လက်တလောမောင်ဝေယံ၁ယောက်

သေလောက်အောင် အလုပ်များနေပါတယ်
အလုပ်သစ် နေရာသစ်မှာ ဟိုတယ်အသစ်၁လုံးမှာလုပ်နေပါတယ်
ဟိုတယ်ကအခုမှစဖွင့်မှာပါ လူရော ဦးနှောက်ပါချောင်ကျနေပါတယ်
မီးဖိုချောင်ကိုဆောက်လက်စကနေစပြီး ဟင်းချက်လို့ရအောင်အထိ
သုညကနေစပြီးလုပ်နေရတာပါ ကျနော့်ရဲ့ ပထမဆုံးအတွေ့အကြုံပါ
ဘလောက်တွေလည်း မဖတ်နိုင်ပါဘူး တနေ့ ၁၅နာရီ အလုပ်ထဲမှာပါ
အားရင်အားသလိုရေးသွားပါ့မယ် အင်တာနက်ရတာမကြာသေးပါဘူး
လာလည်တာကျေးဇူးတင်ပါတယ်....အိမ်မလည်ဖြစ်တာကိုလည်းခွင့်လွှတ်ပါ
တကယ့်တကယ်မအားလို့ပါ ကျေးဇူးအများကြီးတင်ပါတယ်.......

Saturday, January 3, 2009

Tom Yam Soup


Tom Yam ဟင်းချိုကနာမည်ကြီးဟင်းချိုပါ
ချဉ်ချဉ်စပ်စပ်ကြိုက်သူတွေအတွက်အဆင်ပြေပါတယ်
ချက်ရတာသိပ်မခက်ခဲပါဘူးTomYamPasteရှိရင်
အဓိက Tom Yam Paste ပါသူပါလို့ကောင်းနေတာပါ
ကျွန်တော်တို့ကတော့Homemade လုပ်ပါတယ်
Supermarkets တွေမှာအလွယ်တကူဝယ်လို့ရပါတယ်
လိုအပ်တာတွေက (၁ယောက်သောက်စာပါ)
ပုဇွန်.........၄-၅ကောင်
ကြက်ပြုတ်ရည်.....အနည်းငယ်
စပါးလင်.....ပါးပါးလှီး အနည်းငယ်
ပဒဲကော(galangal) ပါးပါးလှီး အနည်းငယ်
ရှောက်ရွက် ၂-၃ရွက်
ကြက်သွန်နီအတုံးသေးသေးလေးများအနည်းငယ်
ခရမ်းချဉ်သီးအတုံးလေးများအနည်းငယ်
မှို....အနည်းငယ် ၂ခြမ်း(သို့)၄ခြမ်းစိတ်
သံပုရာရည်၁လုံးစာ
TomYam Paste စားပွဲဇွန်း၂ဇွန်း
ငံပြာရည်စားပွဲဇွန်း ၂ဇွန်း
ငရုတ်သီး(ဒါးပြားရိုက်)အနည်းငယ်
ပြုလုပ်ပုံ

အိုး၁လုံးတွင်ကြက်ပြုတ်ရည်ထည့်ပါမီးအေးအေးသုံးပါ
အသီးအနှံများထည့်ပါ ပုဇွန်ကိုဟင်းချိုကျက်ခါနီးမှထည့်ပါ
TomYamPaste အရသာထည့်ပါ ဆူအောင်တည်ပေးပါ
အရသာအနေတော်လျင်ပုဇွန်ထည့်ပါ ပုဇွန်ကျက်လျင်သုံးဆောင်နိုင်ပါပြီ
TomYamPaste Homemade လုပ်နည်းနောက်မှာရေးပေးပါမယ်

1 အဲ့လိုပြောထားတယ်:

Thinzar said...

ဒီတစ်ပုဒ်ကို ကျော်သွားတယ်.. အခုမှ ဖတ်မိတယ်။ ဒါပေမယ့် သံပုရာရည်က ဘယ်အချိန်ထည့်ရမှာလဲဟင်။ ဟင်းရည်ပွက်လို့ ချခါနီးမှလား။ ဟင်းရည်ကို ပန်းကန်ထဲ ထည့်ပြီးမှလား..