မင်္ဂလာပါ
မင်္ဂလာပါ သူငယ်ချင်း အစ်ကို အစ်မ ညီ ညီမများ :P
ကျနော့်အိမ်လေးကို ပစ်ထားတာ ၃လကျော်သွားပါပြီ
ပစ်ချင်လို့မဟုတ်ပါဘူး အလုပ်သစ် နေရာသစ်ကိုပြောင်း
မပြောင်းခင်လေးမြန်မာပြည်ပြန်...အရင်အလုပ်ကသယ်ရင်းတွေပြန်တွေ့
အလုပ်သစ်အတွက်ပြင်ဆင် ရှုပ်နေတာပဲနော် :P
ဗရုတ်သုတ်ခ မောင်ဝေယံလေ အရာရာနဲ့အကြောင်းကြောင်း
မြန်မာပြည်မှာ ၂၁ရက်နေ နောက်တော့ အာရပ်ပြည်ကိုပြန်လာ
ကျနော့်အလုပ်သစ်က ကျနော့်ကို စိန်ခေါ်တာပြင်းတယ်
ဟိုတယ်က ဆောက်လုပ်ဆဲ လုပ်ငန်းခွင်ပဲရှိသေးတယ်
မီးဖိုချောင်ထဲမှာဆိုလည်း ဘာမှမရှိဘူး စားသောက်ဆိုင်၅ခု
ဘာဆိုဘာမှမရှိဘူး အဲ့တာကနေစ အခုနောက် ၅ရက်ဆို ဟိုတယ်ဖွင့်ပါပြီ
မောင်ဝေယံတို့ အလုပ်ကအသစ် နိုင်ငံကအသစ် အင်တာနက်ကမရှိ
မျက်စိသူငယ် နားသူငယ်နဲ့ ၃လလောက် ဘလောက်ကိုပစ်ထားလိုက်ရတယ်
မြန်မာပြည်မှာဆိုလည်း ဘမ်းထားတော့ ၀င်မကြည့်နိုင်ဘူး
ကျနော့်ကိုလာနှတ်ဆက်တဲ့ သူငယ်ချင်းတွေကိုကျေးဇူးတင်ပါတယ်
မေးထားတာတွေကိုလည်း ဖြေပါမယ် အားလုံးကိုနှတ်ဆက်ပါတယ်
မင်္ဂလာပါ မမြူးတို့ မမိုးကောင်းသူတို့ ကိုသီဟသစ်တို့ မောင်ဝေယံ ပြန်လာပါပီ
ပေါက်ကရတွေရေး ပေါက်ကရတွေပြန်ချက်ပါတော့မယ်........
ချက်မယ်ဆိုပေ့မယ် အချိန်နည်းနည်းတော့ပေးပါ
ဟိုတယ်ဖွင့်ပြီး ၂ပတ်တိတိ နားရက်မရှိသေးပါဘူး
ဆိုင်တွေအကုန် အထိုင်ကျမှ စနားရမှာပါ
အလုပ်မှာနေ အလုပ်မှာစားတဲ့အချိန်ကများပါတယ်
အချိန်ရတာနဲ့ရေးမှာပါ
စီပုံးက မလုလုနဲ့ တယ်ရင်းတွေ ဘာချားမလည်းကျော အကုန်ချက်ကျွေးမယ်
အားလုံးကိုပေါက်ကရတွေပြောလိုက်ရလို့ကျေးဇူးတင်ပါတယ်
ဘာရယ်မဟုတ်ဘူး ဘလောက်ကိုလွမ်းလွန်းလို့ ၀င် Post တာ.....
မကြာမှီ လာမည် မျှော်...... :P :D :P
3 အဲ့လိုပြောထားတယ်:
welcome back ဝေယံ!!
မောင်လေး ဝေယံ .... ပြန်လာပြီလား ... အလုပ်က အရေးကြီးပါတယ်။ အလုပ်ကို အရင်ဦးစားပေးပါနော။
စကားမစပ် ... အားရင် ဖက်ထုတ်ဆီချက်လေး မလုပ်တတ်လို့ တင်ပေးပါဦး ...
ဝေယံ
ချက်တော့ဗျို့းးးးးးးးးးးးးးးးးးးးး
ထိုင်းဟင်းတွေစားချင်တယ်သိလား
ခင်တဲ့
မမြူး
Post a Comment