ဝါသနာ ၀ါသနာ
ကွန်ပြန်ရပါပြီ မမေဒီ ကတက်ပါတယ် ၀ါသနာတွေရေးဖို့ ကျွန်တော်က မမေဒီတို့ လိုစာရေးမကောင်းပါဘူး
ရိုးရိုးလေးပဲရေးလိုက်တော့မယ် ကျွန်တော် ဒီလောက ကို အလည်လာတာ ၂၂ နှစ်ကျော်နေပါပြီ
ရောက်ခါစကတော့ မျက်စိသူငယ်နားသူငယ်ပေါ့ ဘာမှမသိဘူး ပထမဆုံးဝါသနာစပါတာ
စွန်လွတ်တာပါ ကလေးဘ၀ သဘောအကျဆုံးပဲ စွန်လွတ်ရမယ်ဆို ထမင်းမေ့ဟင်းမေ့ အမေကလိုက်ခေါ်ရအောင်
စွန်လွတ်တာဝါသနာကြီးတာ လေထဲမှာ တလူလူလွင့်နေတဲ့စွန်ကိုကြည့်ပြီး သဘောတွေကျနေတာ အသားတွေဆိုမဲပြာနေတာပဲ နောက်တော့ နည်းနည်းအရွယ်ရောက်လာတယ် လူပါးနည်းနည်းဝတတ်လာပြီပေါ့
နယ်မှာဆိုတော့ဘာမှမသိဘူး ရန်ကုန်လည်းရောက်ဘူးပြီဆိုတော့ ၀ါသနာကပြောင်းသွားပါတယ် တီဗွီဂိမ်းဆော့တာ အသေအလဲဆော့တယ် ပိုးစိုးပက်စက်ဆော့တယ် တနေကုန်ဆော့တယ် (၀က်ရူးမပြန်တာကံကောင်း) ကျွန်တော်တို့စ ဆော့တော့ နီတန်းဒိုး လေးတွေပါ PS ဆိုတာ မသိပါဘူး
ကြားတောင်မကြားဘူးဖူး(စကားချပ်)ကလေးဘ၀က လွတ်လာတော့ တောမရောက်တောင်မရောက်မရွယ်ရောက်လာပါတယ် အချိန်ဖြုန်းချင်တယ် နောက်တော့ အသိနည်းနည်းရလာတယ် အမေကလည်း စိတ်ဆိုးတယ်လေ မကောင်းဘူး စာဖတ်ဆိုပြီး စာအုပ်တွေ ဖတ်ခိုင်းပါတယ် မေမေပေးတဲ့ဝါသနာက တော်တော်စွဲပါတယ် ဒေါက်တာမတင်ဝင်းရဲ့ သမိုင်းစာအုပ်တွေ
ဆရာဖေမြင့်ရဲ့ ဒဿန စာအုပ်တွေ နောက် ဆရာကောင်းသန့် ဆရာ နန္ဒာသိန်းဇံ အကုန်ဖတ်ပါတယ်
ဖတ်ရင်းဖတ်ရင်းနဲ့ စာဖတ်တာကိုစွဲသွားရော အခုထိစွဲနေတဲ့ဝါသနာလေးပါ စာဖတ်တာဝါသနာပါလာတော့
စာလည်းရေးချင်လာရော စာရေးတာနဲ့စာဖတ်တာက ညီအစ်ကိုတွေလိုဖြစ်သွားရော နောက်ဆုံး အရွယ်ရောက်လာတော့ ကိုရီးယားကား ၁ကားကြည့်မိပြီး ဟင်းချက်တာကို ရူးသွားရော ဘ၀လမ်းကြောင်းကိုရွေးလိုက်တယ် စားဖိုမှူးဖြစ်ရင်ကောင်းမယ်ဆိုပြီး ဒါနဲ့ပဲ မောင်ဝေယံ၁ယောက် ဟင်းချက်တာကိုဝါသနာပါလာရော ၀ါသနာပေမဲ့ ဘ၀ အသက်မွေးဝမ်းကြောင်းဆိုလည်း ဟုတ်ပါတယ်
ကျွန်တော် အခုထိ ၀ါသနာပါတာလုပ်နေရတာဆိုလို့ ဟင်းချက်တာနဲ့ စာဖတ်တာပါပဲ
ကဲ.....မမေဒီ ပြောတဲ့ တက် ပြီးပါပြီဗျာ ကျွန်တော်က အညတရ ဆိုတော့ တက်ဖို့ ပြန်မဖိတ်တော့ပါဘူးဗျာ
ပျော်ရွှင်ကြပါစေ ၀ါသနာပါတာကို ကောင်းမွန်စွာ အကောင်အထည်ဖော်နိုင်ကြပါစေဗျာ
1 အဲ့လိုပြောထားတယ်:
ခုလို ရေးပေးဖို့အတွက် အရမ်းကို ကျေးဇူးတင်ပါတယ်နော်... အကိုရေ... အညတရဆိုပေမယ့် သာမာန်ထက်ကို ထူးကဲတာနော်။ အကို့ ဟင်းအရသာတွေဟာ အညတရမဟုတ်ဘူးဆိုတာ ဒီဒီသိတယ်... ဒါနဲ့ အကိုက ၂၂ နှစ်ကျော်ဆိုတော့ ဘယ်နှစ်မွေးတာတုန်း... ဒီက အကိုနဲ့ မတိမ်းမယိမ်းလောက် ရှိမယ်ထင်လို့
Post a Comment