လက်တလောမောင်ဝေယံ၁ယောက်

သေလောက်အောင် အလုပ်များနေပါတယ်
အလုပ်သစ် နေရာသစ်မှာ ဟိုတယ်အသစ်၁လုံးမှာလုပ်နေပါတယ်
ဟိုတယ်ကအခုမှစဖွင့်မှာပါ လူရော ဦးနှောက်ပါချောင်ကျနေပါတယ်
မီးဖိုချောင်ကိုဆောက်လက်စကနေစပြီး ဟင်းချက်လို့ရအောင်အထိ
သုညကနေစပြီးလုပ်နေရတာပါ ကျနော့်ရဲ့ ပထမဆုံးအတွေ့အကြုံပါ
ဘလောက်တွေလည်း မဖတ်နိုင်ပါဘူး တနေ့ ၁၅နာရီ အလုပ်ထဲမှာပါ
အားရင်အားသလိုရေးသွားပါ့မယ် အင်တာနက်ရတာမကြာသေးပါဘူး
လာလည်တာကျေးဇူးတင်ပါတယ်....အိမ်မလည်ဖြစ်တာကိုလည်းခွင့်လွှတ်ပါ
တကယ့်တကယ်မအားလို့ပါ ကျေးဇူးအများကြီးတင်ပါတယ်.......

Tuesday, February 10, 2009

စိတ်ညစ်တယ်

စိတ်ညစ်တယ် ပြီးခဲ့တဲ့လကနေအခုထိ ကိုယ်ပိုင်အချိန်ရှားနေပါတယ် ဇန်န၀ါရီ ၂၁ကနေ ၃၁ ကတရုတ်နှစ်ကူး
ဆိုင်မှာ အရောင်းမြင့်တင်ရေးတွေလုပ်လို့ နားရက်မရဘူး အခုလာပြန်ပြီ ဖေဖော်ဝါရီ ၇ကနေ ၁၅ Jazz ဂီတပွဲ
နားရက်မရပြန်ဘူး ပိုဆိုးတာ မနက် ၁၀ ကနေည ၁၁ ထိ အလုပ်ထဲမှာ ပါ ရေးချင်တာတွေမရေးရ လုပ်ချင်တာ
မလုပ်ရ ကိုယ်ပိုင် အချိန်ဆိုတာမရှိတော့ပါဘူး အလုပ်သမားဘ၀က တော်တော်ဆိုးပါတယ် ဒီအလုပ်ကို
ဝါသနာပါလို့လုပ်တာ ဒါပေမဲ့ ခုလိုမျိုးတွေ များလာတော့စိတ်ပိန်လာတယ် ဘာဖြစ်ဖြစ်ပါ ပြီးတော့လည်း
ပြီးသွားတာပါပဲ လက်တလောမှာသာစိတ်ညစ်နေတာ ကျော်ဖြတ်ပြီးသွားတော့လည်း အလကားပါ ဘာမှမဟုတ်
ဒါပေမဲ့လောလောဆယ်တော့အွန်လိုင်းကိုမနည်းလုတတ်နေရပါတယ် အိပ်ချိန်တွေဖဲ့ပေးပြီးတော့ ရေးချင်တာတွေရှိပါတယ် ပြည်ထောင်စုနေ့တို့ ဗိုလ်ချုပ်မွေးနေ့တို့ရောက်တော့မယ် နောက်ပြီး ကိုယ်နဲ့မဆိုင်တဲ့
ချစ်သူများနေ့လည်းရောက်တော့မယ် လူတွေဦးစားပေးနေတာချစ်သူများနေ့ကိုပါ ဒါတွေရေးချင်တာ
အချိန်မှမရှိ ဘယ်လိုရေးမလည်း အော် စိတ်ညစ်ရပါလားနော် နောက်အားရင် ဆီထမင်းလေးလည်းရေးချင်တယ် ဒါပဲဒီနေ့တော့

Monday, February 9, 2009

စိတ်ပျက်မိတာ

တလောက forward mail ၁စောင်ဖတ်ရပါတယ် တော်တော်အံသြတယ် ရွှေတိဂုံစေတီတော်မြတ်ကြီးအကြောင်း
အဲ့ကအလှူခံပုံးတွေအကြောင်းပါ သူရေးထားတာကတော့ဇတ်လမ်းလေးနဲ့ပါ ဒါတွေမပြောလိုပါဘူး
နောက်ဆုံးပြောတာက ရွှေတိဂုံစေတီတော်မြတ်ကြီးက အလှူခံပုံးတွေကရောင်းစားထားတာတဲ့
လေလံပစ်ထားတာတဲ့ ၁နှစ်ကိုသိန်း၅၀၀၀နဲ့ ဒီစကားသာတကယ်မှန်ရင် သွားပါပြီ
ကျွန်တော်တို့ဂုဏ်ယူရတဲ့ကမ္ဘာ့အံဖွယ် ရွှေတိဂုံစေတီတော်မြတ်ကြီး အတွက်ရင်လေးစရာပါ
ရောင်းဝယ်တဲ့ကိစ္စမှန်ရင် ၀ယ်တဲ့လူကိုထားပါမပြောလိုပါဘူး ရောင်းတဲ့ကောင်က ဘာသာကိုရောင်းလိုက်တာပါ
တော်တော်ဆိုးပါတယ် မိမဆုံးမ ဖမဆုံးမ ဆိုတဲ့စကားတောင် သနပါတယ် သူ့ကိုပြောရမှာ
နောက်ပြီးရောင်းတာကလည်းဘာသာခြားကိုပါ လှူရမယ့်လူတွေစိတ်စနှိးစနှောင့်ဖြစ်ပါတယ်
ဒီကိစ္စကတကယ်လား ကောလဟာလလား သေချာသိသူများအနေနဲ့ဖြေရှင်းပေးကြပါ
ကျွန်တော်ကတော့ သိတာလေးတင်တာပါ စိတ်မကောင်းပါဘူး ၀မ်းလည်းနည်းပါတယ်
ဗမာတွေအတွက်ဂုဏ်ယူစရာနေရာ ကြည့်ညိုစရာနေရာ သံဃာတော်တွေရဲ့ သတ္တိပြခဲ့တဲ့နေရာ
ပြောပြလို့မရအောင်စိတ်မကောင်းမိပါတယ် ဒီသတင်းအမှားဖြစ်ပါစေလို့ပဲဆုတောင်းပါတယ်

Blog သမားများအတွက်

ကျွန်တော် ဘလောက်ကိုရေးတာ စမ်းတ၀ါးဝါးပါ ကိုသံလွင်ရယ်ကိုစေတနာရယ်
က ပြောပြောနေလို့ဒီလောက်ဖြစ်လာတာပါ မနေ့ကတော်တော်ဒုက္ခရောက်ပါတယ်
template ပြောင်းတာ error တွေတက်တက်လာတာ ပြောင်းလို့ကိုမရဘူး
စိတ်ညစ်တာပေါ့ဗျာ သူကပြောတယ် ကုဒ်၁ခုပြပြီးအဲ့တာမှားနေတယ်
အဲ့ကောင်ကိုပြင်ပါတဲ့ပေါ့ မပြင်တတ်ဘူး HTML ဆိုတာလည်းနားမလည်
ခက်နေတာ ဘယ်လိုပြင်ရမလည်းမသိတော့ ကိုယ့်လိုမျိုးလူရှားတယ်
ဒါပေမဲ့ ရှိရင်လည်းရှိမှာလေ သိအောင်ရှယ်တာပါ ကိုယ့်ဘလောက်မှာဖြစ်နေရင်
ပြောင်းလို့ရအောင် ဒီမှာကြည့်ပါBlog အတွက် error တွေတတ်နေရင် ဘယ်လိုပြင်လည်းဆိုတာ
သိပြီးသားဆိုလည်း အာလူးလေးမောင်ဝေယံကိုခွင့်လွတ်ကြပါဗျာ သိစေချင်လို့ပြောတာပါ
ဒါပဲနော် ခုတော့အိုကေနေတယ် အဲ့ကပြောတဲ့အတိုင်းလုပ်တာ

Saturday, February 7, 2009

ပေါက်ကရစာများ-၎

ပေါက်ကရရေးရမယ်ဆို ၂ယောက်မရှိပါဘူး
ဘာလို့လည်းဆိုတော့လွယ်တာကိုး
ကျွန်တော်ကစာရေးမကောင်း စကာလုံးလည်းမကြွယ်
ထားပါ ဒါတွေမပြောတော့ပါဘူး နေ့လည်က ကိုစုန်းပြူး
mail ၁စောင်ပို့လာတယ် ကျွန်တော်တို့ရဲ့ခေါင်းကြောင်ကြီးတွေ
သူတို့အကြောင်းသီးလေးသီးကပြက်ထားတဲ့ဟာသ
အဲ့တာတွေဖတ်ပြီး မောင်ကောင်းထိုက်ရေးတဲ့ဟာသကိုသတိရတယ်
ဘာတဲ့သူရေးတာတော့နိုင်ငံရေးလွတ်ပါတယ်
အမေရိကန် ရှရား ပြင်သစ် ၃နိုင်ငံပါ
ကျွန်တော်ကတော့ ဗမာပြည်ကလေ ဗမာကိုညွန်းချင်တာ
ဒီလို ဒီလို
ခေါင်းကြောင်၃ယောက်တွေ့ကြတယ်
အမေရိကန်ရယ် ရုရှားရယ် ဗမာ
အမေရိကန်ကစပြောတယ် "ကျုပ်တို့ဆီမှာ အလုပ်သမားတွေ
၁လကို ဒေါ်လာ ၂၀၀၀ ရတယ် ၁၀၀၀ကို အိမ်လခ စားစရိတ်
အခွန် ကျောင်းစရိတ် သုံးတယ် ကျန်တဲ့ငွေကိုတော့ ဘာသုံလည်း
ကျုပ်မသိဘူး"
ရုရှားကလည်းမခံဘူး
"ကျုပ်တို့အလုပ်သမားတွေ ၁လ ရုရှားငွေ ၂၀၀၀ရတယ်
၁၀၀၀ ကို အိမ်လခ စားစရိတ် အခွန် ကျောင်းစရိတ် ကားဝယ်စီး
အဲ့တာတွေသုံးတယ် ကျန်တဲ့ငွေကို ဘာသုံးလည်း ကျုပ်မသိဘူး
အဲ့တာသူတို့အပိုင်း ကျုပ်စိတ်မ၀င်စားဘူး"
ဗမာပြည်က ပြည်သူ့အချစ်တော်ခေါင်းကြောင်ကြီးကတော့
အကျောမခံထပြောတာပေါ
"ဗမာပြည်က ၀န်ထမ်းတွေ ၁လကို ၄၀၀၀၀ ကြီးများတောင်ရတယ်
အိမ်လခတောင်မလောက်ဘူး ကျန်တဲ့ငွေ ၄ ၅သိန်းကို
သူတို့ဘယ်လိုရှာလည်းကျုပ်မသိဘူး စိတ်လည်းမ၀င်စားဘူးတဲ့"လေ
:D :D :D ပေါက်ကရတွေပါနော် အိပ်မက်မက်တယ်လို့ပဲသဘောထား
တော်ကြာဗမာပြည်ပြန်ရင်ဘမ်းခံနေရမယ် နောက်တာနော်နောက်တာ
အတည်ယူချင်လည်းယူ မတတ်နိုင်ဘူး =)) =))

Friday, February 6, 2009

တပို့တွဲရဲ့ နှမ်းမနှဲ(ထမနှဲ)

ငယ်ငယ်တုန်းကကျောင်းစာမှာသင်ဘူးတယ်
နောက်ပြီး အမြဲတမ်းလည်းစားတယ်
ရိုးရာအစားအစာလေးပေါ့
ဗမာပြည်နဲ့ဝေးတော့မှ သတိရတာလေးတွေပါ
နက်ဖြန်ဆိုပဲ တပို့တွဲလပြည့်ပြီ ထမနှဲထိုးချင်ထိုးနိုင်အောင်ပါ
လိုအပ်တာတွေကတော့
ကောက်ညှင်းဆန် ဂလုံး(၁ပြည်)
ဆီ ၂၅ကျပ်သား
မြေပဲ ၂၀၀ဂရမ်
ချင်း(ဂျင်း) ၅၀ဂရမ်
ဆား စားပွဲဇွန်း ၂ဇွန်း
အုန်းသီး အနည်းငယ် (အသားချည်းသပ်သပ်)

ပြုလုပ်ပုံ
ကောင်ညင်းဆန်ကိုရေစိမ်ထားပါ နူးလွယ်စေရန်
ကောက်ညှင်းဆန်ပျော့လောက်ပါက ရေစစ်ထားပါ
ဒယ်အိုးစောက်နက် ၁လုံးတွင် ဆီတည်ပါ
မြေပဲ အုန်းသီး ဂျင်း ဆီသတ်ပါ ဆာါး၁ခါတည်းရောထည့်ပါ
ပြီးလျှင်ကောက်ညှင်းဆန်ထည့်ပါ သမအောင်မွှေပေးပါ
အားလုံးသမသွားရန် ရေကို ဆန် အထက် လက်၎လုံးမြုတ်အောင်ထည့်
ပြီးလျှင်ဆူအောင်တည်ပါ မီးမပြင်းပါစေနဲ့ အကယ်၍ဆန်မနပ်သေးရင်
ရေနည်းနည်းချင်းလိုက်ပေးပါ ရေခန်းပြီး ဆန်နူးပြီဆို
မီးဖိုပေါ်ကချပါ ယောက်မ ၂လက်နဲ့ ကြေအောင်ထိုးမွှေပေးပါ
ဆန်လည်းကျက် အစာတွေလည်းနှံပြီ ကျေပြီဆို နှမ်းမနှဲ(ထမနှဲ)ရပါပြီဗျာ
ဓါတ်ပုံတော့မရှိလို့မတင်တော့ဘူးဗျာ :((

Wednesday, February 4, 2009

ပေါက်ကရစာများ-၃

web site တွေကိုရှာချင်တဲ့လူတွေပါ
ရှာပုံတော်မင်းသားကြီး
website တကာရောက်ခဲ့ပြီ
ဘယ်နားမှာဘာတွေထားလည်း
မသိတော့အဟုတ်ခက်သည်
မနှစ်ကပေးတဲ့ မင်းလိုင်စင်
ဘလက်စာရင်းလို့ခက်ချေပြီ
ကီးမသိတော့ခက်သားလား သေပြီ
CopyRight @Mgwaiyan Copy From
သင်္ကြန်သီချင်းရှာပုံတော်မင်းသားကြီး
ကော်ပီရိုက်ထားတာကိုပြောတာပါ
သီချင်းစာသားတွေကိုကော်ပီရိုက်ထားတာလို့

ဝက်နံရိုးနဲ့ပဲပြားပေါင်း


လွယ်လွယ်ကူကူချက်တဲ့နည်းပဲရေးတော့မယ်
ဘာလို့လည်းဆိုတော့ ProKitchen ထဲမှာကပစ္စည်းစုံတယ်
အိမ်မှာဆိုရှာရတာမလွယ်ဘူးလေ
လိုတာတွေက
ဝက်နံရိုး.........၁ကီလို
ပဲပြား၂တုံး
ကြက်သွန်နီ/ဖြူ အနည်းငယ်
ဂျင်း အနည်းငယ်
ပဲငံပြာရည် အချို စားပွဲဇွန်း ၃ဇွန်း
ပဲငံပြာရည် အငံ စားပွဲဇွန်း ၁ဇွန်းခွဲ
chinese spice လက်ဘက်ရည်ဇွန်း၁ဇွန်း
ငရုတ်သီးအနီ အစေ့ထုတ် ၁တောင့်
ဆား,အချိုမှုန့် အနည်းငယ်
ပြုလုပ်ပုံ
ဝက်နံရိုးကိုအနေတော်လေးတွေတုံးပါ
ပဲငံပြာရည် အရသာ ဂျင်းကြက်သွန်နယ်ပါ
ပြီးတာနဲ့ပေါင်းလို့ရပါပြီ မြေအိုးလေးနဲ့ပေါင်းရင်ပိုကောင်းပါတယ်
ဝက်နံရိုးနူးခါနီးမှပဲပြားထည့်လိုက်ပါ မကျေအောင်လို့
ပုံရိုက်စရာဝက်သားမရှိလို့ပါ ရှိတဲ့ပုံလေးပဲတင်ပေးလိုက်တယ်
သူကမလေးစတိုင်ချက်ထားတာပါ BakKuTe တဲ့
တရုတ်လိုဆိုနံရိုးဟင်းချိုပေါ့ဗျာ အားလုံးပဲစားနိုင်ပါစေ
အားလုံးပြီးရင်အပေါ်ကနေငရုတ်သီးအနီတောင့်အစေ့ထုတ်
ပါးပါးလှီးပြီးဖြူးလိုက်ပါ စားလို့ရပါပြီ