လက်တလောမောင်ဝေယံ၁ယောက်

သေလောက်အောင် အလုပ်များနေပါတယ်
အလုပ်သစ် နေရာသစ်မှာ ဟိုတယ်အသစ်၁လုံးမှာလုပ်နေပါတယ်
ဟိုတယ်ကအခုမှစဖွင့်မှာပါ လူရော ဦးနှောက်ပါချောင်ကျနေပါတယ်
မီးဖိုချောင်ကိုဆောက်လက်စကနေစပြီး ဟင်းချက်လို့ရအောင်အထိ
သုညကနေစပြီးလုပ်နေရတာပါ ကျနော့်ရဲ့ ပထမဆုံးအတွေ့အကြုံပါ
ဘလောက်တွေလည်း မဖတ်နိုင်ပါဘူး တနေ့ ၁၅နာရီ အလုပ်ထဲမှာပါ
အားရင်အားသလိုရေးသွားပါ့မယ် အင်တာနက်ရတာမကြာသေးပါဘူး
လာလည်တာကျေးဇူးတင်ပါတယ်....အိမ်မလည်ဖြစ်တာကိုလည်းခွင့်လွှတ်ပါ
တကယ့်တကယ်မအားလို့ပါ ကျေးဇူးအများကြီးတင်ပါတယ်.......

Tuesday, May 26, 2009

ဘာရယ်မဟုတ်ပါဘူး

ဘာရယ်တော့မဟုတ်ပါဘူး
ဒီတစ်ခါ ဘလောက်ကိုခွဲတာ တော်တော်ကြာပါတယ်
ဘယ်မှမသွားဖတ် ကိုယ်ကိုတိုင်လည်း ဘာမှမရေး တော်တော် အပျင်းတစ်နေတယ်
မထင်ပါနဲ့ အဲ့လိုမထင်ပါနဲ့
အဲ့ဒီ့ထက်ကို ပျင်းနေတာပါ :D
ကျနော် မပျော်လို့ မရေးတာပါ
စိတ်လည်းမကြည်ဘူး ဘာမှမလုပ်ချင်ဘူး
ပြန်ရောက်တာနဲ့ခွေနေတာ(မြွေမဟုတ် ခွေအိပ်နေခြင်း စကားချပ်)
အခု ကျနော့်ဆရာ လုပ်ထားတဲ့ပန်းလေးတွေ လှလားကြည့် ကြပါဦး
ကြာပါပြီ အခုမှတင်ဖြစ်တာပါ စိတ်မဆိုးကြနဲ့နော်










Monday, May 18, 2009

ပေါက်ကရစာများ-၆

ဒီပေါက်ကရစာတွေ မရေးတာကြာပါပြီ
ခုရေးမှာ ဘာရယ်မဟုတ်ပါဘူး ကျနော်ကြောက်တာတွေပါ
ကျနော် ၁ယောက်တည်းနေရမှာကြောက်ပါတယ်
ပတ်ဝန်းကျင်နဲ့ အဆက်အသွယ်ဖျက်ပြီး ၁၉နှစ်လောက်နေရမှာကြောက်ပါတယ်
အိမ်၁လုံးထဲမှာပဲ ငြိမ်ငြိမ်လေးနေရမှာကြောက်ပါတယ်
လုပ်ချင်တာတွေ မလုပ်ရမှာကြောက်ပါတယ်
တာလပေါ့ဟင်း ခဲစိမ်ရေ သောက်ရမှာကြောက်ပါတယ်
ကိုယ့်ကို အနိုင်ကျင့်တာကိုကြောက်ပါတယ်
မဟုတ်မဟတ် လုပ်ဇာတ်တွေနဲ့ လူတွေအပြောခံရမှာကြောက်ပါတယ်
ကြောက်တာတွေအများကြီးပါ အဲ့လိုကိစ္စတွေကိုမကြောက်တဲ့လူကို
ကျနော် အရမ်းလေးစားတာပဲ စိတ်ဓါတ်ပိုင်းဆိုင်ရာ ကြံခိုင်မှု
ရုပ်ပိုင်းဆိုင်ရာကြံခိုင်မှု အဲ့တာတွေကို လေးစားပါတယ်
မောင်ဝေယံက ကြောက်တတ်ပါတယ် အင်မတန်ကိုကြောက်တတ်တာပါ
:D ကျနော်ပေါက်ကရတွေရေးတာ ခွင့်လွတ်ပါ
ဒီစာ က ကျနော်ပေါက်ကရရေးထားတာပါ
နားလည်ပေးပါနော် :D တလက်စတည်း
အကိုအမတွေ လာမလည်နိုင်သေးတာခွင့်လွတ်ပါ
မနက်ဖြန်မှ ကောင်းကောင်းလာလည်ပြီး အတိုးချဖတ်တော့မယ်နော်
တာ့တာ ဒီနေ့တော့ ကွန်က စုတ်နေတယ် သုံးလို့မကောင်းဘူး

Tag

ပါးလုံးက တက်ပါတယ် ခက်ပါတယ်
မောင်ဝေယံက ဟင်းချက်တာကလွဲလို့ ကျန်တာ မရေးတတ်ပါဘူး
ကျနော်ချစ်တာ ၁ယောက်တည်းပါ ထားခဲ့ဖူးသောရည်းစားမရှိပါဘူး
ပါးလုံးလိုလည်း စာရေးမကောင်း မရေးတတ်ပါဘူး
ပါးလုံးရေ တောင်းပန်ပါတယ် Tag တာကို မရေးတတ်ပါ
ချစ်တာ တော့ တစ်ယောက်တည်းရှိ၏ မတွေ့တာလည်း အတော်ကြာပြီဖြစ်၏
နှစ်တော်တော်ကြာနေပြီဖြစ်၏ မကြာမှီပြန်ဆုံမည်ဟု မျှော်လင့်မိ၏
ကျေးဇူးတင်ပါ၏ :D

Sauce


အချဉ်လေးပါ အမဲသားနဲ့တွဲစားလို့ရပါတယ် ကျနော်ပြောတဲ့ ပုဇွန်ပေါင်းနဲ့လည်းစားနိုင်ပါတယ်
မခက်ပါဘူး အမဲသားကိုလောင်းတဲ့အချဉ်ပါပဲ နောက်၁မျိုးက ပဲငံပြာရည်(Shoyu) ပါ
စိတ်ကူးပေါက်လို့တင်လိုက်တာပါ

အမဲသား ငရုတ်ချဉ်လောင်း



အမဲသား ငရုတ်ချဉ်လောင်းဆိုတာ မြန်မာလိုခေါ်လိုက်တာပါ
Kitchen ထဲမှာ Hong Kong Beef လို့ပဲခေါ်ပါတယ်
အစပ်ကြိုက်သူတွေ အဆင်ပြေမယ်လို့ထင်ပါတယ်
တော်တောလူကြိုက်များလို့ညွှန်းတာပါ
Chilly Beef လို့ခေါ်လည်းရပါတယ် Hong Kong ဆိုတော့ နာမည်လှလို့ပေးတာပါ
လိုအပ်တာက

  • အမဲသား မိုးခိုသား ပါးပါး(အင်မတန်ပါးအောင်လှီးပါ) ၂၀၀ ဂရမ်
  • ငရုတ်သီးအနီ အခြောက်တောင့် ၂၀ဂရမ်ခန့်(ရေစိမ်ထားပါ )
  • ပဲပင်ပေါက် အနည်းငယ်
  • ကြက်သွန်ဖြူ ၃မွှာခန့်(နုတ်နုတ်စဉ်း)
  • နံနံပင် အနည်းငယ် နှတ်နှတ်စဉ်း
  • ပဲငံပြာရည်(အကြည်) စားပွဲဇွန်း ၃ဇွန်း
  • နှမ်းဆီ လက်ဘက်ရည်ဇွန်း၁ဇွန်း
  • ကြက်သားမှုန့် လက်ဘက်ရည်ဇွန်းတ၀က်
  • ခရုဆီ စားပွဲဇွန်း ၁ဇွန်း
  • Custard Powder လက်ဘက်ရည်ဇွန်း ၁ဇွန်း
  • Corn Flour လက်ဘက်ရည်ဇွန်း ၁ဇွန်း
  • ဆီ စားပွဲဇွန်း ၁ဇွန်း
  • ကြက်ဥ ၁လုံး
ပြုလုပ်ပုံ
အမဲသားပါးပါးလှီးထားတာကို Custard Powder Corn Flour ဆီ ကြက်ဥ စတာတွေနဲ့ အရင်နယ်ပါ
ခဏထားပါ Sauce စပ်ပါမယ် ငရုတ်သီးရေစိမ်ထားတာကို ကြိတ်ပါ မညက်တညက်လေးကြိတ်ပါ
အိုးတစ်လုံးမှာ ရေနည်းနည်းထည့်ပါ နှမ်းဆီ ခရုဆီ ပဲငံပြာရည် ကြက်သားမှုန့် စတာတွေကို ထည့်ပါ
သမအောင်မွှေပေးပါ နည်းနည်း ဆူလာပြီဆိုရပါပြီ အရသာမြည်းပြီး ချလိုက်ပါ
ရေနွေးပြန်တည်ပါ ဆူလာရင် ပဲပင်ပေါကိ ထည့်ပါ ၃မိနစ်လောက်ဆို ပြန်ဆယ်ပါ
အမဲသားနယ်ထားတာကိုပြုတ်ပါ အကျက်စားချင်ရင် ၅မိနစ်လောက်
Medium ဆို ၃မိနစ်လောက်ဆိုရပါတယ် ပြီးရင်တော့ ပန်းကန်မှာပြင်ပါ
အလှဆင်တာ ဘာဘာညာညာက ကျနော် ဓါတ်ပုံရိုက်မှာ မို့လို့ပါ

ပုဇွန်ပေါင်း


မောင်ဝေယံ နိုးဆာ ပြီးကတည်းက ပျောက်သွားတာပါ
ကျနော် ခါးနာနေလို့ပါ ထိုင်မရပါဘူး ခါးနာနေတော့ ဘာမှမလုပ်ချင်ဘူးလေ
မီးဖိုထဲမှာ ဒယ်အိုးကြီး မတာ ဟန်ချက်မညီတော့ နာသွားတယ်
အဲ့တာကြောင့် အွန်လိုင်းတောင်မ၀င်နိုင်ပါဘူး :(
ခုပြန်ရေးပါမယ် အိမ်လည်လည်း မသွားနိုင်ပါဘူး :(
ပုဇွန်ပေါင်းလေးပါ ဘာမှမခက်ပါဘူး
ပုဇွန်ကို ကြက်သွန်ဖြူ လေးနဲ့ပေါင်းထားတာပါ
ပထမဆုံး ရေချိုပုဇွန်တွေယူလာပါ
ကျောကနေ မခွဲပါနဲ့ ဗိုက်ကနေခွဲပါ ပြောင်းပြန်ပေါ့
ပုံထဲက ပြထားသလိုလေး စီ ကြည့်ပါ
ကြက်သွန်ဖြူ နုတ်နုတ်စဉ်းလေး ဖြူလိုက်ပါ
ဆား ငရုတ်ကောင်း ဖြူးပါ
အိမ်မှာ ဆို ထမင်းပေါင်းအိုး အပေါ်က ဇကာနဲ့ပေါင်းနိုင်ပါတယ်
ကျနော်တို့ကတော့ steamer နဲ့ပေါင်းတာ
၁၅မိနစ်လောက်ဆိုကျက်ပါတယ်
နှစ်သက်ရာ Sauce ၁မျိုးမျိုးနဲ့တွဲစားနိုင်ပါတယ်
Sauce တွေကို နောက်မှာ ရေးပေးပါမယ်
ကျက်သွားရင် ဒီလိုမျိုးရတယ်ဗျ ပုံက သေချာမရိုက်လိုက်ရဘူး
ဧည့်သည်က ဗိုက်ဆာတယ်ဆိုပြီး လောလော လောလောနဲ့ မသွားတယ်လေ

ကြိုက်မယ်လို့ထင်ပါတယ် စားကောင်းပါတယ် စားသွားကြပါ

Thursday, May 14, 2009

နိုးဆာဟင်း

နိုးဆာ ဟင်းဆိုတာ တော်တော်ထူးဆန်းပါတယ်
မောင်ဝေယံ ဖန်ထားတဲ့အကြံအဖန်ပါ နည်းနည်းရှင်းပြမယ်နော်
တနေ့က မောင်ကောင်းထိုက်စာအုပ်ဖတ်ပါတယ်
ဟာသတပုဒ် သဘောကျလို့မှတ်ထားတယ် ချူချာဟာသပါ
အတိုချုံးပြီးပဲပြောပြပါ့မယ် မူရင်းကတော့ မောင်ကောင်းထိုက် ၁၃ မှာရှိပါတယ်
မုဆိုးတွေတောလိုက်ပြိုင်ပါတယ် အာဖရိကမှာပါ ရုရှားက ကိုချူချာကိုလွတ်ပါတယ်
ဒိုင်လူကြီးတွေက ရေမြင်းနဲ့ရေကြံ့ကလွဲလို့ကျန်တာပစ်နိုင်ပါတယ်လို့စည်းကမ်းထုတ်ပါတယ်
မုဆိုးတွေ သားကောင်ပစ်ထွက်ကြပါတယ် ၁နေကုန်သွားတယ်
ပြန်လာတော့ သူတို့မိတာတွေပြောကြတာပေါ ဘာ ဘယ်နှစ်ကောင်ပစ်နိုင်တယ်
ချူချာကပြောပါတယ် ကျနော် နိုးဆာ ၇ ကောင်တိတိ ပစ်နိုင်ခဲ့တယ်တဲ့
ဒိုင်လူကြီးတွေ ဦးနှောက်ခြောက်သွားပါတယ် သူတို့ နိုးဆာ ဆိုတာ မကြားဖူးပါဘူး
ဘာကောင်လည်းသိရအောင် နောက်၁နေ့မှာ ချူချာနောက်တိတ်တိတ်လေးလိုက်ကြည့်ပါတယ်
ချူချာတောထဲဝင်ပါတယ် တောထဲမှာ သားကောင်ရှာနေတုန်း
တောထဲက ခြုံပုတ်ထဲကနေ ကပ္ပလီ နီဂရိုး၁ယောက် ထွက်လာပါတယ်
ချူချာကမေးပါတယ်
မင်း ရေမြင်းလားကွ
နီဂရိုးက
No Sir
ချူချာကမေးပြန်ပါတယ်
ဒါဆို ရေကြံလားကွ
ကိုနီဂရိုးက
No Sir
ချူချာက ဘာမှမပြောပါဘူး ဒိုင်းခနဲ ပစ်ထည့်လိုက်ပါတယ် :D
အဲ့တာ နိုးဆာ ကောင်ပါပဲ ကျနော်ချက်မှာ လူသားဟင်းတော့မဟုတ်ပါဘူး
လက်တလော အလုပ်အသစ် ကိစ္စ နည်းနည်ရှုပ်နေလို့ No Sir ဆိုတာလေးနဲ့တောင်းပန်တာပါ
မောင်ဝေယံ နည်းနည်း အလုပ်ရှူပ်နေပြန်ပါတယ် :D တစ်လမှာ ရက် ၂၀ က အလုပ်ပိနေတာပါ
တောင်းပန်ပါတယ် ခွင့်လွတ်ပါ လောလောဆယ် နိုးဆာဟင်းလေးပဲစားသွားပါ
မူရင်းဖတ်ချင်ရင် မောင်ကောင်းထိုက် ဟာသပဒေသာအမှတ် ၁၃ စာမျက်နှာ ၃၁၁
အဲ့ဒီ့မှာဖတ်နိုင်ပါတယ်