အသုတ်စုံ
မရေးတာကြာပါပြီ ဟုတ်ပါတယ် မောင်ဝေယံပျင်းနေတာပါ
ဘာမှမလုပ်ဖြစ်ပါဘူး စဉ်းစားနေတာပါ မြန်မာဟင်းတွေချက်ချင်ပါတယ်
ခက်တာက ဓါတ်ပုံပါ ကျွန်တော် က ကိုယ်ရေးတာလေးကို ပုံလေးတွေပြချင်ပါတယ်
presentation ပေါ့ဗျာ မြန်မာအစားအစာကျတော့ ရှာရတာခက်တယ်
အလုပ်မှာလည်း ၁ခါ၁လေမှရောင်းတာ ဒီတော့ရေးတာနည်းတယ်
အခုတော့ Chef နားတဲ့နေ့ကို ခိုးချက်ထားပြီးဓါတ်ပုံရိုက်လိုက်တယ် ရေးချင်လွန်းလို့
အသုတ်စုံလေးပါ မြန်မာ့ရိုးရာ အစာလေးပေါ့ ကျွန်တော်ကြိုက်ပါတယ်
အသုတ်စုံအတွက်
- ကြက်သွန်နီ အနည်းငယ် ပါးပါးလှီး
- ခေါက်ဆွဲ အနည်းငယ်
- ကြာဇံ အနည်းငယ်
- ဂေါ်ဖီထုတ် အနည်းငယ် ပါးပါးလှီး
- အာလူး အနည်းငယ်ပြုတ်၍ပါးပါးလှီးထားပါ
- ခရမ်းချဉ်သီး ပါးပါးလှီး(ကြိုက်လျင်)
- ပဲပင်ပေါက် အနည်းငယ်
- ပဲပြား ၁တုံး ကြော်၍ပါးပါးလှီး(သို့)အတုံးငယ်လေးများ
- ထမင်း အနည်းငယ်(ဆနွင်းဆီသတ်၍နယ်ပါ အ၀ါရောင်ရစေရန်)
ကြက်သွန်နီ ဆီကျက် ကြက်သွန်ဖြူဆီကျက် ငရုတ်သီး ဆီကျက် ၃မျိုးလိုပါတယ်
ကြက်သွန်နီ ပါးပါးလှီးကို ဆီများများနဲ့ကြော်ပါ အနည်းငယ်အရောင်ရလာလျှင် ဖိုပေါ်မှချပါ
အရောင်အနည်းငယ်တွင်ဖိုပေါ်မှချမှသာ မတူးမည်ဖြစ်သည် ငရုတ်သီးဆီသတ်ရတွင်လည်း
အစိမ်းမှုန့်(chili flakes)နှင့်အရောင်တင်မှုန့်ရော၍ဆီသတ်ပါ ဆီကျက်များရလျှင် စတင်သုတ်နိုင်ပြီဖြစ်ပါသည်
ပါဝင်ပစ္စည်းများကို ဇလုံ ၁လုံးတွင်ရောထည့်ပါ ဆီကျက်များထည့်ပါ ငံပြာရည် အနည်းငယ်နှင့်နယ်၍သုတ်ပါ
သမအောင်နယ်ပါ ပြီးလျင်သုံးဆောင်နိုင်ပြီဖြစ်ပါတယ် ဟင်းခါးလေးပါရင်ပိုကောင်းတာပေါ့ဗျာ
0 အဲ့လိုပြောထားတယ်:
Post a Comment