လက်တလောမောင်ဝေယံ၁ယောက်

သေလောက်အောင် အလုပ်များနေပါတယ်
အလုပ်သစ် နေရာသစ်မှာ ဟိုတယ်အသစ်၁လုံးမှာလုပ်နေပါတယ်
ဟိုတယ်ကအခုမှစဖွင့်မှာပါ လူရော ဦးနှောက်ပါချောင်ကျနေပါတယ်
မီးဖိုချောင်ကိုဆောက်လက်စကနေစပြီး ဟင်းချက်လို့ရအောင်အထိ
သုညကနေစပြီးလုပ်နေရတာပါ ကျနော့်ရဲ့ ပထမဆုံးအတွေ့အကြုံပါ
ဘလောက်တွေလည်း မဖတ်နိုင်ပါဘူး တနေ့ ၁၅နာရီ အလုပ်ထဲမှာပါ
အားရင်အားသလိုရေးသွားပါ့မယ် အင်တာနက်ရတာမကြာသေးပါဘူး
လာလည်တာကျေးဇူးတင်ပါတယ်....အိမ်မလည်ဖြစ်တာကိုလည်းခွင့်လွှတ်ပါ
တကယ့်တကယ်မအားလို့ပါ ကျေးဇူးအများကြီးတင်ပါတယ်.......

Monday, March 30, 2009

ကွန်နက်ရှင် ကွန်နက်ရှင်

ကျွန်တော်က FOC ကွန်နက်ရှင်သုံးတာပါ အလုပ်ကပေးတယ် ခုတော့ ဒွတ်ခရောက်ပါတယ်
အလုပ်ကကွန်ဖျက်ထားတယ် အဆောင်တခုလုံးပဲ သူတို့ကတော့နှေးလို့ခဏရပ်ထားတာတဲ့
ကျွန်တော်ရေလည်စိတ်လေနေပါတယ် စာလည်းမစီထားတော့ဘူး ဘာလုပ်ရမလည်းမသိတော့ဘူး
အကိုအမများ ဆုတောင်းပေးပါ မောင်ဝေယံကို ၀ါး ၀ါး ဗြဲ :D ပေါလိုက်ဦးမယ်

Tuesday, March 24, 2009

မုန့်ဟင်းခါး



မြန်မာပြည်ရဲ့ အဓိက စားဖွယ်ရာပါ မနက်စာဆို မုန့်ဟင်းခါးဆိုင်တွေမှာ လူတွေ အပြည့်ပါပဲ
တော်တော်များများကြိုက်ကြပါတယ် ဒီမှာဆို နိုင်ငံခြားသားတွေလည်းကြိုက်ပါတယ်
ကျွန်တော်တို့အတွက်ဂုဏ်ယူစရာပါ ချက်ရတာတော့နည်းနည်းလက်ဝင်ပါတယ်
လွယ်တာကြိုက်ရင် Ready To Eat အထုတ်တွေရှိပါတယ် မြောင်းမြဒေါ်ချို တို့ဆိုချက်ရတာလွယ်ပါတယ်
ကျွန်တော်တို့အလုပ်မှာတော့ မရပါဘူး ကိုယ့်ဟာကိုယ်ချက်ရတာပါ နည်းနည်းတော့ အချိန်ယူတာပေါ့ဗျာ
ကဲ....လေမရှည်တော့ဘူး ပြောမယ်
မုန့်ဟင်းခါးချက်တာ ငါးဆီသတ်တာအရေးကြီးပါတယ် ဆီသတ်တာခြောက်မှ ကောင်းမှာပါ
နောက်ငါးပြုတ်တာလည်းလိုပါတယ်ငါးပြုတ်တာသေချာပြုတ်ရပါမယ် ငါးကိုတော့ ငါးခူ ရယ် ငါးမြစ်ချင်း
၂မျိုးရော သုံးတာကောင်းပါတယ် ငါးခူကချိုပါတယ် ငါးမြစ်ချင်းက အရသာလေးပါတယ် ၂မျိုးပေါင်းတော့
ရှယ်ပေါ့ဗျာ ကဲပါလေ စချက်ကြရအောင်
မုန့်ဟင်းခါး ချက်ရန်

  • ငါး ၅၀သား (၁ကီလိုနီးနီး ၁ကီလို=၆၅ကျပ်သား)
  • ကြက်သွန်နီ ၅၀သား
  • ကြက်သွန်ဖြူ ၅ဥ
  • ဂျင်းတက် ၂လက်မအရွယ်
  • စပါးလင် ၄ချောင်း(၂ချောင်းကိုနှတ်နှတ်စဉ်းရန်)
  • ကုလားပဲ ၂၅ကျပ်သား(ပဲမှုန့်အကျက်ရှိလျင်သုံးနိုင်သည်)
  • ဆီ ၂၀သား (၃၀၀ဂရမ်ခန့်)
  • ဆန်လှော်မှုန့်(အချို့သုံးကြသည်)
၁....ငါးပြုတ်ပါ အိုး၁လုံးတွင် ငါးနှင့် စပါးလင်ကို ရော၍ပြုတ်ပါ ဂျင်းအနည်းငယ်ထည့်လျင်ပိုကောင်းပါသည်ငါးကို ဆားဆနွင်းနယ်ထားပြီးမှပြုတ်ပါ
၂....ငါးပြုတ်ထားချိန်တွင် တဖက်မှ ကြက်သွန်နီ,ကြက်သွန်ဖြူ,ဂျင်း,စပါးလင်ကို နှတ်နှတ်စဉ်းထားပါ ထောင်းရန်ဆုံရှိလျင် ညက်အောင်ထောင်းလျင်ပိုကောင်းပါတယ်
၃....ငါးပြုတ်ရည်ရလျှင် ငါးကိုဆယ်ပါ အရည်ကိုသတ်သတ်ဖယ်ထားပါ ကုလားပဲ အနည်းငယ်ကို ပြုတ်ပါ
၎....ကုလားပဲပြုတ်ထားချိန်တွင် ငါးကိုအရိုးနွင်ထားပါ နောက် အိုးတစ်လုံးတွင် ဆီတည်ထားပါ
၅....ကြက်သွန်ဖြူနီ,ဂျင်း,စပါးလင် ကိုဆီသတ်ပါ ငါးအသားနွှင်ထားသည်များကိုပါဆီသတ်ပါ ဆီသတ်တာအရေးကြီးပါတယ် ကြာကြာနဲ့သေချာသတ်ပါ
အနှစ်ဖြစ်သွားတဲ့အထိသတ်ပါ အနှစ်ရရင်ကျွန်တော်တို့ မုန့်ဟင်းခါး စချက်နိုင်ပါပြီ ငါးအနှစ်ထဲကို ငါးပြုတ်ရည်ထည့်ပါ
မီးအနေတော်နဲ့တည်ထားပါ ပဲအနှစ်ထည့်ပါ အရသာကိုတော့ ဟင်းချိုမှုန့် ရယ် ငံပြာရည်ရယ်သုံးပြီး မြည်းကြည့်ပါ မပျစ်မကျဲ နဲ့ အရသာလည်းအနေတော်ပြီဆိုရင်မုန့်ဟင်းရည်ရပါပြီ ဘဲဥပြုတ်တွေထည့်တည်ထားရင် အိုးဘဲဥရပါတယ်
မုန့်ဖတ်ကိုတော့ မြန်မာပြည်မှာဆို လွယ်ပါတယ် နိုင်ငံခြားမှာက လူကြုံရှိမှပါ မရှိရင် Somen ဆိုတဲ့ဂျပန်ခေါက်ဆွဲက မုန့်ဖတ်လိုပါပဲ ဒါမှမဟုတ်ရင်လည်း Thai Rice Flat Noodle သုံးနိုင်ပါတယ် Kway Teow ခေါက်ဆွဲဖတ်လည်းရပါတယ် ညှပ်ခေါက်ဆွဲပေါ့ဗျာ တွဲဘက်စားတာတွေကတော့ နံနံပင် ငရုတ်သီးမှုန့် ကြက်သွန်ဆီကျက် သံပုရာသီးစိတ် ပဲကြော် ရှိရင်ပဲကြော် အစရှိတာတွေတွဲပြီးစားနိုင်ပါတယ်ကဲ အားရင် ချက်စားနိုင်ကြပါစေဗျာ ပုံကတော့ကျွန်တော်တို့ဆီမှာရောင်းတဲ့ပုံလေး မြန်မာပြည်အပြင်မှာမြန်မာစာတွေရောင်းနေတယ် ကြော်ငြာတာ

Tuesday, March 17, 2009

အသုတ်စုံ


မရေးတာကြာပါပြီ ဟုတ်ပါတယ် မောင်ဝေယံပျင်းနေတာပါ
ဘာမှမလုပ်ဖြစ်ပါဘူး စဉ်းစားနေတာပါ မြန်မာဟင်းတွေချက်ချင်ပါတယ်
ခက်တာက ဓါတ်ပုံပါ ကျွန်တော် က ကိုယ်ရေးတာလေးကို ပုံလေးတွေပြချင်ပါတယ်
presentation ပေါ့ဗျာ မြန်မာအစားအစာကျတော့ ရှာရတာခက်တယ်
အလုပ်မှာလည်း ၁ခါ၁လေမှရောင်းတာ ဒီတော့ရေးတာနည်းတယ်
အခုတော့ Chef နားတဲ့နေ့ကို ခိုးချက်ထားပြီးဓါတ်ပုံရိုက်လိုက်တယ် ရေးချင်လွန်းလို့
အသုတ်စုံလေးပါ မြန်မာ့ရိုးရာ အစာလေးပေါ့ ကျွန်တော်ကြိုက်ပါတယ်
အသုတ်စုံအတွက်

  • ကြက်သွန်နီ အနည်းငယ် ပါးပါးလှီး
  • ခေါက်ဆွဲ အနည်းငယ်
  • ကြာဇံ အနည်းငယ်
  • ဂေါ်ဖီထုတ် အနည်းငယ် ပါးပါးလှီး
  • အာလူး အနည်းငယ်ပြုတ်၍ပါးပါးလှီးထားပါ
  • ခရမ်းချဉ်သီး ပါးပါးလှီး(ကြိုက်လျင်)
  • ပဲပင်ပေါက် အနည်းငယ်
  • ပဲပြား ၁တုံး ကြော်၍ပါးပါးလှီး(သို့)အတုံးငယ်လေးများ
  • ထမင်း အနည်းငယ်(ဆနွင်းဆီသတ်၍နယ်ပါ အ၀ါရောင်ရစေရန်)
အသုတ်မှာလိုတာ ဆီကျက်ပါ ဆီကျက်ကောင်းမှ အသုတ်ကောင်းတာပါ
ကြက်သွန်နီ ဆီကျက် ကြက်သွန်ဖြူဆီကျက် ငရုတ်သီး ဆီကျက် ၃မျိုးလိုပါတယ်
ကြက်သွန်နီ ပါးပါးလှီးကို ဆီများများနဲ့ကြော်ပါ အနည်းငယ်အရောင်ရလာလျှင် ဖိုပေါ်မှချပါ
အရောင်အနည်းငယ်တွင်ဖိုပေါ်မှချမှသာ မတူးမည်ဖြစ်သည် ငရုတ်သီးဆီသတ်ရတွင်လည်း
အစိမ်းမှုန့်(chili flakes)နှင့်အရောင်တင်မှုန့်ရော၍ဆီသတ်ပါ ဆီကျက်များရလျှင် စတင်သုတ်နိုင်ပြီဖြစ်ပါသည်
ပါဝင်ပစ္စည်းများကို ဇလုံ ၁လုံးတွင်ရောထည့်ပါ ဆီကျက်များထည့်ပါ ငံပြာရည် အနည်းငယ်နှင့်နယ်၍သုတ်ပါ
သမအောင်နယ်ပါ ပြီးလျင်သုံးဆောင်နိုင်ပြီဖြစ်ပါတယ် ဟင်းခါးလေးပါရင်ပိုကောင်းတာပေါ့ဗျာ

Sunday, March 8, 2009

ပီကင်းဘဲကင်


လုပ်ရတာခက်တာတွေရေးလိုက်ဦးမယ် :D လာဖတ်သူတွေ ချက်လို့မရတာလေး
စားကောင်းတယ်လေ လူတိုင်းနီးနီးကြိုက်ကြပါတယ် ဘဲကင်ဆို ကျွန်တော်ဆို အရမ်းကြိုက် :P
လုပ်ရတာမခက်ပါဘူး ကရိယာတွေပဲလိုတာ Roaster တွေ ဒယ်တွေ လိုတာကျွန်တော် အလွယ်နည်းပေးပါမယ်
လုပ်ကွက်လေးတွေပေါ့ အိမ်မှာလုပ်လို့ရတယ် ပီကင်းစတိုင်စစ်စစ်ကြီးတော့မဟုတ်ဘူးပေါ့ ဘာဖြစ်ဖြစ်လုပ်စားချင်စားလို့ရအောင်ပါ ဘဲ၁ကောင် ရယ်နောက်ပြီးတော့ တရုတ်ဟင်းခတ်မှုန့်(chines five spices) သစ်ဂျပိုးခေါက် နာနတ်ပွင့် နံနံစေ့ ကြက်သွန်နီ ကြက်သွန်ဖြူ ဂျင်း ပဒဲကော(Glangar) ကြက်သွန်မြိတ်
ပဲငံပြာရည်အချို(စားပွဲဇွန်း ၄ဇွန်း) အဲ့တာတွေလိုပါတယ်
အိုးတစ်လုံးမှာရေနွေးတည်ပါ ဟင်းခတ်အမွေးအကြိုက်တွေထည့်ပါ ဘဲကိုထည့်ပါ မီးဖြေးဖြေးလေးနဲ့ပြုတ်ပါ ဘဲက အရောင်ညိုလာပါမယ် အနံလည်းမွေးလာပါမယ် ၄၅မိနစ်လောက်ပြုတ်ပါ နူးလာပါမယ် နူးလာရင်မီးဖိုပေါ်ကနေချပါ ဘဲကိုဆယ်လိုက်ပါ ရင်ဘတ်ကနေ ၂ခြမ်းခွဲလိုက်ပါ ကော်မှုန့်တွေကပ်ပါ ဆီပူပူတစ်အိုးတည်ပြီး ဘဲကိုနှစ်ကြော်ပါ သတိထားရမှာ ဆီပေါက်တာပါ ကြွပ်သွားပြီဆို သုံးဆောင်လို့ရပါပြီ
ဒါက အလွယ်နည်းပါ အိမ်မှာလုပ်စားလို့ရတယ် တကယ်ကင်မယ်ဆို အဆင့်ဆင့်အလုပ်အရမ်းများပါတယ်
ကြိုးစားပြီးချက်ကြည့်ပါ တော်တော်စားကောင်းလို့ညွှန်းတာပါ သူနဲ့တွဲစားတာ ဂျုံပြားလေးတွေပါ Pancake ပါ
အပေါ်ကပုံကတော့ ကျွန်တော်တို့ရောင်းတဲ့ဘဲကင်ပုံပါ စားချင်ရင်လာခဲ့ပါ ဈေးလျော့ပေးပါမယ် :P အသေးစိတ်ကိုသိချင်ရင် e mail ပေးပါ ပို့ပေးပါမယ် Inbox ထဲအရောက် :P ဒါပါပဲ ကျေးဇူးတင်ပါတယ်

အမှတ်တရ

ကျွန်တော် ရန်ကုန်မှာလုပ်တုန်းက ပျော်ပါတယ် တော်တော်လေးကိုပျော်တာပါ ဘယ်လောက်ပဲ စိတ်ညစ်စရာရှိရှိ
မီးဖိုချောင်ထဲရောက်တာနဲ့မေ့တာပါပဲ ဟင်းချက်လိုက် စလိုက်နောက်လိုက် ထမင်းတွေချက် ခိုးစား(ပေါ်တင်စားလို့မရဘူးလေ) အချင်းချင်းလိုက်ရစ် အဲ့လိုမျိုးဆိုးတာ မနက်ပိုင်း ဂျူတီကြရင်ပျော်တယ် ၆နာရီခွဲဆိုစတယ် မနက်စာကိုတာဝန်ယူရတယ် နောက်နေ့လည်အတွက်ချက် ညစာအတွက်ပြင် မနက်စာကတော့ညဂျူတီကချက်ပြီးသား လိုတာလိုက်ဖြည့်ရတာ နောက်ကြက်ဥကြော်ရတယ် နေ့လည်ကျတော့ ဧည့်သည်တွေမှာတာ တစ်ပွဲချင်းရောင်းရတယ်လေ ကြားထဲမှာ လိုတာတွေပြင်ဆင်ပေါ့ ညနေစာ နောက်နေ့အတွက် မနက်ပိုင်း ၇နာရီကနေ ၁၀ နာရီဆို ကျွန်တော် ၂၁ ထပ်ကို တတ်ရပါတယ် အရေးကြီးဧည့်သည်တွေကို သီးသန့် မနက်စာခင်းပေးတယ် သူတို့စားဖို့ ကြက်ဥကြော် ကြော်ပေးရတာ အဲ့ဒီ့မှာ
အစားအသောက် ၀န်ဆောင်မှုဝန်ထမ်းတွေမရှိဘူး ဧည့်ကြို ဋ္ဌာ န က ၀န်ထမ်းတွေက ၀န်ဆောင်မှုပေးရတာလေ အရေးကြီးလို့ အဲ့မှာ ပျင်းစရာကြီးဗျ သူတို့လာမှာတာကြော် အားရင်အောက်ပြန်ဆင်း
တတ်လိုက်ဆင်းလိုက်ပေါ့ဗျာ အဲ့က၀န်ထမ်းတွေနဲ့ ခင်ကုန်ပါလေရော စားဖိုမှူးက Front Office ကလူတွေနဲ့ခင်သွားရော အတူတွဲလုပ်နေတာကိုး :D သူတို့က ကော်ဖီဖျော်တိုက် ကျွန်တော်က ကြက်ဥကြော်ကြော်ပေး အဆင်ကိုပြေနေတာပဲ ကျွန်တော့်သူငယ်ချင်းတစ်ယောက်ဆို နှလုံးအားနည်းတယ်
သူ့အတွက်ဆို ကျွန်တော်က ကြက်ဥအကာကြီးပဲကြော်ပေးတာ :D သူစားဖို့လာမှာတာဆို ဟိုတယ်မှာမရှိတဲ့အခန်းနံပတ်နဲ့လာမှာတာ ၂၁၃၀ ၂၁ထပ်မှာ အခန်းနံပတ် ၃၀ မရှိဘူးလေ အထပ်တိုင်းအခန်း၃၀ရှိတယ် ၂၀ ၂၁ ၂၂ ပဲမရှိတာ ၂၁၃၀ ဆိုရင် သူစားဖို့ပါ နောက်တော့အမြဲအဲ့ဒီလိုပဲလာမှာတာ မမှာရင်လည်း ကျွန်တော်ကကြော်ပေးခဲ့တယ် သူတို့နဲ့ အလုပ်လုပ်တဲ့အချိန်တွေဆိုပျော်စရာကြီး စလိုက်နောက်လိုက် အားရင်လေပေါလိုက်နဲ့ ဂျာကြီးကမသိဘူး :P သိရင်ဆဲမှာ :D နောက်တော့လည်း အကုန်လုံး ၁နေရာဆီကွဲကုန်ကြတာပါပဲ ၁ယောက်၁နိုင်ငံဆီထွက်လာကြရော အခုကြတော့ အတိတ်က အမှတ်တရပေါ့ဗျာ သတိရတယ်ဗျာ

ပျော်စရာအတိတ်လေးများ

အရင်တုန်းကပေါ့ ရှန်ဂရီလာလို့ခေါ်တဲ့ ဟိုတယ်ကြီးမှာလုပ်တုန်းကပေါ့
ကုန်သည်ကြီးများဟိုတယ်လေ ရန်ကုန်က လေ ပျော်စရာကြီး မီးဖိုချောင်ထဲမှာ လူတွေအများကြီးပဲ
ဂျူတီပေါင်းစုံပေါ့ ကျွန်တော်တို့ စားဖိုမှူးတွေ စုပြီးကဲကြတာလေ သိတယ်မဟုတ်လား ပျော်ပွဲရွှင်ပွဲ
ဋ္ဌာန တစ်ခုလုံး ကဲကြတာ စားဖိုချုပ်မှူးကြီးက စင်ကာပူက တရုတ်ကြီး ကျွန်တော့်ဆရာ သူက အရမ်းသောက်တာ
ကျွန်တော်တို့လည်း စိုးရိမ်တာပေါ့ အသောက်ပျက်ရင် အသက်ပျောက်သွားမှာကို ၀ိုင်းသောက်ပေးတာပေါ့
ဟဲဟဲ ဒါနဲ့ပဲ ဗိုလ်၁၀၀၀ က စားသောက်ဆိုင်ကိုရောက်တာပေါ့ စားဖိုမှူးတွေ အကုန်လုံး ဂျူတီသမားတွေက စောစောသွား နားရက်သမားတွေဆို ထမင်းမစားပဲသောက် ဂျူတီဝင်ရမယ့်လူတွေကလည်း နည်းနည်းထိမ်းသောက် ဂျူတီထွက်တဲ့ကောင်တွေကလည်း အမုန်းသောက် အလွတ်ပျော် သောက်ချင်သလောက်သောက် စားသောက်ဆိုင်ကို ပိတ် ပြီး ဋ္ဌားလိုက်တာ အမုန်းသောက်ရတယ် အံဖတ်ဆို့တယ်ဆိုတာ အဲ့ဒီ့မှာသိတာပဲဗျို့ အလွတ်ကိုသောက်ရတာ ချီဖ့် က အကုန်ရှင်းတာ ဂျာကြီးလည်းသောက်တာပေါ့ ရှယ်ပဲ နေ့လည် ၁၂ နာရီကနေ ပါတီပွဲကျင်းပလိုက်တာ ည ၇နာရီမှာ စာရင်းပိတ်
ည ၁၀နာရီလောက်မှာပြန်လာကြတာ အကုန်လုံး ချက်ဖို့မပြောနဲ့ လမ်းကိုမှန်အောင်မနည်းလျောက်ရတယ်
အဲ့တာတော့ အမှတ်တရ ပျော်စရာကြီးဗျာ စားဖိုမှုးပေါင်း ၈၀ကျော် သောက်ကြတာ တနေကုန် ပျော်လိုက်တာပြောမနေနဲ့ တကယ့်ကိုပျော်တာ မျက်မှန်ပါပျောက်သွားတယ် :P ညဂျူတီသမားတွေကလည်း မချက်နိုင်တော့ဘူး အကုန် လဲပဲ နေ့ခင်းသမားတွေ ၂ဂျူတီဆက်ဆင်းလိုက်ရတယ်လေ အဲ့လိုကဲကြတာပါ စားဖိုမှုးတွေကဲရင် ရှယ်ကဲတာ ကြွားတာကြွားတာ :D

Friday, March 6, 2009

လက်တလောဖြစ်ပျက်နေကြတာ

ခုတလော တော်တော်ပင်ပန်းပါတယ် ဘာလို့လည်းဆို နေရာတိုင်းဖြစ်တဲ့ စီးပွားရေးကပ်ပါပဲ
ကျွန်တော်တို့လိုအခြေခံ အလုပ်သမားတွေကတော့ သိပ်မသိမသာထိတာပေါ့ ဟိုတယ်တွေကလူတွေလျော့တယ်
ခွင့်တွေပြန်လွတ်တယ် ခွင့်ပြန်တဲ့လူတွေကိုပြန်မလာခိုင်းဘူးစောင့်ခိုင်းတယ် အလုပ်သစ်တွေစောင့်ခိုင်းတယ်
ကျွန်တော်တို့လည်းကြုံနေရပါပြီ လူတွေလျော့တယ် အစားပြန်မပေးဘူး မနိုင်ဝန်ထမ်းခိုင်းတယ် တော်တော့်ကိုပင်ပန်းနေပါတယ် Blog ကိုတောင်ကောင်းကောင်းမရေးနိုင်ပါဘူး ခုတောင်မနေနိုင်လို့ဝင်ရေးတာပါ
နားရက်ပျောက်တာ ၂ပတ်ရှိပါပြီ အလုပ်ချိန်တွေလည်းပိလို့လူလည်း မျော့နေပါတယ် ကိုယ်စားဖို့တောင်မချက်ချင်တော့ပါဘူး နောက်လာမယ့်ရက်တွေမှာရေးနိုင်ပါစေလို့ဆုတောင်းရမှာပဲ
:( :( :(