လက်တလောမောင်ဝေယံ၁ယောက်

သေလောက်အောင် အလုပ်များနေပါတယ်
အလုပ်သစ် နေရာသစ်မှာ ဟိုတယ်အသစ်၁လုံးမှာလုပ်နေပါတယ်
ဟိုတယ်ကအခုမှစဖွင့်မှာပါ လူရော ဦးနှောက်ပါချောင်ကျနေပါတယ်
မီးဖိုချောင်ကိုဆောက်လက်စကနေစပြီး ဟင်းချက်လို့ရအောင်အထိ
သုညကနေစပြီးလုပ်နေရတာပါ ကျနော့်ရဲ့ ပထမဆုံးအတွေ့အကြုံပါ
ဘလောက်တွေလည်း မဖတ်နိုင်ပါဘူး တနေ့ ၁၅နာရီ အလုပ်ထဲမှာပါ
အားရင်အားသလိုရေးသွားပါ့မယ် အင်တာနက်ရတာမကြာသေးပါဘူး
လာလည်တာကျေးဇူးတင်ပါတယ်....အိမ်မလည်ဖြစ်တာကိုလည်းခွင့်လွှတ်ပါ
တကယ့်တကယ်မအားလို့ပါ ကျေးဇူးအများကြီးတင်ပါတယ်.......

Friday, January 2, 2009

ငါးပေါင်း


ကျန်ခဲ့တဲ့၁ပတ်ကနားရက်
ပျင်းပျင်းနဲ့သူငယ်ချင်းအဆောင်သွားလည်တာ
ဟင်းတွေချက်စားကြတာပျော်ဂျာကြီး(ကြွားတာ)
အဲ့မှာငါးပေါင်းစားကြတယ်
စားလို့ကောင်းလို့ညွှန်းတာ
ငါးအကောင်လိုက်(အရိုးလွတ်ကျောရိုးမှလွဲ၍)
ကကတစ်ကအကောင်းဆုံးလို့ညွန်းချင်ပါတယ်
၁ခြားငါးတွေလည်းရှိပါတယ်ကျေက်ငါးတို့ဘာတို့
လိုအပ်တာက
သံပုရာရည်၆ဇွန်း(စားပွဲဇွန်း)
ငရုတ်သီးအနီ(ရှိလျင်)အနည်းငယ်ပါးပါးလှီးထားပါ
ကြက်သွန်ဖြူအနည်းငယ်ပါးပါးလှီးထားပါ
ငံပြာရည်၂ဇွန်း(စားပွဲဇွန်း)
သကြားလက်ဖက်ရည်ဇွန်း၁ဇွန်းခွဲ
အချိုမှုန့်(စားလျင်အနည်းငယ်)
နံနံပင်နှတ်နှတ်စဉ်းအနည်းငယ်
ဂျင်းနှတ်နှတ်စဉ်းအနည်းငယ်
ပြုလုပ်ပုံ
ငါးကိုဓါးနဲ့မွှန်းပါ.Steamer ရှိရင် Steamer သုံးပါ
မရှိရင်ထမင်းပေါင်းအိုးအပေါ်ဆင့်တွင်ပေါင်းနိုင်ပါတယ်
ပန်းကန်၁ချပ်ထဲထည့်ပါ ၁၅မိနစ်လောက်ပေါင်းပါ
ပါဝင်ပစ္စည်းများကိုပန်းကန်လုံး၁ခုတွင်ထည့်ပါ
သမအောင်မွှေပါ အရသာမြည်းပါ
ပြီးလျင်ငါးပေါ်မှလောင်း၍ အနည်းငယ်ဆက်ပေါင်းပါ
မိနစ်၂၀ဆိုလျင်ကောင်းမွန်တဲ့ငါးပေါင်းရပါပြီ
နံနံပင်အပင်လိုက်ကိုအလှဆင်နိုင်ပါတယ်

1 အဲ့လိုပြောထားတယ်:

yuki said...

yummy,yummy...ချက်စားဦးမယ်...