လက်တလောမောင်ဝေယံ၁ယောက်

သေလောက်အောင် အလုပ်များနေပါတယ်
အလုပ်သစ် နေရာသစ်မှာ ဟိုတယ်အသစ်၁လုံးမှာလုပ်နေပါတယ်
ဟိုတယ်ကအခုမှစဖွင့်မှာပါ လူရော ဦးနှောက်ပါချောင်ကျနေပါတယ်
မီးဖိုချောင်ကိုဆောက်လက်စကနေစပြီး ဟင်းချက်လို့ရအောင်အထိ
သုညကနေစပြီးလုပ်နေရတာပါ ကျနော့်ရဲ့ ပထမဆုံးအတွေ့အကြုံပါ
ဘလောက်တွေလည်း မဖတ်နိုင်ပါဘူး တနေ့ ၁၅နာရီ အလုပ်ထဲမှာပါ
အားရင်အားသလိုရေးသွားပါ့မယ် အင်တာနက်ရတာမကြာသေးပါဘူး
လာလည်တာကျေးဇူးတင်ပါတယ်....အိမ်မလည်ဖြစ်တာကိုလည်းခွင့်လွှတ်ပါ
တကယ့်တကယ်မအားလို့ပါ ကျေးဇူးအများကြီးတင်ပါတယ်.......

Wednesday, May 6, 2009

ဖြစ်ရမယ်လေ

ဖြစ်ပါတယ် မောင်ဝေယံ၁ယောက် တော်တော် ဒွတ်ခရောက်ပါတယ်
ဒီနေ့ပေါ့ မှတ်ထားလိုက်ပါတယ် Blog မှာ
တော်တော် စိတ်ညစ်ရတဲ့နေ့ပါ
အသိ ၁ယောက် အဆောင်ပြောင်းတာ လိုက်ကူညီတယ်
ပြီးတော့ စကားတွေပြော ပစ္စည်းတွေရွှေ့ အားလုံးအိုကေ
ပြန်လာတော့ တက္ကစီ စီးပြီးပြန်လာတယ်
ကားပေါ်ကဆင်းတယ် ပိုက်ဆံရှင်းတယ်
အဆောင်ပေါ်တတ်တယ် အခန်းရှေ့ရောက်တော့ စတွေ့တာပါပဲ
သော့က ကားပေါ်ပါသွားတယ်လေ သေရော
ကားဆရာက အိန္ဒိယ လူမျိုးပါ
ကျနော့်အဆောင်ကို ကားပေါ်ကဆင်းခါနီးပြဘူးပါတယ်
လာများပြန်ပေးမလားလို့ စောင့်ပါတယ်
မိုးသာချုပ်သွားတယ် ပေါ်မလာပါဘူး
ပေါ်မလာဇတ်ကားရိုက်သွားပါတယ်
ကျနော်ပေါ့လျော့တာပါ
ပိုက်ဆံအိတ် နဲ့သော့ ဘောင်းဘီအိတ်ခွဲထည့်လိုက်တာ
ခံလိုက်ရပါတယ်
မြန်မာပြည်မှာဆိုရင်တော့ ပြန်ရရင်ရမယ်ထင်ပါတယ်
၁ညနေလုံး ဘေးက အခန်းမှာထိုင် အခန်းဖော်အလုပ်က ပြန်လာတာစောင့်
ည ၁၁ နာရီမှ အခန်းထဲပြန်ရောက်တာပါ
ဘာမှမချက်နိုင်လို့ ထိုင်းဆိုင်မှာသွားစားလိုက်ရတယ်(ကြွားတာ ကြွားတာ :D )
နောက်နေ့တွေမှ ဟင်းချက်နည်းရေးတော့မယ် ဒီနေ့တော့ အကို အမတွေ
မောင်ဝေယံ့အဖြစ်ကို ရီချင်ရီရအောင် ပြောပြတာ :D

Monday, May 4, 2009

မနက်စာအတွက်


မနက်စာ စားမယ်ဆို ဒါလေးကသင့်တော်ပါတယ်
အဆီနည်းတယ် ကျန်းမာရေးညီညွတ်တယ်
လွယ်ပါတယ်
ကညွတ်ရေနွေးဖျော ကြက်ဥ ရေစပ်စပ်နဲ့ပြုတ်တာပါ(poached egg)
ကျနော်မြန်မာလိုသေချာမပြောတတ်ပါဘူး
kitchen အခေါ်ကတော့ poached ပါ
သင်တန်းမှာပြောတာက ရေစပ်စပ်ဖြင့်ပြုတ်၍ချက်သောဟင်းချက်နည်းပါ (poaching)
ကညွတ် အနည်းငယ် ယူပါ အရိုးပိုင်းကိုဖြတ်ပါ
ရေနွေးပူပူမှာ ၂မိနစ်လောက်စိမ်ပါ ပြီးရင်ဆယ်ထားပါ
နောက် ရေနွေး ၁အိုးတည်ပါ ဆူလာရင် မီးလျော့လိုက်ပါ
ဖြေးဖြေးခြင်းပွက်နေပါစေ
ရှာလကာရည် စားပွဲဇွန်း ၃ဇွန်းလောက်ထည့်ပါ ရေထဲကို
ပြီးရင် ကြက်ဥကိုဖောက်ပြီးဖြေးဖြေးလေးထည့်လိုက်ပါ ပုံထဲကလိုမျိုးရပါမယ်
ဆီမပါလို့ ကျန်းမာရေးနဲ့ညီညွတ်ပါတယ် စားလို့ကောင်းမှာပါ
အနှစ်က မဖောက်နဲ့နော် ပုံမှာက လှအောင် နောက် အရောင်ရအောင်
မကောင်းရင်လည်း မောင်ဝေယံ ညံ့တာကိုခွင့်လွတ်ပါဗျာ
ဒါလေးက poached egg ပါ ရှာလကာရည်ပါတဲ့ရေနွေးမှာပြုတ်ထားတာ
ရှာလကာရည်က ကြက်ဥ မပြန့်သွားအောင်ထိန်းပေးတယ်လေ လှလှလေးဖြစ်နေရော
ကညွတ်တွေလေ အရိုးပိုင်းဖြတ် ရေဆေး ပြီးတော့ ရေနွေးဖျော စားကြနော် အားမနာနဲ့

လူငယ်သဘာဝ


မောင်ဝေယံက လူငယ်လေးလေ လူငယ်သဘာဝ သောက်တာစားတာရှိတာပေါ ဟီး
ကြော်ငြာဝင်တာနော် :D ဘာရယ်မဟုတ်ပါဘူး
ဘလောက်မရေးဖြစ်တာလေးကိုပြောတာပါ ၂ရက်လောက်ပျောက်သွားတာ
သူငယ်ချင်းတွေ နဲ့ မကောင်းတဲ့ အရေတွေသောက်နေလို့ပါ အရည်သောက်တာ ၁ရက်
ပျင်းတာ ၁ရက် :D ဒါတွေ စားတယ်လေ လူကြုံပါလာလို့
သရက်ချဉ်လေးရယ် ရန်ကုန်ပုဇွန်ခြောက်ရယ် ကျနော်တို့ဆီမှာ မြန်မာစာရှားပါတယ်
မရှိတာကများတယ် လူကြုံရှားတယ်လေ လူစုံလို့ စကားဝိုင်းလေးဖွဲ့ စားစရာလေးစားပေါ့
ပျော်စရာကြီး ၁ခါ၁လေပါ သောက်တယ်ဆိုတာ non alcohol malted drink ပါ
အထင်မလွဲပါနဲ့ဦး :D မမြူးရဲ့ ခေါင်ရည်လုပ်သောက်ဦးမယ် :D မသောက်တာကြာလို့
ဘာရယ်မဟုတ်ပါဘူး ပေါက်ကရ မရေးတာကြာလို့ ရေးကြည့်တာ ပေါကြည့်တာ :D
ခွင့်လွတ်ကြပါ

ပဲပင်ပေါက် ပဲပြား


စားချင်တာလေးရေးလိုက်တာပါ ပဲပင်ပေါက် ပဲပြားကို စားချင်နေတယ်
တကယ်မချက်စားဖြစ်လိုက်ပါဘူး Chef ကြီးရောက်လာလို့ မီးဖိုချောင်ထဲကို
ပြင်ပြီး ပုံပဲယူလိုက်ရတယ် :D သနားစရာကောင်းတာ

လိုအပ်တာ
ပဲပင်ပေါက် ၁ကီလို
ပဲပြား ၁ထုတ်(အထုတ်နဲ့လာရင်)
ကြက်သွန်နီ အနည်းငယ်
ခရမ်းချဉ်သီး အစေ့ထုတ် လေးခြမ်းစိတ်
တရုတ်နံနံ အနည်းငယ်
ဆီ စားပွဲဇွန်း ၃ဇွန်း
ဆား/အချိုမှုန့် အနည်းငယ်
ပဲငံပြာရည် စားပွဲဇွန်း ၁ဇွန်း
ခရုဆီ စားပွဲဇွန်း ၁ဇွန်း
ဆီ(ပဲပြားကြော်ရန်) ၅၀၀လီတာ(၃၀သားခန့်)

ပြုလုပ်ပုံ
ပထမဆုံး ပဲပြားကို အတုံးလေးတွေတုံးပြီး ဆီပူပူမှာကြော်လိုက်ပါ
အရောင်ရလာရင်ဆယ်လိုက်ပါ သပ်သပ်ထားထားပါ
လွယ်လွန်းတော့ စိတ်များဆိုးသွားမလားမသိဘူး :D
အိုးတစ်လုံးမှာ ကြက်သွန်ဆီသတ်ပါ ပဲပင်ပေါက် ပဲပြားထည့်ပါ
မီးပြင်းပြင်းနဲ့ကြော်ပါ အရည်လေးနဲ့စားချင်ရင် ရေ နည်းနည်းလေးထည့်ပါ
သတိထားပါ ပဲပင်ပေါက်မှာ ရေပါပြီးသားပါ ကြော်ရင်ရေထွက်လာပါတယ်
ရေထည့်လိုက်ရင် ပိုများလာပါတယ် အရေသောက်လေးစားချင်ရင်ရေထည့်ပေါ့ဗျာ
နည်းနည်းနွမ်းပြီးရေထွက်လာရင် ခရမ်းချဉ်သီး နံနံပင်ထည့်လိုက်ပါ အရသာမြည်းကြည့်ပါ
အားလုံးပြီးရင် ပူပူနွေးနွေးလေး စားနော်
ကြော်ထားတဲ့ပုံ မတင်နိုင်တာ Chef ကြီးကိုစိတ်ဆိုးပါ
မောင်ဝေယံ ကကြော်ချင်ပါတယ် သူကမျက်စောင်းကြီးထိုးနေတော့
ကြောက်တယ်လေ သူက စားဖိုချုပ်မှုးကြီးလေ :D

ကြက်သားလုံးကြော်


အလုပ်ပြုတ်မှာကြောက်လို့နော် ဟီး စတာ တကယ်မအားတာပါ
စားစေချင်လို့ ကြော်လိုက်တယ် ကြက်သားလုံးကိုခရုဆီ နဲ့ကြော်ထားတယ်
တော်တော်စားကောင်းတယ်သိလား ပြောတာမဟုတ်ဘူး :D
လိုအပ်တာတွေ

  • ကြက်သားလုံး အနည်းငယ်
  • ပန်းဂေါ်ဖီ အနည်းငယ်(အပွင့်လေးများဖြတ်ထားပါ)
  • ပဲသီး အနည်းငယ်( လက်၁ဆစ်ခန့်)
  • မုန်လာဥနီ အနည်းငယ်(ပါးပါးလှီးထားပါ)
  • ခရုဆီ စားပွဲဇွန်း ၃ဇွန်း(ကြက်သားလုံး ၂၅၀ဂရမ် အတွက်)
  • ပဲငံပြာရည်အကြည် စားပွဲဇွန်း ၁ဇွန်း
  • ပဲငံပြာရည် အချို စားပွဲဇွန်း ၁ဇွန်း
  • ဆား/အချိုမှုန့် အနည်းငယ်
  • နှမ်းဆီ အနည်းငယ်
  • ငရုတ်ကောင်းမှုန့် အနည်းငယ်
  • ဆီ စားပွဲစားဇွန်း ၃ဇွန်း
  • ကြက်သွန်(ဖြူ/နီ) အနည်းငယ်ကိုဒါးပြားရိုက်ထားပါ
  • ဂျင်း အနည်းငယ်ကိုဒါးပြားရိုက်ထားပါ
ပြုလုပ်ပုံ
ကြက်သားလုံးကို လုပ်ပြီးသားဝယ်ရင်ဝယ်ပါ
မ၀ယ်ချင်လည်း ကျနော် အသားလုံးနည်းရေးပြီးသားပါ
အနည်းငယ်ဆိုတာ ကိုယ်ဘယ်လောက်စားမလည်းကိုမူတည်ပါတယ်
အသီးအရွက်တွေကို ပြုတ်လိုက်ပါ အကျက်မြန်အောင်
ဒယ်အိုး၁လုံးမှာ ဆီပူအောင်တည်ပါ
ဆီပူလာရင် ကြက်သွန် ဂျင်းကို ဆီသတ်ပါ
ဟင်းသီးဟင်းရွက်တွေကိုထည့်ကြော်ပါ
မီးပြင်းပြင်းနဲ့ကြော်တာကောင်းပါတယ်
ကျနော်တို့ကျတော့ Wok တွေနဲ့ကြော်တာပါ
မွှေးတာပေါ့ မီးနံလေးလည်းပါတယ် ဟင်းသီးဟင်းရွက်တွေလည်းမနွမ်းဘူး
အရသာထည့်ပါ ကြက်သားလုံးထည့်ပါ
၃မိနစ်လောက်မီးပြင်းပြင်းနဲ့ မွှေကြော်ပေးပါ
ပြီးတာနဲ့ပူပူနွေးနွေး သုံးဆောင်နိုင်ပါပြီ ပန်းကန်ကိုတော့ ကြိုက်သလိုပြင်ပေါ့ဗျာ :D

Friday, May 1, 2009

တို့ဟူးနွေး စားချင်တယ်

ကျနော်တော်တော်ကြိုက်တာပြောရရင်တို့ဟူးနွေးပါ
ရှီးတို့ဖိန့် ပေါ့ :D ကျနော်တို့ခေါ်တာပြောတာနော်
ရေရေလည်လည်ကြိုက်တာပါ မနက်စောစော ဆောင်းတွင်းဘက်ဆိုလို့ကတော့
ဘာပြောကောင်းမလည်း အဲ့တာလေးစားလိုက်မှ အာသီသ ပြေတာ :D
ကဲကဲ လေပေါတာရပ်လို့ တို့ဟူးကျိုကြပါစို့ဗျာ ကျနော်ကတော့ ကုလားပဲကိုပဲ သုံးပါတယ်

လိုတာတွေက

  • ပဲအစိမ်း
  • ကြာညို့(ပဲငံပြာရည်)
  • နှမ်းဆီကျက်
  • ငရုတ်ဆီကျက်
  • ချောက်ကော့ပါကော့(Chisnese spices)ဆီကျက်
  • နံနံပင်နည်းနည်း
  • ကြက်သွန်ဖြူဆီကျက်
တို့ဟူးကျိုမယ်ဆိုရင် ပဲအစိမ်းမှုန့် လိုပါတယ်
ပဲအစိမ်းမှုန့် မရှိရင် ကုလားပဲကို သုံးပါ
ကုလားပဲ ၅၀၀ ဂရမ် ၁ထုတ်ဆို မိသားစု ၁စုကောင်းကောင်းစားနိုင်ပါတယ်
ကုလားပဲ အစိမ်းကိုရေစိမ်ပါ ၁နာရီလောက်ကြာရင်ကြိတ်ပါ
ဇကာစိတ်စိတ်လေးမှာ အရည်စစ်ယူလိုက်ပါ အိုး ၁လုံးမှာ မီးအေးအေးနဲ့ကြိုပါဒီလိုမျိုးပေါ့ ဆား အချိုမှုန့်ဆနွင်းလေးထည့်ကျိုရင်တော့ကောင်းပါတယ်
ဆနွင်းမကြိုက်ရင်မထည့်လို့ရပါတယ်
ပျစ်လာပြီ မွှေပေးတဲ့ whisk မှာ တို့ဟူးလေးတွေ ညောင်စေးတန်းလာပြီဆိုရပါပြီ
ပန်းကန်၁လုံးမှာ ခေါက်ဆွဲထည့်ပါ ခေါက်ဆွဲမကြိုက်ဘူး တို့ဟူးနွေးသီးသန့်စားမယ်ဆိုစားပါ
ကျနော်ကတော့ ဆန်စေးကြိုက်ပါတယ် ဆန်စေးနဲ့စားမယ်ပန်းကန်ထဲမှာပြင်ပြီးရင် လိုအပ်တာတွေထည့် နယ်ပြီးသုံးဆောင်နိုင်ပါပြီ
ပြင်ပြီးဆင်ပြီးတော့ဗိုက်ဆာလို့စားလိုက်တာ နောက်ဆုံးပုံလေးမရှိတော့ဘူး
:D အကိုအမတွေ အားမနာနဲ့ စားနော် တို့ဟူးနွေးက ပူတုန်းစားမှကောင်းတာ
ပျော်ရွှင်ကြပါစေ ကိုသံလွင်လည်းစားနော် ကြိုက်မှာပါ တို့ဟူးနွေး
လိုအပ်တာရှိရင် ကျနော့်အားနည်းချက်မို့လို့ ခွင့်လွှတ်ပါဗျာ

Tuesday, April 28, 2009

ဒီလိုဒီလို

အကိုအမတွေခင်ဗျားး ဟီးးးးး ကျနော်မောင်ဝေယံ ပေါက်ကရ တွေတင်မိတာခွင့်လွတ်ပါဗျာ
ကျနော်ဒီရက်ပိုင်း အလုပ်မှာ လူပိနေလို့(ဟိုတယ်မှာလူပြည့်)နေလို့ ဘလောက်မရေးနိုင်ပါ
အကိုအမတို့ကိုဧည့်ဝတ်မကျေတာ ရှိရင် ခွင့်လွတ်ပါ ကျနော် လာမလည်တာကိုလည်းခွင့်လွတ်ပါ
ဘယ်လိုမှမတတ်သာလို့ပါ ဧည့်သည်တွေက သမဆိုင်ထက်တောင်များနေပါတယ်
အလှူလိုလာစားနေတာပါ ပင်ပန်းလို့ ဘာမှမလုပ်နိုင်ပါဘူး ဘာမှလည်းမလုပ်ချင်ပါဘူး
ပိနေတဲ့လူတွေ ပြန်သွားရင် ပြန်လာခဲ့ပါမယ် နှူတ်ဆက်ပါတယ် ၁ရက် ၂ရက်လောက်
ခွင့်ပေးပါ :D