မောင်ဝေယံ၁ယောက်
ဘုံပျောက်ပါတော့မယ် ခုနာနတ်သီးထမင်းကြော်ရေးချင်ပါတယ်
လိုအပ်တာတွေကတော့

  • နာနတ်သီး ၁လုံး(အတွင်းသားများကို အတုံးလေးများတုံးထားပါ)
  • ထမင်းပန်းကန်လုံး ၁လုံး
  • စပျစ်သီးခြောက် အနည်းငယ်(ရေစိမ်ထားပါ)
  • ကြက်သွန်နီ အတုံးလေးများ အနည်းငယ်
  • အသားနှစ်သက်ရာ (အတုံးလေးများ)
  • နနွင်းမှုန့် အနည်းငယ်
  • ဆား လက်ဘက်ရည်ဇွန်း ၁ဇွန်း
  • သကြား လက်ဘက်ရည်ဇွန်း ဇွန်းဝက်
  • အရသာမှုန့် ဇွန်းဝက်
  • ကြက်ဥ ၂လုံး
  • ဆီ အနည်းငယ်
ပြုလုပ်ပုံ
အိုးတစ်လုံး တွင် ဆီတည်ပျှါပူလာလျှင် ကြက်ဥကိုမွှေကြော်ပါ ပါဝင်ပစ္စည်းများကိုထည့်ပါ
အရသာထည့်ပါ မွှေပေးပါ မီးအေးအေး နှင့် မွှေပေးပါ ထမင်းအရောင်နှံလာလျှင် အရသာမြည်းကြည့်ပေးပါ
မီးမပြင်းပါစေနဲ့ မတူးအောင်သတိထားပေးပါ အရသာအဆင်ပြေ၍ ထမင်းအရောင်နှံရင်ရပါပြီ
နာနတ်သီး အလှဆင်တာကတော့ မထည့်လည်းရပါတယ် ကျွန်တော်တို့ကျတော့ ဆိုင်မှာရောင်းတာဆိုတော့ အလှဆင်ဖို့လိုပါတယ် ကဲကျေးဇူးတင်ပါတယ် နောက်အားရင်အားသလိုရေးသွားပါမယ်

Wednesday, April 1, 2009

ထိုင်း လယ်သမားဟင်း အနှစ်


Thai Green Curry Paste ကိုအိမ်မှာ ချက်စားမယ်ဆိုလုပ်လို့ရအောင်ပါ
ငရုတ်သီးအစိမ်း ၄၃ ဂရမ်
စပါးလင် ၂၀ ဂရမ်
ကြက်သွန်ဖြူ ၁၃ ဂရမ်
ကြက်သွန်နီအသေး ၁၃ ဂရမ်
ဆား ၄ ဂရမ်
ပဒဲကော ၂ ဂရမ်
ဇီယာမှုန့် ၂ ဂရမ်
နံနံစေ့ ၂ ဂရမ်
သံပုရာသီးအစိမ်း(အခွံ) ၁ လုံး
နံနံပင်အရိုး ၂၀ ဂရမ်
သေချာချိန်ထည့်ပါ အတိအကျထည့်ပါ ကောင်းမွန်တဲ့ Green Curry Paste ရပါမယ် Red Curry Paste ဆိုရင်တော့ ငရုတ်သီးစိမ်း အနီ(အခြောက်)ကိုသုံးနိုင်ပါတယ် အကုန်လုံး Blender ထဲထည့် ကြိတ်ပါ အိုးတစ်လုံးမှာ ဆီအနည်းငယ်ထည့်ပါ ကြိတ်ထားလို့ရတဲ့ အနှစ်ကို မီးအေးအေးနဲ့ ဆီသတ်ပါ မိနစ် ၃၀ကျော်လာရင် အရောက် က အနည်းငယ်စိမ်းပုတ်ပုတ်ရောင်ဖြစ်လာပါပြီ အဲ့တာဆိုကျက်ပါပြီဝယ်လိုက်တာလွယ်ပါတယ် နမူနာပုံတွေတင်ပေးထားပါတယ် ၀ယ်မယ်ဆိုရင်ရှာရလွယ်အောင်

Tuesday, March 31, 2009

အုန်းနို့သာကူ


အုန်းနို့သာကူလေးပါ ခုတလောနွေရာသီရောက်လာလို့ပါ
အုန်းနို့စာတွေများများရေးနေပါတယ် :D (တိုက်ဆိုင်တာပါ ဟီးဟီး)
သာကူစေ့ လိုပါတယ် လုပ်ရတာလွယ်ပါတယ် အုန်းနို့ဗူးလေးတွေဝယ်လိုက်ပါ
ကျွန်တော်တို့ကတော့ ကန်ဇွန်းဥ နဲ့စားပါတယ် ပစ်ပါတယ် မြန်မာလို ချက်တာပါ
ယိုးဒယားတွေကျတော့ နည်းနည်းကျဲတယ် သခွားမွှေးနဲ့စားပါတယ်
ခုပြောမှာယိုးဒယားနည်းပါ သာကူစေ့ နို့ဆီဗူး တ၀က် သကြား ၅၀ဂရမ် အုန်းနို့ ၁ဗူး ရေ ၂လီတာလိုပါတယ်
သခွားမွှေးကတော့ အတုံးလေးတွေပေါ့ အနည်းငယ်ဆိုရပါတယ် အရင်ဆုံး အုန်းနို့ကို သကြားနဲ့ကြိုလိုက်ပါ
အရောင်လိုချင်ရင်တော့ ထန်းလျက်ကိုသုံးပါ သကြားအစား နောက်အိုးကြီးတစ်လုံးမှာ ရေ ၂လီတာကိုတည်ပါ
သာကူစေ့ကို ကြိုပါ အစေ့လေးတွေ ကျက်ရင် ဖြူလာပါမယ် အဲ့ဒီ့အချိန်ကျရင် ဇကာထဲလောင်းထည့်ပြီးရေအေးနဲ့ဆေးလိုက်ပါ စေးကပ်တာမဖြစ်အောင်ပါ စားတော့မယ်ဆိုရင်
ပန်းကန်ထဲကို သာကူထည့်လိုက်ပါ နောက် သခွားမွှေးအတုံးလေးတွေထည့်ပါ အုန်းနို့ရည် လောင်းထည့်ပြီးစားနိုင်ပါပြီ ကျွန်တော် ပုံကိုမနက်ဖြန် Kitchen ထဲမှာရိုက်ပြီးတင်ပါ့မယ် လောလောဆယ် သိမ်းထားတာမရှိလို့ပါ

ထိုင်းလယ်သမားချက်




ထိုင်းလယ်သမားချက်လေးပါ အုန်းနို့နဲ့ချက်တာကိုရေးချင်ပါတယ် အုန်းနို့မပါပဲချက်ချင်ချက်ပါ
တချို့က အုန်းနို့မကြိုက်ဘူးလေ ကျွန်တော်တို့ဆီမှာရောင်းနေတာကတော့ အုန်းနို့နဲ့ချက်တာပါ
လူတော်တော်များများကြိုက်ကြလို့ရေးကြည့်တာပါ ထိုင်းလယ်သမားချက်ကို ကြက်သား နဲ့ရေးချင်ပါတယ်
အသားအနေနဲ့ကတော့ ကြိုက်တာသုံးပါ curry ဟင်းအနှစ်ပဲအရေးကြီးတာပါ လယ်သမားချက်ဆိုတာ ကျွန်တော်ခေါ်တာပါ မူရင်းခေါ်ကြတာ Thai Green Curry ပါ လေရှည်တာရပ်ပြီးရေးပါပြီ
Thai Green Curry အတွက်လိုအပ်တာတွေကတော့

  • ကြက်သား(ရင်ပုံသားဆိုပိုကောင်းပါတယ်) အနေတော်လေးတွေတုံးထားပါ
  • Thai Green Curry Paste စားပွဲဇွန်း ၁ဇွန်း
  • ခရမ်းသီး အတုံးငယ်လေးများ အနည်းငယ်
  • ခရမ်းကြွပ်သီး ၄ခြမ်းစိပ် အနည်းငယ်
  • မြေပုံခရမ်း(ခရမ်းသီးအလုံးသေးသေးလေးများ) အနည်းငယ်
  • ပဲတောင့်ရှည်(လက်၂ဆစ်အရွယ်ဖြတ်ထားပါ) အနည်းငယ်
  • ရှောက်ရွက် ၃-၄ ရွက်
  • အုန်းနို့ (can ဗူး သုံးပါက ဗူးတ၀က်)
  • ပင်စိမ်း ရွက် အနည်းငယ်
  • ငံပြာရည် စားပွဲဇွန်း ၂ဇွန်း
  • အရသာမှုန့် အနည်းငယ်(အချိုမှုန့် ၊ ကြက်သားမှုန့် နှစ်သက်ရာ)
ပြုလုပ်ပုံ
ဒယ်အိုးတစ်လုံးမှာ Green Curry Paste ကိုဆီသတ်ပါ ရှောက်ရွက် နဲ့အတူ အနည်းငယ်မွှေပေးပါ
ပြီးလျင်အုန်းနို့ထည့်ပါ (အုန်းနို့မကြိုက်လျှင် ကြက်ပြုတ်ရည်သုံးပါ)ဟင်းသီးဟင်းရွက်(အကယ်၍နှစ်သက်လျင် မိမိနှစ်သက်သော ဟင်းသီးဟင်းရွက်တွေထည့်ပါ)ကြက်သား အတုံးတွေထည့်ပါ မီးကိုအနေတော်လေးနဲ့တည်ထားပါ တအားမဆူပါစေနဲ့ မီးပျင်းရင် တူးပြီး မကျက်တော့ပါဘူး
မီးနည်းပြန်ရင်လည်း စားမကောင်းပါဘူး ကြက်သား အနည်းငယ်အရောင်ရလာရင် အရသာမြည်းကြည့်ပါ
မီးအနေအထားမှန်ရင် နာရီဝက် မိနစ် ၃၀ ဆိုရပါပြီ ကျက်ပါပြီ Green Curry Paste ကို Super Market တွေမှာ အလွယ်တကူဝယ်နိုင်ပါတယ် အိမ်မှာလုပ်ချင်တယ်ဆိုရင်တော့ နည်းနည်းရှုပ်ပါတယ် နောက်တစ်ပိုစ့်နဲ့တင်ပါမယ်


ဝါသနာ ၀ါသနာ

ကွန်ပြန်ရပါပြီ မမေဒီ ကတက်ပါတယ် ၀ါသနာတွေရေးဖို့ ကျွန်တော်က မမေဒီတို့ လိုစာရေးမကောင်းပါဘူး
ရိုးရိုးလေးပဲရေးလိုက်တော့မယ် ကျွန်တော် ဒီလောက ကို အလည်လာတာ ၂၂ နှစ်ကျော်နေပါပြီ
ရောက်ခါစကတော့ မျက်စိသူငယ်နားသူငယ်ပေါ့ ဘာမှမသိဘူး ပထမဆုံးဝါသနာစပါတာ
စွန်လွတ်တာပါ ကလေးဘ၀ သဘောအကျဆုံးပဲ စွန်လွတ်ရမယ်ဆို ထမင်းမေ့ဟင်းမေ့ အမေကလိုက်ခေါ်ရအောင်
စွန်လွတ်တာဝါသနာကြီးတာ လေထဲမှာ တလူလူလွင့်နေတဲ့စွန်ကိုကြည့်ပြီး သဘောတွေကျနေတာ အသားတွေဆိုမဲပြာနေတာပဲ နောက်တော့ နည်းနည်းအရွယ်ရောက်လာတယ် လူပါးနည်းနည်းဝတတ်လာပြီပေါ့
နယ်မှာဆိုတော့ဘာမှမသိဘူး ရန်ကုန်လည်းရောက်ဘူးပြီဆိုတော့ ၀ါသနာကပြောင်းသွားပါတယ် တီဗွီဂိမ်းဆော့တာ အသေအလဲဆော့တယ် ပိုးစိုးပက်စက်ဆော့တယ် တနေကုန်ဆော့တယ် (၀က်ရူးမပြန်တာကံကောင်း) ကျွန်တော်တို့စ ဆော့တော့ နီတန်းဒိုး လေးတွေပါ PS ဆိုတာ မသိပါဘူး
ကြားတောင်မကြားဘူးဖူး(စကားချပ်)ကလေးဘ၀က လွတ်လာတော့ တောမရောက်တောင်မရောက်မရွယ်ရောက်လာပါတယ် အချိန်ဖြုန်းချင်တယ် နောက်တော့ အသိနည်းနည်းရလာတယ် အမေကလည်း စိတ်ဆိုးတယ်လေ မကောင်းဘူး စာဖတ်ဆိုပြီး စာအုပ်တွေ ဖတ်ခိုင်းပါတယ် မေမေပေးတဲ့ဝါသနာက တော်တော်စွဲပါတယ် ဒေါက်တာမတင်ဝင်းရဲ့ သမိုင်းစာအုပ်တွေ
ဆရာဖေမြင့်ရဲ့ ဒဿန စာအုပ်တွေ နောက် ဆရာကောင်းသန့် ဆရာ နန္ဒာသိန်းဇံ အကုန်ဖတ်ပါတယ်
ဖတ်ရင်းဖတ်ရင်းနဲ့ စာဖတ်တာကိုစွဲသွားရော အခုထိစွဲနေတဲ့ဝါသနာလေးပါ စာဖတ်တာဝါသနာပါလာတော့
စာလည်းရေးချင်လာရော စာရေးတာနဲ့စာဖတ်တာက ညီအစ်ကိုတွေလိုဖြစ်သွားရော နောက်ဆုံး အရွယ်ရောက်လာတော့ ကိုရီးယားကား ၁ကားကြည့်မိပြီး ဟင်းချက်တာကို ရူးသွားရော ဘ၀လမ်းကြောင်းကိုရွေးလိုက်တယ် စားဖိုမှူးဖြစ်ရင်ကောင်းမယ်ဆိုပြီး ဒါနဲ့ပဲ မောင်ဝေယံ၁ယောက် ဟင်းချက်တာကိုဝါသနာပါလာရော ၀ါသနာပေမဲ့ ဘ၀ အသက်မွေးဝမ်းကြောင်းဆိုလည်း ဟုတ်ပါတယ်
ကျွန်တော် အခုထိ ၀ါသနာပါတာလုပ်နေရတာဆိုလို့ ဟင်းချက်တာနဲ့ စာဖတ်တာပါပဲ
ကဲ.....မမေဒီ ပြောတဲ့ တက် ပြီးပါပြီဗျာ ကျွန်တော်က အညတရ ဆိုတော့ တက်ဖို့ ပြန်မဖိတ်တော့ပါဘူးဗျာ
ပျော်ရွှင်ကြပါစေ ၀ါသနာပါတာကို ကောင်းမွန်စွာ အကောင်အထည်ဖော်နိုင်ကြပါစေဗျာ